စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, June 25, 2012

မြိတ်မြို့နယ်၊ ကလွင် ကျေးရွာ အုပ်စု၊ NLD ရပ်/ကျေးရုံး ဖွင့်လှစ်ခြင်း







တနသာင်္ရီ တိုင်းဒေသကြီး ၊မြိတ်မြို့နယ်၊ ကလွင် ကျေးရွာ အုပ်စု၊ရပ်/ကျေး ရုံးဖွင့်လှစ်ခြင်း အခမ်းအနားအား24.6.2012 ရက်နေ့၊နေ့လည် 1နာရီ အချိန်တွင် ဖွင့်လှစ်ခဲ့ပါသည်။

၎င်းရုံးဖွင့်ပွဲကိုတနသာင်္ရီတိုင်းကျွန်းစုမြို့နယ်လွှတ်တော်အမတ်ဒေါ်တင်တင်ရီ၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
တနသာင်္ရီတိုင်းညီလာခံကျင်းပရေးကော်မတီမှဦးသန်းထွန်း၊
ကလွင်ကျေးရွာရပ်မိရပ်ဖများ၊ကျေးရွာနေပြည်သူများနှင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ကလွင်ကျေးရွာအုပ်စုမှပါတီဝင်များ၊စုစုပေါင်း၄၀၀ဦးခန့်တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အလံတင်ခြင်း၊ကျွန်းစုမြို့နယ်လွှတ်တော်
အမတ်ဒေါ်တင်တင်ရီနှင့်ကလွင်ကျေးရွာအုပ်စုမှ ရပ်မိရပ်ဖတစ်ဦးဖြစ်သူဦးနီတိုးတို့မှ ဆိုင်းဘုတ်တင်ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တနသာင်္ရီတိုင်းညီလာခံကျင်းပရေးကော်မတီမ၀င်ဦးသန်းထွန်းမှရပ်/ကျေးရုံးဖွင့်လှစ်ရ
သည့်ရည်ရွယ်ချက်များကိုပြောကြားခြင်း၊တို့အားပြုလုပ်ပြီးအခမ်းအနားကိုဖွင့်လှစ်ခဲ့ပါသည်။

ထိုနောက်အခမ်းအနားကိုတက်ရောက်လာသူများအားရေခဲမုန့်၊ကိတ်မုန့်နှင့်ရွှေရင်အေးတို့အားကျေးမွေးပြီး
အခမ်းအနားကိုနေ့လည်၂နာရီခွဲခန့်တွင်ရုတ်သိမ်းခဲ့ပါသည်။

0 comments: