စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Friday, June 29, 2012

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုရေးအတွက် ပြည်သူလူထုအား ဖိတ်ခေါ်ခြင်း။


လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုရေးအတွက် ပြည်သူလူထုအား ဖိတ်ခေါ်ခြင်း။

မြန်မာ့သမိုင်းတွင် မော်ကွန်းထိုးရမည့်ဖြစ်စဉ်ကြီးများ ယနေ့ မြန်မာ့ပြည်တွင် ဖြစ်ပေါ်လျှက် ရှိပါသည်။

မိမိတို့ နိုင်ငံမှ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ချီးမြင့်သော ကမ္ဘာ့ငြိမ်းချမ်းရေး နိုဗယ်လ်ဆုအား နိုင်ငံ့ဂုဏ်၊ မြန်မာတမျိုးသားလုံးကိုယ်စား ဆောင်ယူမြင့်တင်ကာ လက်ခံရယူအပြီး အလွန်ကြီးမြတ်လှသော တိုင်း ကမ္ဘာသိ မွန်မြတ်လှသော ငြိမ်းချမ်းမှု ဆုတံဆိပ်များ၊ ကမ္ဘာ့ခေါင်းဆောင်များဧ။် မြန်မာ့နိုင်ငံရေးအပေါ် ကောင်းကျိုးသက်ရောက်စေမည့် ထောက်ခံအားပေးမှုများ
ကို ဆောင်ယူပြီး နိုင်ငံ အနာဂတ်ရောင်ခြည်အလင်းများ တပွေ့တပိုက်ဖြင့် အမိမြေဆီသို့ ယခုရက်ပိုင်းအတွင်း ဆိုက်ရောက်တော့မည် ဖြစ်ပါသည်။ မနက်ဖြန် ဇွန်လ (၃၀) ရက်နေ့ တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ နံနက် (၈) နာရီ အချိန်ခန့် တွင် ရောက်ရှိလာမည့် လူထုခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုကြရန် ဖြစ်ပါသည်။

သမိုင်းတခေတ်တွင် တကြိမ်တခါမျှသာ ကြုံဆုံခွင့် ရနိုင်သော ယခုကဲ့သို့ ထူးခြား အံ့ဘနန်း အဟုန်အရှိန်ပြင်းစွာ ဂုဏ်ယူလေးစားဖွယ် အောင်ပွဲခံအပြန်ခရီးကို မြန်မာပြည်ကို ချစ်သော မြန်မာ့ အနာဂတ်အရေးကို စိတ်ဝင်စားသော ပြည်သူပြည်သား မြန်မာနိုင်ငံသားများအနေဖြင့် လှည်းနေလှေအောင်း မြင်းဇောင်းမကျန် လမ်းခရီးတလျောက် စောင့်ဆိုင်းကြိုဆို ဂုဏ်ပြုခြင်းဖြင့် မြန်မာဟူသည် ဒီလိုဟု ဇာတိဂုဏ်ပြသကြပါရန် လှုံ့ဆော်တိုက်တွန်းပါသည်။

မြန်မာ့ဂုဏ်ဆောင် မြန်မာ့လူထုခေါင်းဆောင်၏ အောင်ပွဲခံအပြန်ခရီးအား လေဆိပ်မှ နေအိမ်ထိ အပြန်ခရီးတလျောက် ရန်ကုန်မြို့နှင့် အမေစုကို မြတ်နိုးသူများ စုဝေးရောက်ရှိ စနစ်တကျ စီတန်း ကြိုဆိုကြမည်ဆိုပါလျှင် လေဆိပ်မှ တက္ကသိုလ်ရိပ်သာလမ်းတလျောက် စနစ်တကျ စီတန်း စောင့်ဆိုင်း ကြိုဆို နှုတ်ဆက်ကြမည် ဆိုပါလျှင် လူဦးရေ သန်းနှင့် ချီပြီး ကြိုဆိုနိုင်မည်ဖြစ်သည် ။

ညီညွတ်စည်းကမ်းရှိစွာ ပူးပေါင်းလုပ်ဆောင်ကြခြင်းဖြင့် ကမ္ဘာတွင် ထင်ရှားသော လူထုကြိုဆိုပွဲကြီး တခုဖြစ်လာမည်သာမက မြန်မာ့အနာဂတ်နိုင်ငံရေးတွင် လက်ရှိ သမတကြီး ဦးသိန်းစိန်နှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ အတူတကွ ဦးဆောင်ပြီး နိုင်ငံသားတိုင်း မျှော်လင့်တောင့်တနေသည့် အသွင်ပြောင်း ဖြစ်စဉ်များကို အပြုသဘောဖြင့် ၀ိုင်းဝန်းကူညီထောက်ခံပေးရာလည်း ရောက်မည် ဖြစ်သည်။

ကျနော်တို့ ပြည်တွင်းက လူငယ်များအတွက် မဟာလှုပ်ရှားမှုတခုလည်း ဖြစ်မည့် ယခု ကမ်ပိန်းအား အဖွဲ့အသီးသီး၊ နယ်ပယ် အသီးသီးမှ မြန်မာ့ အနာဂတ်ကို ၀ိုင်းဝန်းတည်ဆောက်ကြမည့် မျိုးချစ်သူတိုင်း ငြိမ်းချမ်းစွာ ပါဝင်ဆင်နွဲနိုင်ပါသည်။

(ဒေါ်အောင်ဆန်းစုကြည်ကို လူတစ်သန်းကြိုဆိုရေး campaign ) အမည်ဖြင့် လူထုခေါင်းဆောင် ပြည်ပခရီးမှအပြန် လေဆိပ်ဆိုက်ရောက်ချိန်မှ နေအိမ်သို့ အပြန်လမ်းခရီးတလျောက်တွင် ရန်ကုန်တိုင်းဒေသတခွင်မှ ပြည်သူလူထု သန်းနဲ့ချီပြီး စောင့်ဆိုင်းကြိုဆိုစေလိုသော ကမ်ပိန်း ဖြစ်မြောက်ရေး တပိုင်တနိုင် မိမိတို့နိုင်ရာမှ အားလုံး ပါဝင်လုပ်ဆောင်နိုင်ပါရန် တိုက်တွန်းနိုးဆော်ပါသည်။

ကိုနေမျိုးဇင် - ဖုန်းနံပတ် 0949328559 ၊

 လူငယ်ကျောင်းသားခေါင်းဆောင်

ကိုဝေလု - ဖုန်းနံပတ် 09450037685 

တို့ကိုခေါ်ဆိုပြီး သိရှိလိုသည်များကို မေးမြန်းနိုင်ပါသည်။

0 comments: