ဒေါ်အောင်ဆန်းစုကြည် ဗြိတိန်လွှတ်တော်၌ မိန့်ခွန်းပြောကြားစဉ် -
Photo:AFP
ဒေါ်အောင်ဆန်းစုကြည် ဗြိတိန်လွှတ်တော်၌ မိန့်ခွန်းပြောကြားစဉ် -
Photo:AFP
နိုင်ငံတကာ ခေါင်းဆောင်တစ်ချို့ကိုသာ ဂုဏ်ပြုတဲ့အနေနဲ့ အခွင့်အရေး ပေးလေ့ရှိတဲ့ ဗြိတိန်ပါလီမန် နှစ်ရပ်စလုံးမှာ
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ
ဒီကနေ့ညပိုင်းမှာ မိန့်ခွန်း ပြောကြားပါတယ်။
မြန်မာနိုင်ငံဟာ ဒီမိုကရေစီနိုင်ငံအဖြစ် မရောက်သေးပေမဲ့ အားလုံးရဲ့ အကူအညီတွေနဲ့ ဖြစ်လာလိမ့်မယ် ဆိုတာ ယုံကြည်တဲ့အကြောင်း
ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောကြားသွားပါတယ်။
ဗြိတိန် ပါလီမန် နှစ်ရပ်စလုံးကို Westminster ခန်းမကြီးထဲမှာ စကားပြောခွင့်ဟာ ကမ္ဘာကျော် နိုင်ငံ့ ခေါင်းဆောင်တွေကိုသာ
ဂုဏ်ထူးဆောင် အခွင့်အရေး တရပ်အဖြစ် ဗြိတိန်အစိုးရက
ပေးလေ့ရှိတာ ဖြစ်ပါတယ်။
ဒုတိယကမ္ဘာစစ်ကတည်းက ဗြိတိန်ပါလီမန် ၂ရပ်စလုံးမှာ စကားပြောခွင့်ရတဲ့
ကမ္ဘာ့ခေါင်းဆောင် ၄ ဦးသာရှိခဲ့ဖူးပါတယ်။
နောက်ပိုင်း စကားပြောခွင့်ရသူတွေကတော့ ဗါတီကန်က လက်ရှိ ပုပ်ရဟန်းမင်းကြီး ၁၆ နဲ့ အမေရိကန် သမ္မတ ဘာရက် အိုဘားမားတို့ဖြစ်ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မနက်ပိုင်းမှာ ဗြိတိန်နို်င်ငံ
အိမ်ရှေ့မင်းသား ချာလ်း နဲ့တွေ့ဆုံခဲ့ပြီးနေ့လည်ပိုင်းမှာ ၀န်ကြီးချုပ်နဲ့
နေ့လည်စာစားပါတယ်။
ဒီအတောအတွင်းမှာပဲ ဗြိတိန်အစိုးရက သမ္မတကြီး ဦးသိန်းစိန်ကိုလည်း
ဖိတ်ကြားထားကြောင်း မြန်မာအစိုးရက အတည်ပြုပြောတယ်လို့ ဘီဘီစီ သတင်းအရ သိရပါတယ်။
ဒါပေမယ့် ရက်အတိအကျတော့ မသိရသေးပါဘူး။ မြန်မာအစိုးရဘက်က
လည်း သမ္မတခရီးအတွက်ပြင်ဆင်မှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်။
0 comments:
Post a Comment