စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Thursday, June 28, 2012

"ကချင်ပြည်နယ် စစ်ဘေးရှောင် မိသားစုများအတွက် ပေးအပ်လှူဒါန်းပွဲ"






ရွှေပါရမီ ကျန်းမာရေး ဖောင်ဒေးရှင်းမှ ကချင်ပြည်နယ် စစ်ဘေးရှောင် မိသားစုများအတွက် လူသားချင်းစာနာ ထောက်ထားသည့် အကူအညီများ ပေးအပ်လှူဒါန်းခြင်းကို ဇွန်လ(၂၇)ရက်နေ့က တက္ကသိုလ်ရိပ်သာလမ်းသစ် ရှိ ရုံးခန်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ မြန်မာ-တရုတ်နယ်စပ်ရှိ စစ်ဘေးရှောင် စခန်း(၈)ခုအတွက် ဖောင်ဒေးရှင်းဥက္ကဌ ဦးရှိန်ဝင်း၊ ဦးလှမင်းနှင့် ဦးသောင်းစိန်တို့မှ ပေးအပ်လှူဒါန်းရာ အဆိုပါ စစ်ဘေးရှောင် မိသားစုများကို အကူအညီပေးနေသည့် ဦးဇော်လ မှ လက်ခံခဲ့ကြောင်းသိရသည်။

အဆိုပါ လှူဒါန်းမှုတွင် တက်လမ်းဆောက်လုပ်ရေးမိသားစုမှ ဆေးပစ္စည်းများ၊ အ၀တ်အထည်များ၊ စာရေး ကိရိယာများ၊ ထမင်းပေါင်းအိုးကြီး (၈)စုံ၊ ပဲနို့စက်နှင့် ပဲအိတ်များ၊ ဆန်အိတ်များ၊ Golden Harvest International ကုမ္ပဏီ၊ Demo Fashion Shop၊ Golden Harvest ကုမ္ပဏီတို့က ဆေးပစ္စည်းများ၊ ပရဆေးများ၊ အ၀တ်အထည်များ၊ ဒေစီကျော်လင်းမိသားစုက ဖိနပ်များ၊ ဦးကျော်ခင်မိသားစုက တာပေါ်လင် မိုးကာစ (၁၀၀) တို့ကို ပေးအပ်လှူဒါန်းရာ စုစုပေါင်း လှူဒါန်းမှုမှာ ကျပ်သိန်း (၄၅၀) ကျော် ရှိကြောင်း သိရသည်။ အဆိုပါ လှူဒါန်းပွဲတွင် မနော်အလှ ဂီတညအဖွဲ့ကလည်း အကူအညီပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရ သည်။

အဆိုပါ စစ်ဘေးရှောင်စခန်းများသို့ မေလ အစောပိုင်းက ရွှေပါရမီ ကျန်းမားရေးဖောင်ဒေးရှင်းက ကျန်းမာရေး စောင့်ရှောက်မှုပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

Popular Myanmar News Journal

0 comments: