စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, June 25, 2012

ကလေးမြို့၊ အောင်မင်္ဂ လာနှင့် အောင်မြေ မာန် NLD ရပ်ကွက်ရုံးဖွင့်ပွဲ


ကလေးမြို့၊ အောင်မင်္ဂ လာနှင့် အောင်မြေ မာန်ရပ်ကွက် ပူးပေါင်း၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဆိုင်းဘုတ် တင်ပွဲ နှင့်ရုံးဖွင့်ပွဲ အခမ်းအနားကို ဇွန်လ(၁၉)ရက်နေ့တွင် အဆိုပါ ရုံးခန်းဖွင့် လှစ်ထားသည့် ဗိုလ်ချုပ်လမ်းနှင့် ဝေဇယန္တာ လမ်းထောင့် တွင်ကျင်း ပခဲ့ကြောင်း သိရသည်။



အခမ်းအနားကို နံနက်(၈း၀၀)နာရီတွင် စတင်ဖွင့်လှစ်ခဲ့ပြီး အခမ်းအနားမှူးမှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အလံ၏ အဓိပ္ပါယ်ကို ဖွင့်ဆိုရှင်းပြသည်။

ထို့နောက် ဆရာကြီး သမုတိသစ္စာမှ အဖွဲ့ချုပ်ဆိုင်းဘုတ်ကို အောင်သပြေပန်းဖြင့် မင်္ဂလာရေချမ်း ဆွတ်ဖျန်းပေးပြီး ငွေခရုသင်းမှုတ်ကာအဖွဲ့ချုပ်ဆိုင်းဘုတ်ကို ဖွင့်လှစ်ပေးခဲ့သည်။



ထိုနောက် နိုင်ငံတော်အလံအား အလေးပြုခြင်း၊ အဖွဲ့ချုပ်အလံအား အလေးပြုခြင်း၊ ကျဆုံးခဲ့ပြီးသော
အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခြင်း၊မြန်မာ့ဒီမိုကရေစီကြိုးပမ်းမှုတွင် ကျဆုံးခဲ့ကြသော
ရဟန်းရှင်လူကျောင်းသားပြည်သူအပေါင်းတို့အား အောက်မေ့ငြိမ်သက်ခြင်းများပြုလုပ်ခဲ့ပြီး သဘာပတိဦးစိုးလှိုင်မှအဖွင့်အမှာစကားပြောခဲ့ပါသည်။

ထို့နောက် အဖွဲ့ချုပ်ဥက္ကဌဟောင်း ဦးကာ မှအမှတ်တရစကားပြောကြားခြင်း၊ ကလေးမြို့နယ် အဖွဲ့ချုပ်တာဝန်ခံ ဦးဘမင်းနှင့်မြို့နယ်စည်းရုံးရေးတာဝန်ခံ ဦးလှတို့မှ ဆွေးနွေးပြောကြားခြင်း၊ ၈၈-ရဲဘော်ဟောင်းများကိုယ်စား ဦးမိုက်ကယ်ဝင်းကျော်မှအမှတ်တရစကားပြောကြားခြင်း၊ အမျိုးသမီးနှင့် နိုင်ငံရေးများအကြောင်းကိုမသန့်ဝေကျော်နှင့် မရတနာအေးတို့မှ ပြောကြားခြင်း၊ မြို့ခံ စာပေအဖွဲ့မှဂုဏ်ပြုကဗျာများရွတ်ဆိုခြင်းများ ပြုလုပ်ခဲ့ကြပြီး နံနက်(၁၀း၀၀)နာရီတွင်
ကြွေးကြော်သံများဖြင့် အခမ်းအနားကို အောင်မြင်စွာရုတ်သိမ်းခဲ့ကြကြောင်းသိရသည်။

0 comments: