စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Friday, June 22, 2012

ပိတ်ဆို့မှု ဥပဒေ သက်တမ်းတိုးဖို့ အမေရိကန်ကွန်ဂရက်စ် ပြင်ဆင်နေ



မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ အကောင်အထည် ဖေါ်နေတဲ့ အချိန်မှာပဲ အမေရိကန် လွှတ်တော် အမတ်တွေက မြန်မာနိုင်ငံက ပို့ကုန်တွေကို ပိတ်ပင်တားဆီးနိုင်မယ့် ဥပဒေတစ်ခုကို သက်တမ်းတိုး အတည်ပြုဖို့ မနေ့က စတင်အဆိုတင်သွင်းနေကြပါတယ်။

မြန်မာနိုင်ငံ အပေါ် ချမှတ်ထားတဲ့ အမေရိကန်အစိုးရရဲ့ ပိတ်ဆို့တားမြစ်မှု ဥပဒေတွေ သက်တမ်းကုန်တော့မှာ ဖြစ်တဲ့အတွက် ရီပတ်ဘလီကန် နဲ့ ဒီမိုကရက် အမတ်တွေက ပူးတွဲ အဆိုတင်သွင်းဖို့ ပြင်ဆင်နေတာပါ။
လွန်ခဲ့တဲ့ ၂၀၀၃ ခုနှစ်ကစပြီး မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှု ဥပဒေတွေထဲက The Burmese Freedom and Democracy Act 2003 ဟာ လာမယ့် ဇူလိုင်လဆိုရင် သက်တမ်း ကုန်တော့မှာ ဖြစ်ပြီး နောက်ထပ် ၃ နှစ် သက်တမ်းတိုးဖို့ ပြင်ဆင်နေတာလို့ သိရပါတယ်။

အဲဒီ ဥပဒေဟာ မြန်မာနိုင်ငံက ပို့ကုန်တွေကို တားမြစ်ထားတာဖြစ်သလို ၊ မြန်မာအစိုးရ ထိပ်ပိုင်း ခေါင်းဆောင်တွေ တစ်ချို့ရဲ့ ပြင်ပမှသိမ်းဆည်းထားတဲ့ ငွေကြေးတွေကိုလည်း သုံးမရအောင် ပိတ်ဆို့နိုင်တာဖြစ်သလို၊ နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းတွေ အနေနဲ့လည်း မြန်မာနိုင်ငံကို ချေးငှားခွင့် မရှိအောင် တားမြစ်နိုင်တဲ့ ဥပဒေလည်း ဖြစ်ပါတယ်။

ဒါပေမယ့် သမ္မတအိုဘားမား အစိုးရက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဥပဒေတွေထဲက တစ်ချို့ကို ရုပ်သိမ်းပြီး ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာလည်း The Burmese Freedom and Democracy Act 2003 ဥပဒေကို သမ္မတရဲ့ အမိန့်နဲ့ ပယ်ချပိုင်ခွင့်ရှိသလို ၊ လျော်ပစ်လိုက်လို့လည်း ရတယ်လို့ သိရပါတယ်။


0 comments: