စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, June 25, 2012

“လူမှုရေး ကာကွယ် စောင့်ရှောက်မှု ဆိုင်ရာ ညီလာခံ”




မြန်မာနိုင်ငံက ကျေးလက်နေ ပြည်သူတွေနဲ့ ဆင်းရဲသားတွေအတွက် လူမှုဖူလုံရေး ကာကွယ် စောင့်ရှောက်မှု စီမံကိန်းတွေမှာ နိုင်ငံတကာ အဖွဲ့အစည်းတွေ ပါဝင်ကူညီကြဖို့ သမ္မတ ဦးသိန်းစိန်က တိုက်တွန်းလိုက်ပါတယ်။

နေပြည်တော်မှာ ဒီကနေ့ ကျင်းပတဲ့ “လူမှုရေး ကာကွယ် စောင့်ရှောက်မှု ဆိုင်ရာ ညီလာခံ” မှာ သမ္မတ ဦးသိန်းစိန်က တိုက်တွန်း ပြောကြားခဲ့တာပါ။

ဒီ ညီလာခံကို ကုလသမဂ္ဂ ယူနီဆက် အဖွဲ့က ကိုယ်စားလှယ်တွေ၊
နိုင်ငံတကာ ကျွမ်းကျင် ပညာရှင်တွေ၊ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်း ကိုယ်စားလှယ်တွေနဲ့ ဝန်ကြီး တချို့ တက်ရောက်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံရဲ့ ကျေးလက်ဒေသတွေနဲ့ နယ်စပ်ဒေသတွေဟာ ဖွံ့ဖြိုးမှု နောက်ကျ ကျန်ခဲ့တဲ့အတွက် လူမှုစီးပွားရေး အခြေအနေတွေ
ဟာလည်း မြို့ပြဒေသတွေထက် နိမ့်ကျနေကြောင်း၊ ဆင်းရဲသားတွေရဲ့ လူမှုဖူလုံရေး အတွက် အားလုံး လက်တွဲလုပ်ဆောင်ရမယ့် အခြေအနေဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန် က ပြောပါတယ်။

ဒါ့အပြင် ခေတ်နဲ့ မလျော်ညီတော့တဲ့ အလုပ်သမား အခွင့်အရေး၊ တောင်သူ လယ်သမား အခွင့်အရေး ဥပဒေတွေကို ပြန်လည်ပြင်ဆင် ဖြည့်စွက်
ဆောင်ရွက်နေကြောင်းနဲ့ အလုပ်သမားတွေရဲ့ အခြေခံ အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ရေးအတွက် ဥပဒေပြဌာန်းဖို့ ဆောင်ရွက်နေပြီ
ဖြစ်ကြောင်းလည်း သမ္မတက ထည့်သွင်း ပြောဆိုပါတယ်။

နှစ်ရက်ကြာ ကျင်းပမယ့် ဒီညီလာခံကို အလုပ်သမား ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ အပါအဝင် ပညာရှင်တွေက စီစဉ် ကျင်းပတာလို့ သိရပါတယ်။

RFA Burmese
 







ဒီကနေ့ အခမ်းအနားကို ကြွရောက်လာကြတဲ့ - အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ လွှတ်တော် ကော်မတီဝင်များ၊ ဒုတိယ ဝန်ကြီးများ၊ ပြည်နယ်/တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ယူနီဆက် (မြန်မာ) ကိုယ်စားလှယ်များ၊ နိုင်ငံတကာ ကျွမ်းကျင်သူ ပညာရှင်များ၊ အစိုးရ မဟုတ်တဲ့အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနဲ့ ဧည့်သည်တော်များ အားလုံး - စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်း တောင်းရင်း ဦးစွာပဏာမ နှုတ်ခွန်းဆက်သလိုက်ပါတယ်။

ယနေ့ကျင်းပတဲ့ လူမှုရေး ကာကွယ်စောင့်ရှောက်မှု ဆိုင်ရာ ဆြေးနြေးပြဲဟာ အမျိုးသားအဆင့် ကျင်းပတဲ့ ညီလာခံတစ်ခုဖြစ်ပါတယ်။ ဒီညီလာခံကနေ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာနဲ့ တစ်ဆက်တစ်စပ်တည်း ဆက်စပ် ဆောင်ရွက်နိုင်မယ့် ရလဒ်ကောင်းများ ထွက်ပေါ်လာမယ်လို့ မျှော်လင့်ထားပါတယ်။ လူမှုရေး ကာကွယ်စောင့်ရှောက်မှု Social Protection ဆိုတဲ့ စကားရပ်ဟာ ကျယ်ပြန့်လှသလို အပြည့်အဝ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ဖို့ ဆိုတာကလည်း ကျွန်တော်တို့လို ဖွံ့ဖြိုးဆဲနိုင်ငံ တစ်နိုင်ငံအတွက် ကြီးမားလှတဲ့ စိန်ခေါ်မှု တစ်ရပ်လည်း ဖြစ်ပါတယ်။ လူမှုရေးကာကွယ်စောင့်ရှောက်မှု ဆိုင်ရာ မဟာဗျူဟာမူဘောင် (Social Protection Strategy Framework) ကို ရေးဆွဲဆောင်ရွက်တဲ့နေရာမှာ ကဏ္ဍစုံဖြစ်ဖို့ လိုအပ်သလို အားလုံး ပါဝင်ဆောင် ရွက်နိုင်ဖို့လည်း အရေး ကြီးပါတယ်။ ပြီးတော့လည်း ကျွန်တော်တို့ အစိုးရအဖွဲ့က ဆောင်ရွက်နေတဲ့ အမျိုးသား လူမှု-စီးပွား ဖွံ့ဖြိုး တိုးတက်ရေး မဟာဗျူဟာများနဲ့လည်း အံဝင်ခွင်ကျ ဖြစ်ဖို့ လိုအပ်ပါ တယ်။ ကလေးသူငယ်များ၊ အားနည်းသူများ၊ သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများနဲ့ မသန်မစွမ်း သူများ အတွက် လူမှုအကာအကွယ် စီမံကိန်းများအပါအဝင် အလွှာစုံ၊ ကဏ္ဍစုံ လိုအပ်ချက်တွေကို အခြေခံပြီး မြန်မာ့လူမှုရေးကာကွယ်စောင့်ရှောက်မှုစနစ် (Myanmar Social Protection System) ကို ဖော်ထုတ်ရေးဆွဲကြရမှာ ဖြစ်ပါတယ်။

ကုလသမဂ်ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့ အစည်းတွေ၊ ပြည်တွင်း/ ပြည်ပ ပရဟိတအဖွဲ့အစည်းတွစေတဲ့ အဖွဲ့ အစည်းတွေရဲ့ ထောက်ပံ့ကူညီမှုတွေဟာလည်း လူမှုအကာအကွယ် ခြုံလွှမ်းနိုင်ရေး အတွက် အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေပါတယ်။ လူတန်းစားကွာဟချက် ရှိနေသေးသလို ဝင်ငွေဖြန့်ခွဲမှု မညီမမျှ ရှိနေဆဲဖြစ်တဲ့ ကျွန်တော်တို့နိုင်ငံမှာ ဒီလိုမညီမျှမှုတွေကြောင့် အားနည်းသူ ပြည်သူတွေ အတွက် အခက်အခဲ ဖြစ်နေခဲ့တာ ဖြစ်ပါတယ်။ လူမှုအကာအကွယ် ကွန်ရက် ဖြန့်ကျက် နိုင်ဖို့ ဆောင်ရွက်ကြတဲ့ နေရာမှာ နိုင်ငံအသီးသီးအနေနဲ့ ပကတိအခြေအနေမှန်ပေါ်မှာ မူတည်ပြီး မူဝါဒချမှတ်မှု အမျိုးမျိုး ကွဲပြားနေသော်လည်းပဲ ဦးတည်ချက်တွေ ကတော့ တူညီကြပါတယ်။

ကျွန်တော်တို့ နိုင်ငံမှာဆိုရင် ကျေးလက်ဒေသတွေနဲ့ နယ်စပ်ဒေသတွေဟာ ဖွံ့ဖြိုးမှု နောက်ကျ ကျန်ခဲ့တဲ့အတွက် လူမှု-စီးပွားရေး အခြေအနေများဟာလည်း မြို့ပြဒေသများနဲ့ နှိုင်းယှဉ်ရင် နိမ့်ကျနေတာကို တွေ့ရပါတယ်။ ဒေသဖွံ့ဖြိုးမှု ကွာခြားချက်များဟာ လမ်းပန်းဆက်သွယ်ရေး၊ အခြေခံ အဆောက်အအုံများနဲ့ စီးပွားရေးအခွင့်အလမ်းများ အပေါ် မူတည်ပြီး ပေါ်ပေါက်ခဲ့တာ ဖြစ် ပါတယ်။ ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့ နိုင်ငံတော်တာဝန်ကို စတင်ထမ်းဆောင်ရတဲ့ အချိန်မှာ ပထမဦးဆုံးအနေနဲ့ ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး မဟာ ဗျူဟာ ရေးဆွဲခဲ့ပြီး ဒီမဟာဗျူဟာ အတိုင်း အကောင်အထည် ဖော် ဆောင်ရွက်ခဲ့ပါတယ်။

ကျွန်တော်တို့ နိုင်ငံရဲ့ ဆင်းရဲနွမ်းပါးမှု နှုန်းထားဟာ ဒေသတွင်း နိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် မြင့်မားနေ ဆဲဖြစ်ပြီး၊ ဝင်ငွနေည်းတဲ့ပြည်သူတွရေဲ့ လူမှု-စီးပွား ဘက်စုံတိုးတက်လာရေးဟာ ကျွန်တော်တို့ အစိုးရအဖွဲ့ရဲ့ ဦးစားပေး လုပ်ငန်း တာဝန်တစ်ရပ်ပဲ ဖြစ်ပါတယ်။ မိုက်ခရိုအဆင့် လူမှု-စီးပွားရေး တိုးတက် မြင့်မားဖို့ ဆိုရာမှာလည်း မက်ခရိုစီးပွားရေး တည်ငြိမ်ကောင်းမွန်ရေးနဲ့ ဆက်စပ်နေ တာ ဖြစ်တဲ့အတွက် ဒုတိယဦးစားပေးအနေနဲ့ မက်ခရို စီးပွားရေးပြုပြင် ပြောင်းလဲမှု မဟာဗျူဟာကို ဆက်လက် ဖော်ဆောင်ခဲ့ပါတယ်။ ပြည်သူတစ်ဦးရဲ့ အခြေခံလိုအပ်ချက်ဟာ ကျန်းမာရေး စောင့်ရှောက်မှု အပြည့်အဝ ရရှိစေဖို့ ဖြစ်သလို လုံခြုံစိတ်ချရတဲ့ ဝင်ငွေ၊ တစ်နည်းအားဖြင့် အလုပ်အကိုင် ရရှိဖို့ ဖြစ်ပါတယ်။ ဒီလို အခွင့်အလမ်း ရရှိစေဖို့အတွက် ပညာသင်ကြားခွင့်၊ လူမှုအစောင့်အရှောက် အရိပ်အာဝါသကို ခိုလှုံနိုင်ခွင့်စတဲ့ အခွင့်အရေးတွေရရှိဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရအဖွဲ့လက်ထက်မှာ အလုပ်သမား အခွင့် အရေးတွေ၊ တောင်သူလယ်သမား အခွင့်အရေးတွေ တိုးတက်ရရှိစေဖို့ လိုအပ်တဲ့ ဥပဒေတွေ အသစ်ပြဌာန်းခြင်း၊ ပြင်ဆင်ချက်ဖြင့်ပြဌာန်းခြင်း၊ ခေတ်ကာလနှင့်မလျော်ညီသော ဥပဒေများကို ရုပ်သိမ်းခြင်းတို့ကို ဆောင်ရွက်နေသလို ကျေးလက်နေ ဝင်ငွေနည်းပြည်သူတွေအတွက် ယူနီ ဗာဆယ် ကျန်းမာရေး အာမခံ စနစ် ထူထောင်နိုင်ဖို့လည်း အလုပ်ရုံ ဆွေးနွေးပွဲတွေ ကျင်းပ ဆောင် ရွက်စေခဲ့ပါတယ်။

အလုပ်သမားများအတွက် ရသင့်ရ ထိုက်တဲ့ အခြေခံ လူမှုဖူလုံရေးတွေ ရရှိ ခံစားနိုင်စေရေးနဲ့ အနိမ့်ဆုံး လစာနှုန်းထား သတ်မှတ်နိုင်ရေး အတွက်ကိုလည်း ဥပဒေပြဌာန်း ဖို့ ဆောင်ရွက် နေပြီ ဖြစ်ပါတယ်။ ဂျီဒီပီ ကိန်းဂဏန်း တိုးတက်မှုသာမက ပြည်သူများ ရှင်သန်နေ ထိုင် နိုင်မယ့် လူမှုပတ်ဝန်းကျင်ကိုပါ တိုးတက် မှုတွေဖြစ်ပေါ် လာစေဖို့ ကျွန်တော်တို့ရဲ့ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ ကို ပြုပြင်ပြောင်းလဲမှုတွေ အရှိန်အဟုန် မြှင့်တင်ပြီး ဆောင် ရွက်နေပြီဖြစ်ပါ တယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာ ဒုတိယ အဆင့် (Second Save form Strategy) ကို အကောင်အထည် ဖော်မယ့် နည်းလမ်းတွေ အသေးစိတ်ချပြခဲ့ပြီး ဖြစ်ပါတယ်။

ဒီလို ပြုပြင်ပြောင်းလဲ မှုတွေ အရှိန်အဟုန်မြှင့်တင် ဆောင် ရွက်တဲ့ နေရာမှာ အခုလို လူမှုအကာအကွယ် အစောင့်အရှောက်တွေကို အားဖြည့်ပံ့ပိုး ပေးခြင်း အားဖြင့် ညီညွတ်မျှတပြီး သဟဇာတ ဖြစ်တဲ့ မြန်မာ့လူ့ဘောင်အဖွဲ့ အစည်းကို ကျွန်တော်တို့ ဝိုင်းဝန်းတည်ဆောက် နိုင်မယ်လို့ ယုံကြည်ထားပါတယ်။ ဒါပေမယ့် ဒီတာဝန်ကြီးဟာ ကျွန်တော် တို့လို ဖွံ့ဖြိုးဆဲနိုင်ငံ တစ်နိုင်ငံအတွက် ကြီးလေးတဲ့ တာဝန်ကြီးတစ်ရပ် ဖြစ်နေတယ် ဆိုတာကို လည်း ပွင့်ပွင့်လင်းလင်းပဲ ပြောကြားလိုပါတယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေ ရဲ့ ကူညီပံ့ပိုးမှု အများကြီးလိုအပ်ပါတယ်။ အင်နဲ့အားနဲ့ လက်တွဲပူးပေါင်း ဆောင် ရွက်သွားနိုင်မှသာ ကျွန်တော်တို့မျှော်မှန်းတဲ့ ကဏ္ဍစုံတွင် အားလုံးပါဝင်နိုင်သော မြန်မာ့ လူမှုရေးကာကွယ် စောင့်ရှောက်မှုစနစ် (Integrated and All Inclusive Myanmar Social Protection System) ကို ခိုင်ခိုင်မာမာ ထူထောင် တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

တက်ရောက် လာကြတဲ့ ပညာရှင်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ ကိုလည်း လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်ပါတယ်။ အားနည်းသူတွေ၊ ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုတွေ အတွက် လိုအပ်နေတဲ့ ကွက်လပ်တွေ ဖြည့်ပေးကြပါ၊ သူတို့ရဲ့ ရှင်သန်နေထိုင်မှု ဘဝအဓိပါယ်တွေ ပြည့်ဝလာအောင်၊ အလုပ်လက်မဲ့ ပြည်သူတွေ၊ ဝင်ငွေနိမ့်ပြည်သူ တွေ အတွက် မျှော်လင့်ချက်တွေ ရှင်သန်လာအောင် ကူညီပေးကြပါလို့ မေတ္တာရပ်ခံလိုပါတယ်။

ဧည့်သည်တော်များခင်ဗျား - ကျွန်တော်တို့ ပြည်သူတွေဟာလည်း ကမ္ဘာ့မိသားစုကြီးထဲက ကမ္ဘာ့ပြည်သူတွေ ဖြစ်သလို ဒီထဲမှာ ပါဝင်တဲ့ မသန်မစွမ်း သူတွေ၊ အဟာရ မပြည့်ဝတဲ့ ကလေး သူငယ်တွေ၊ ဆေးဝါးလိုအပ်ချက်ရှိနေတဲ့ အိတ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ် ဝေဒနာရှင် တွေနဲ့ အလုပ်လက်မဲ့ လူငယ်တွဟောလည်း အခြားနိုင်ငံက နိုင်ငံသားတွေလိုဘဲ ကမ္ဘာ့ပြည် သူတွေ ဖြစ်ပါတယ်။ ကျွန်တော် တို့နိုင်ငံမှာ လူမှုအကာအကွယ် လိုအပ်ချက်တွေ အများကြီး ရှိနေပါတယ်။ သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ လျစ်လျူရှုခြင်းနဲ့ အခွင့်အရေးတွေ ပိတ်ပင်တားမြစ်ခြင်းတို့ကို ခံကြရပါတယ်။ ကျွန်တော်တို့ အစိုးရအဖွဲ့ဟာ နိုင်ငံတကာအသိုင်းအဝိုင်းကို ဖိတ်ခေါ်ကမ်းလှမ်းပြီး တံခါးဖွင့် ကြိုဆိုနေပါတယ်။

ကျွန်တော်တို့ရဲ့ တံခါးဖွင့်မှုကို အပြုသဘောဖြင့်လက်ခံ ကြိုဆိုပြီး ပူးပေါင်းဆောင်ရွက်ကြဖို့ မေတ္တာ ရပ်ခံလိုပါတယ်။ ကျွန်တော်တို့ရဲ့ တံခါးဖွင့်လှစ်မှုဟာ ကျွန်တော်တို့နိုင်ငံက ပြည်သူတွေအားလုံး အတွက် ဖြစ်ပါတယ်။ ကျွန်တော်တို့ ပြည်သူတွေ၊ အထူးသဖြင့် လူမှုအကာအကွယ် စောင့်ရှောက် မှုတွေကို အရေးတကြီး လိုအပ်နေတဲ့ အားနည်းသူတွေအတွက် အမြန်ဆုံးအကူအညီ ပေးကြ ဖို့ ဖြစ်ပါ တယ်။ ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့ နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်အောင် အလေး ထား ဆောင်ရွက်နေတာဟာလည်း ဒီလိုအပ်ချက်တွေ ဖြည့်ဆည်းပေးဖို့ အဓိက ရည်ရွယ် တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံသားတွအေတွက် ကျွန်တော်တို့ အစိုးရအဖွဲ့မှာ တာဝန် ရှိတယ်ဆိုတဲ့ ခံယူချက်နဲ့ ဆောင်ရွက်နေပါတယ်။

