စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Friday, June 22, 2012

မတရားသင်းပုဒ်မ ဝန်ကြီးနှုတ်မိန့်ဖြင့် ကချင်ပြည်နယ်မှာ ပယ်ဖျက်လိုက်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ ဒု-ဥက္ကဋ္ဌ မီးရထားဝန်ကြီး ဦးအောင်မင်း၏ နှုတ်မိန့် ညွန်ကြားချက်အရ ကချင်ပြည်နယ်တွင် မတရားသင်းဥပဒေပုဒ်မ ၁၇(၁)အား ပယ်ဖျက်လိုက်
ကြောင်း ဝန်ကြီးချုပ် ဦးလဂျွန်ငံဆိုင်း က ပြောသည်။

ကြာသပတေးနေ့က ဗန်းမော်လေဆိပ်တွင် ပြည်ထောင်စုဝန်ကြီးက ပြည်နယ် ဝန်ကြီးချုပ်အား မှာကြားချက်ကို ဌာနဆိုင်ရာများအား တဆင့်ညွှန်ကြားလိုက်ခြင်း ဖြစ်ကြောင်း ငြိမ်းချမ်းရေးအကျိုးဆောင် ဦးဆန့်အောင် က ပြောသည်။

“ဝန်ကြီးဦးအောင်မင်းက ဦးလဂျွန်ငံဆိုင်းကို ဗန်းမော် လေဆိပ်မှာ မတရားအသင်း ဆက်သွယ်မှု KIO နဲ့ ပတ်သက်လို့ အမှုတွေ ပယ်ဖျက်ဖို့ ဒီဟာတွေနဲ့ ပတ်သက်လို့ မဖမ်းဆီးဖို့၊ ဖမ်းဆီးထားသူတွေကိုလည်း ပြန်လွှတ်ပေးဖို့ ပြောတယ်။ ဦးလဂျွန်ငံဆိုင်းက မြစ်ကြီးနား လေဆိပ်မှာ ဌာနဆိုင်ရာတွေကို ပြန်ညွန်ကြားတယ်။ မနေ့က စလို့ မတရား အသင်းနဲ့ ဆက်သွယ်မှု ဖျက်သိမ်းလိုက်တယ်” ဟု မဇ္ဈိမကို ပြောသည်။

သို့သော် ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် နှီးနွှယ်၍ မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁)နှင့် အကျဉ်းကျခံနေ ရသူများ မရှိဘဲ တခြားပုဒ်မများဖြင့်သာ ချမှတ်ခံနေရသူ အများအပြား ရှိသည်ဟု KIO ငြိမ်းချမ်းရေး ကိုယ်စားလှယ် ဒုဗိုလ်မှူးကြီး ဂျီးနောင်က ပြောသည်။

“KIO စစ်သားတွေဆိုရင် ခိုးမှုတွေ၊ လမ်းမှာ ဖမ်းတယ်ဆိုရင် ဘိန်းမှုတွေ၊ တခြား စာရွက်စာတမ်းမှုတွေပဲ ဖမ်းထားတာ။ ၁၇ နဲ့က မရှိဘူးထင်တယ်။ ၁၉၉၄ အပစ်အခတ် ရပ်ကတည်းက ၁၇(၁)နဲ့မှ မချတာ။ အမြင်ကတ် ပုဒ်မတွေ၊ ရိုက်နှက်မှုတွေနဲ့ပဲ ထည့်တာ။ အများက ဘိန်းမှုပဲ” ဟု မဇ္စျိမကို ပြောသည်။

အစိုးရဘက်မှ KIO နှင့် ထပ်မံတွေ့ဆုံရန် ရှမ်းပြည်နယ်၊ မူဆယ်မြို့နှင့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့ တနေရာကို ကမ်းလှမ်းထားသော်လည်း KIO ဘက်မှ တုံ့ပြန်ခြင်း မရှိသေးပေ။

မဇ္ဈိမ

0 comments: