စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Thursday, June 21, 2012



အဓိကဆုံးဖြတ်တဲ့နေရာတွေမှာ အမျိုးသမီးတွေရှိနေသင့်ကြောင်း ဒေါ်ဖြူဖြူသင်းပြော
မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသမီးထုရဲ့ အနည်းဆုံး ၃၀ % ခိုင်နှုန်းဟာ မြန်မာနိုင်ငံရဲ့ အဓိက ဆုံးဖြတ်နိုင်တဲ့ နေရာတွေမှာ ရှိနေသင့် တယ်လို့ မင်္ဂလာတောင်ညွှန့်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်ဖြူဖြူသင်းက ဇွန်လ ၁၉ ရက်နေ့က ပြောဆိုလိုက်ပါတယ်။

 မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၇ နှစ်မြောက် မွေးနေ့ပွဲကို ဂုဏ်ပြုတဲ့အနေနဲ့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီ သီရိခန်းမမှာ ပြုလုပ် တဲ့ ကျား - မ ဖြစ်ခြင်းအခန်းကဏ္ဍနှင့် လူမှုအဖွဲ့အစည်းဖိုရမ် ဆွေးနွေးဖလှယ်ပွဲမှာ ပွဲတက်ရောက်လာသူ မိန်းခလေး တစ်ဦး ရဲ့အမေးကို သူက အဲဒီလိုဖြေဆိုသွားတာပါ။ Rain Fall အဖွဲ့နဲ့ Triangle အဖွဲ့တို့ ပူးပေါင်းစီစဉ်ကျင်းပတဲ့ ဒီပွဲမှာ အမျိုးသမီးအခွင့်အရေးကိုကာကွယ်ပြီး အမျိုးသားတွေနဲ့ တန်းတူအခွင့် အရေးရရှိနိုင်ရေးအတွက် အဓိကထား ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

ဒီအခမ်းအနားကို ပြည်သူ့လွှတ်တော်အမတ်ဒေါ်ဖြူဖြူသင်း ၊ အမျိုးသမီး သတ္တိ ဆုရှင် မဇင်မာအောင် နဲ့ နိုင်ငံရေးအင်အားစုတွေ လူထုအခြေပြုအဖွဲ့အစည်းတွေ တိုင်းရင်းသား အဖွဲ့အစည်း တွေနဲ့ စိတ်ပါဝင်စားသူတွေအပါအဝင် လူဦးရေ ၅၀၀ လောက်တက်ရောက်လာ ခဲ့ကြပါတယ်။ အခမ်းအနားမှာ လူငယ်အမျိုးသမီးဒါရိုက်တာ ကြည်ဖြူရှင်က အမျိုးသမီး ၃ ဦးရိုက်ကူးထားတဲ့ Documentary ကိုပြသသွားခဲ့ပြီး အဲဒီအပေါ်မှာ သူမရဲ့အမြင်ကိုလည်း ပြောဆိုသွားခဲ့ပါတယ်။

 ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၇ နှစ်မြောက် မွေးနေ့ ဂုဏ်ပြုပွဲဖြစ်တဲ့ ဒီအခမ်းအနားမှာ အဆိုတော်လျှီနဲ့ ဂီတမှူး ကိုဝင်းမော်တို့ကလည်း သူတို့ရဲ့ သံစဉ်တွေနဲ့ ဂုဏ်ပြုခဲ့ကြပြီး အခမ်း အနားအပြီးမှာတော့ တက်ရောက်လာကြတဲ့ ဧည့်ပရိသတ်တွေက ကချင် စစ်ဘေးသင့် ပြည်သူတွေနဲ့ရခိုင် အကြမ်းဖက်မှု ဒဏ်သင့် ပြည်သူတွေ အတွက် အလှူငွေတွေ ထည့်ဝင်လှူဒါန်းကြတယ် လို့သိရပါတယ်ခင်ဗျာ။



0 comments: