စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Thursday, June 28, 2012

မလေး တွင် ဇနီး နှင့် ကလေး ကို တွေ့ ခွင့် မရ သဖြင့် ကြိုးဆွဲ ချ သတ်သေ


မလေးရှား နိုင်ငံ ဆီလန်ဂေါ် မြို့  ပယ်တလင်း ဂျာယာ ရှိ အမျိုး သမီး ထိမ်းသိမ်း စောင့်ရှောက်ရေး
အဖွဲ့  အစည်း တစ် ခု တွင် အသက် နှစ်ဆယ် ကျော် အရွယ်ရှိ မြန်မာ နိုင်ငံ သား တစ်ဦး သည် ၎င်း
၏ ဇနီး နှင့် ကလေး ဖြစ်သူ ကို တွေ့ ခွင့် မရ သဖြင့် မိမိ ကိုယ် ကို ကြိုး ဆွဲ ချ သတ် သေမှု ဗုဒ္ဓဟူးနေ့ 
ညနေ က ဖြစ် ပွား ခဲ့ သည်။

ပယ်တလင်း ဂျာယာ ရှိ Women Aid Organization က ထိမ်းသိမ်း စောင့် ရှောက် ထား သည့် ဇနီး
နှင့် ကလေး ကို တွေ့ ခွင့် မပေး သဖြင့် ဗုဒ္ဓဟူး နေ့  ညနေ ၆ နာရီ က WAO ဂိတ် တွင် ကြိုး ဆွဲ ချ သတ်
သေ ခဲ့ ခြင်း ဖြစ်သည်။

ဂေဟာ က ထိမ်းသိမ်း စောင့် ရှောက် ထား သည့် ကလေး နှင့် မိခင် ကို မြန်မာ နိုင်ငံ သား က တွေ့ ခွင့်
တောင်း သော်လည်း ဂေဟာ ရှိ တာဝန် ရှိ သူ များ က အခြား နေရာ ပြောင်း သွား ပြီး တွေ့ ခွင့် မပေး နိုင်
ဟု အကြောင်း ပြန် ခဲ့သည်။

အသက် ၂၀ ကျော် အရွယ် ခင်ပွန်းသည် တွေ့ ခွင့် ရအောင် စောင့် ဆိုင်း နေစဉ် အတွင်း လုံခြုံရေး တပ်
ဖွဲ့  ၀င် များ က ဆက် လက် နေ ခွင့် မပြု သောကြောင့် ညနေ ၅ နာရီ တွင် အိမ် သို့  ပြန် ပြီး တစ်နာ ရီ
ကျော် အကြာ တွင် WAO ဂိတ် ပေါက် ၀ သို့  ကြိုး ခွေ တစ်ခု နှင့် အတူ ရောက် ရှိလာ ပြီး နောက်
ဂိတ် တစ်ခါး ၀ ၏ အမြင့် ဆုံး နေရာ တစ် ခု တွင် ချီ နှောင် က မိမိ ကိုယ် ကို ကြိုး ဆွဲ ချ သတ် သေ
ခဲ့ ခြင်း ဖြစ်သည်။

ပယ်တလင်း ဂျာယာ ရဲ တပ် ဖွဲ့  အကြီး အကဲ အာဂျူ နိုင် ဒီ မိုဟာ မက် က သတ်သေသူ သည် မြန်မာ
နိုင်ငံ မှာ လာသူ ဖြစ် ကြောင်း အတည် ပြု ပြောကြား ခဲ့ ပြီး သူ ၏ အလောင်း ကို သက်သေ များ ရှေ့ 
တွင် ပင် ဖမ်းဆီး ပြီး နောက် မလေယာ တက္ကသိုလ် ဆေးပညာ ဌာ န သို့  သေမှု သေခင်း ဆက်လက်
စုံစမ်း နိုင် ရန် ပို့ ဆောင် ထား ပြီ ဟု ဆိုသည်။

ဝေးမြေ ရပ်ခြား တွင် ကြိုး ဆွဲချ သတ် သေသည့် မြန်မာ နိုင်ငံ သား သည် အခင်း ဖြစ်ပွား ချိန် မတိုင်
ခင် က ဇနီး ဖြစ်သူ နှင့် အငြင်း ပွား ခိုက် ရန် ဖြစ် မှု ရှိ ခဲ့ သောကြောင့် ဇနီး က ကလေး ကို ခေါ် ကာ
ဂေဟာ တွင် ခို လှုံ နေခြင်း ဖြစ်သည် ဟု WAO က ပြောသည်။

FNG

0 comments: