စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Friday, June 22, 2012

ရခိုင်ပြည်နယ်ပဋိပက္ခအတွင်း သေဆုံးသူ ၆၂ဦးရှိကြောင်း အာဏာပိုင်တွေ အတည်ပြု



ရခိုင်ပြည်နယ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ပဋိပက္ခတွေ အတွင်း သေဆုံးသူ စုစုပေါင်း ၆၂ ဦးရှိတယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး ပြောရေးဆိုခွင့်ရှိသူ
က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၃ရက်နေ့က စပြီး ပဋိပက္ခတွေအတွင်း သေဆုံးသူ ၅၀ ရှိခဲ့ပြီး ဇွန်လ ၁၉ ရက်နေ့က ဖြစ်ပျက်ခဲ့တဲ့ ရသေ့တောင်မြို့နယ် က အကြမ်းဖက်မှုကြောင့် သေဆုံးသူ ၁၂ ဦးထပ်တိုးလာတယ်လို့ သိရပါတယ်။

သတင်းတွေအရ သေဆုံးသူ စုစုပေါင်း ၈၀ ရှိတယ်လို့ ပြောဆိုမှုတွေ ရှိနေတာနဲ့ ပတ်သက်ပြီး ပြည်နယ်အစိုးရအဖွဲ့ရုံး ပြောခွင့်ရသူ ဦးဝင်းမြိုင်က အခုလို ပြောပါတယ်။

"ဖြစ်စဉ်တခုလုံးနဲ့ ဆို အားလုံးပေါင်း (၆၂) ယောက်ပေါ့ ။မဟုတ်ဘူးဗျ ။ တချို့ က ဆေးရုံတက်တာ။ စဖြစ်တုန်းကဆို မောင်းတောက ဆရာဦးခင်မောင်လတ်နဲ့  သူ့မိန်းမတို့ ဆို ဆုံးတယ်ဆိုပြီး သတင်းတက်တယ်။ ဒါပေမဲ့ အဲဒါတွေက မဟုတ်ဘူးခင်ဗျ၊ အဲဒါမျိုးလေးတွေပါ။"

ဦးဝင်းမြိုင်ရဲ့ အဆိုအရ အခြေအနေများ တည်ငြိမ်မူ ရှိနေပြီး ပြည်နယ်
အတွင်းမြို့ကြီးတွေက ပိတ်ထားတဲ့ ဈေးများကိုပြန်လည်ဖွင့်လစ်ဘို့ စီစဉ်နေပြီလို့ သိရပါတယ်။ အလားတူ မီးလောင်ကြွမ်းမှု ဖြစ်ပွားခဲ့တဲ့
နေရာများက အိုးမဲ့အိမ်မဲ့များ အတွက် ပြန်လည် နေရာချထားရေး
ကိစ္စတွေကို ပြည်နယ် အစိုးရအနေနဲ့ အစီအစဉ်များ ပြုလုပ်နေတယ်
လို့ ပြောပါတယ်။

ဒီအတောအတွင်း မြန်မာနိုင်ငံကနေ နောက်ထပ် ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာမူစလင် ၁၆ ယောက်ကို ဘင်္ဂလားဒေ့ရှ် လုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းဆီးလိုက်ပါတယ်။

သူတို့ကို စစ်ဆေးမေးမြန်းပြီး စားနပ်ရိက္ခာ၊ ဆေးဝါးတွေနဲ့အတူ
မြန်မာနိုင်ငံကို ပြန်ပို့မယ်လို့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်မှူးက
ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ဟာ ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ မူစလင် ၂ ထောင်ကျော်ကို ပြန်ပို့ခဲ့ပါတယ်။

RFA Burmese
 

0 comments: