စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Friday, June 29, 2012

စစ်တွေရောက် ဒါရိုက်တာ စံရွှေမောင်နဲ့ မေးမြန်းချက်


ရခိုင်ပြည်နယ်က ဘေးဒုက္ခရောက် ပြည်သူတွေ အတွက် အထက်ဗမာပြည် အလှူရှင်တွေက ကာလတန်ဖိုး သိန်း ထောင့်နှစ်ရာဖိုးလောက်ရှိတဲ့ အလှူပစ္စည်းနဲ့ငွေတွေ လှူဒါန်းလိုက်တယ်လို့ သတင်း ရရှိပါတယ်။

ဒီအလှူကို မန္တလေးမြို့ပေါ်နဲ့ စစ်ကိုင်း၊ မြင်းမူမြို့တွေက ပြည်သူနဲ့ လူမှုရေးအဖွဲ့တွေ စုပေါင်းလှူဒါန်း တာဖြစ်ပြီး မန္တလေးမြို့ အခြေစိုက်
ဗြဟ္မစိုရ် အသင်းက ကမကထ ပြုလုပ်တာပါ။ အလှူပစ္စည်းတွေ စစ်တွေမြို့
ရောက်နေပြီ ဆိုတဲ့ အကြောင်းနဲ့ ပစ္စည်းတွေ သွားပို့တဲ့ လမ်းခရီးက အခြေအနေကို ဗြဟ္မစိုရ် အသင်းဥက္ကဋ္ဌ ဒေါက်တာဝင်းမြင့်က RFA ကို ပြောပါတယ်။

ဒီအလှူတွေ အပြင် မန္တလေးမြို့ အခြေစိုက် စိမ်းရောင်စို သဘာဝ
ပတ်ဝန်းကျင် ထိမ်းသိမ်းရေး အဖွဲ့ကလည်း ရခိုင်ပြည်နယ်က ဒုက္ခသည်တွေ အတွက် အလှူရအောင် ဆောင်ရွက်နေပြီး မနက်ဖြန်မှာ အလှူရှင် တချို့
ပေးအပ်မှာကို လက်ခံဖို့ ရှိတယ်လို့ အဖွဲ့ခေါင်းဆောင် ဦးငြိမ်းချမ်းက
ပြောပါတယ်။

အလားတူပဲ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးကလည်း ပဋိပက္ခတွေ
ဖြစ်နေတဲ့ ဒေသက ဒုက္ခသည်တွေကို ငွေကြေးနဲ့ ပစ္စည်းတွေ ကူညီဖို့ ကြိုးပမ်းနေရာမှာ လာမယ့် ဇူလိုင် (၁) ရက် တနင်္ဂနွေနေ့ ကျရင် ရုပ်ရှင်မင်းသား မင်းသမီးတွေ ကိုယ်တိုင် စစ်တွေမြို့ကို သွားရောက်ပြီး ဒုက္ခသည်တွေကို ကူညီ လှူဒါန်းမှာ ဖြစ်ပါတယ်။



RFA

0 comments: