
နိုင်ငံပိုင် သတင်းစာတွေမှာ ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေ ငြိမ်သက်နေပြီလို့ ရေးသား တင်ပြနေသော်လည်း
တကယ့်လက်တွေ့တွင်မှု မတည်ငြိမ်မှုများ၊ မီးရှို့မှုများ ဆက်လက်ဖြစ်ပေါ်နေကြောင်း သိရပါတယ်။
ယမန်နေ့ညကပင် စစ်တွေမြို့တွင် ၀န်ထမ်းတဦးလည်းဖြစ်သည့် ဘင်ဂါလီ အမျိုးသမီးတဦးက မိမိနေအိမ်ကို မီးရှို့မှုဖြင့် သက်ဆိုင်ရာ က ဖမ်းဆီးမိလိုက်ကြောင်း ဒေသခံ မျက်မြင်များက ပြောပါတယ်။
အလားတူ အခြား နေရာများတွင်လည်း အုပ်စုချင်း တိုက်ခိုက်မှုများ၊ မီးရှို့မှုများ ရှိနေဆဲဖြစ်ကြောင်း ဒေသခံ မျက်မြင်များက ဆိုနေကြပါတယ်။
ဒီကနေ့ သတင်းစာ ဖော်ပြချက်မှာတော့ မောင်တော၊ ဘူးသီးတောင်ဒေသက မီးရှို့မှု မဖြစ်ခဲ့တဲ့ ကျေးရွာ ၁၀ ခု စာရင်းကို ဖော်ပြထားပါတယ်။
ကယ်ဆယ်ရေးစခန်းရောက်တဲ့နေတဲ့ အဲဒီရွာတွေက ဒေသခံများကို ပြန်ပို့ပေးနေပြီ လို့ ဆိုပါတယ်။
ကျန်ရှိနေသူတွေကိုလည်း မကြာမီအချိန်အတွင်း နေရပ်ပြန်နိုင်အောင်လို့ စီစဉ်ပေးနေပါပြီ တဲ့။
Welcome to SeekaHost
1 year ago










0 comments:
Post a Comment