စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Saturday, June 30, 2012

တောင်ကြီးမြို့ ဘာသာပေါင်းစုံငြိမ်းချမ်းရေးဆုတောင်းပွဲ အား ပြည်နယ်အစိုးရအဖွဲ့ က ပိတ်ပင်




ယနေ့  ဇွန်လ (၃၀) ရက်နေ့ တွင် ပြုလုပ်ရန် စီစဉ်ထားသည့် တောင်ကြီးမြို့  ရေအေးကွင်းရပ်ကွက် ကမ္ဘောဇလမ်းရှိ ဟုတ်ကြန့်  ဘုံကျောင်းတွင် ပြုလုပ်မည့် ဘာသာပေါင်းစုံငြိမ်းချမ်းရေးဆုတောင်းပွဲ အား ရှမ်းပြည်နယ်အစိုးရအဖွဲ့ က ကျင်းပခွင့် မပြုဘဲ ပိတ်ပင်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၏ ခွင့်မပြုကြောင်းကို တောင်ကြီးမြို့ နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခေါင်မှတစ်ဆင့် ရေအေးကွင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးအား အကြောင်းကြားခဲ့ခြင်းဖြစ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးကတစ်ဆင့် ဘာသာပေါင်းစုံအဖွဲ့  ခေါင်းဆောင်များကို အကြောင်းကြားရန် အဆင့်ဆင်ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ခွင့်မပြုကြောင်း ရုံးတွင်း စာမထွက်ခင်ကတည်းက တောင်ကြီးမြို့ နယ် ရဲတပ်ဖွဲ့ က ခွင့်မပြုကြောင်းခေါ်ယူပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆုတောင်းပွဲ ကျင်းပနိုင်ရန် ရှမ်းပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (လူငယ်) နှင့် ၈၈ မျိုးဆက်ကျောင်းသား (ရှမ်းပြည်နယ်) အဖွဲ့ က ဦးဆောင်ပြုလုပ်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ ယခုလ ၁၇ ရက်တွင် တောင်ကြီးခရိုင်ရဲတပ်ဖွဲ့ မှူးရုံး အစည်းအဝေးခန်းမတွင် အခမ်းအနားကျင်းပရန် ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်ခဲ့ပြီး ၂၀ ရက်တွင် အခမ်းအနား ပြုလုပ်ရန် သတ်မှတ်ခဲ့သော်လည်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရုံးက ပြည်နယ်ဝန်ကြီးချုပ် နေပြည်တော် သွားရောက်နေသဖြင့် တာဝန်ယူ ကျင်းပခွင့် မပေးခဲ့သောကြောင့် ၃၀ ရက်နေ့ ကို ရက်ရွှေ့ ဆိုင်း ခဲ့ရသည်ဟု သိရသည်။ ကျင်းပရန် တစ်ရက်အလိုတွင် ယခုကဲ့သို့  ရှမ်းပြည်နယ်အစိုးရအဖွဲ့ က ခွင့်ပြုခြင်း မရှိဘဲ ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်။

ရှမ်းပြည်နယ် တောင်ကြီးမြို့ တွင် ဘာသာပေါင်းစုံ ခေါင်းဆောင်များမှ နိုင်ငံတွင်း အေးချမ်းသာယာရေး ဘာသာပေါင်းစုံ ညီညွှတ်ရေး၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးတို့ အတွက် ဆုတောင်းပွဲအခမ်းအနား ကျင်းပရန်သာ ရည်ရွယ် ခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းသိရသည်။ ယင်းအခမ်းအနားတွင် အလှူငွေပေးအပ်ပွဲပါ ပူးတွဲကျင်းပရန် စီစဉ်ထားသည်ဟု သိရသည်။



ညီညွှတ်ရေးနဲ့  ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးတို့ အတွက် ကောင်းမွန်စွာ ရည်ရွယ်တဲ့ ဘာသာပေါင်းစုံ ဆုတောင်းပွဲအခမ်းအနား ပိတ်ပင်တာ မသင့်တော်ပါဖူး။ 



0 comments: