ဒေါ်အောင်ဆန်းစုကြည် ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ gare du Nord ဘူတာရုံသို့ ဇွန်လ(၂၆)ရက်နေ့ မွန်းလွဲပိုင်းတွင်ရောက်ရှိခဲ့သည်။
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိန်နိုင်ငံကနေ မနေ့က ပြင်သစ်စံတော်ချိန် မွန်းလွဲပိုင်းမှာ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ကို ရောက်ရှိလာပါတယ်။
ညပိုင်းမှာ အယ်လီးဇီ-နန်းတော်မှာ ပြင်သစ်သမ္မတ ဖရန်ဆွာ အိုလန် (ဒ်) Francois Hollande တည်ခင်းတဲ့ ညစာစားပွဲ တက်ရောက်ပြီးနောက် ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မယ်လို့ သိရပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အင်္ဂလန်နိုင်ငံမှ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ Gare du Nord မီးရထားဘူတာရုံသို့ ရောက်ရှိလာစဉ် ကြိုဆိုနေကြတဲ့ ပြင်သစ်နိုင်ငံသားများ..။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြင်သစ်နိုင်ငံ ပဲရစ်မြို့ Gare du Nord မီးရထားဘူတာရုံသို့ ရောက်ရှိလာစဉ် ကြိုဆိုသူများနှင့် အတူတွေ့ရစဉ်..။
ဒေါ်အောင်ဆန်းစုကြည်ဟာ ၃ ရက်ကြာ ပြင်သစ်ခရီးစဉ်အတွင်း ပြင်သစ်
နိုင်ငံခြားရေးဝန်ကြီး အပါအဝင် အစိုးရ ထိပ်တန်း အရာရှိတွေနဲ့
တွေ့ဆုံမှာပါ။
ဒီနေ့မှာတော့ ပြင်သစ်ရောက် မြန်မာ အသိုင်းအဝိုင်းနဲ့ ပဲရစ် မြို့တော်ခန်းမမှာ တွေ့မယ်လို့ သိရပါတယ်။
မြန်မာ အသိုင်းအဝိုင်းနဲ့ တွေ့ဆုံပြီးတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်ကို ၂ဝဝ၄ ခုနှစ်မှာ ချီးမြှင့်ထားတဲ့ “ပဲရစ် ဂုဏ်ထူးဆောင် မြို့သားဘွဲ့” အပ်နှင်းတဲ့ အခမ်းအနား တက်ရောက်မယ်လို့ မြန်မာ့အရေး လှုပ်ရှားသူ ဦးအောင်ကိုက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ပြင်သစ်နိုင်ငံကို ခရီးမဆက်ခင်မှာ ဗြိတိန်နိုင်ငံ ဒုတိယ ဝန်ကြီးချုပ် Nick Cleggနဲ့ တွေ့ဆုံခဲ့သလို၊ လေဘာပါတီ
ဌာနချုပ်ကိုလည်း သွားရောက်ခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည် ရဲ့
ခရီးစဉ်မှာ လိုက်ပါလာတဲ့ ဦးခွန်သာမြင့်က ပြောပါတယ်။
0 comments:
Post a Comment