လူမှုဖူလုံရေး၊ လူမှု အကာအကွယ် အစောင့် အရှောက်ဆိုတာ နိုင်ငံတော် အစိုးရရဲ့ စိတ်ရင်းစေတနာ အပြင် လူမှုရေးရန်ပုံငွေ (Social Financing) လို ဘဏ္ဍာရေးအရင်းအမြစ်တွေ အများကြီးလိုပါတယ်။ ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့ အလုပ်လက်မဲ့ ပြည်သူတွေ အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုရရှိရေး၊ အလုပ်သမားတွအေတွက် ခိုင်မာတဲ့ လူမှုဖူလုံရေး စောင့်ရှောက် မှုတွေ ရရှိရေးတို့အတွက် ဥပဒေများ ရေးဆွဲ ပြဌာန်းနိုင် ဖို့ ဆောင်ရွက်နေပါတယ်။ လူမှုအကာအကွယ် အစောင့်အရှောက် တိုးချဲ့ဆောင်ရွက်ရာမှာ ဥပဒေကြောင်းအရ အခိုင်အမာ အထောက်အကူပေး နိုင်ဖို့ လိုအပ်ပါတယ်။ ဒီဆွေးနွေးပွဲကနေ ကျွန်တော်တို့နိုင်ငံရဲ့ အခြေအနေမှန်ကို ထင်ဟပ်နိုင်တဲ့ ဥပဒေပြဌာန်းရေးဆိုင်ရာ အကြံပြုချက်တွေ ပေါ်ထွက်လာဖို့ကိုလည်း မျှော်လင့်ထားပါတယ်။

ကျွန်တော်တို့နိုင်ငံရဲ့ လူမှုဖူလုံရေး ဆောင်ရွက်ပေးနိုင်မှု စစ်တမ်း၊ တိုးမြှင့် ဖော်ဆောင်ပေးရမည့် လိုအပ်ချက်၊ မူဝါဒနှင့် မဟာဗျူဟာရေးဆွဲမှု၊ ချမှတ်လိုက်သော စီမံကိန်းကာလများအတွင်း အကောင်အထည်ဖော်နိုင်မှု ဆန်းစစ်ချက်၊ မူဝါဒဆိုင်ရာ ပြန်လည်ညှိနှိုင်းပြင်ဆင်ချက်စတဲ့ ကိစ္စရပ်တွေအပေါ် ရေ ရှည်စောင့်ကြည့်လေ့လာ သွားနိုင်ဖို့အတွက် အမျိုးသားအဆင့် အဆင့်မြင့် အဖွဲ့အစည်းတစ်ရပ် ဖွဲ့စည်းဆောင်ရွက်ဖို့ လိုအပ်မယ်လို့ အကြံပြု ပြောကြားလိုပါတယ်။ ဒီအဖွဲ့အစည်းမှာ နိုင်ငံတကာ တတ်သိပညာရှင်တွေ၊ နိုင်ငံတကာ အဖွဲ့အစည်းများက ကိုယ်စားလှယ်တွေ၊ ပြည်တွင်းပြည်ပ အလှူရှင်/ အဖွဲ့အစည်းများက ကိုယ်စားလှယ်တွေ ပါဝင်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းက ချမှတ်လိုက်တဲ့ မဟာဗျူဟာ ကို လေ့လာဆန်းစစ်ပြီး လက်တွေ့ အကောင်အထည်ဖော်နိုင်မှုအပေါ် တွေ့ရှိသုံးသပ်ချက်တွကေို မူဝါဒချမှတ်သူတွေနဲ့ ပြည်သူလူထု သိရှိအောင် တင်ပြပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

နိဂုံးချုပ်အနေနဲ့ - ဒီညီလာခံကနေပြီးတော့ ကျွန်တော်တို့နိုင်ငံရဲ့ လူမှုရေးကာကွယ် စောင့်ရှောက်မှု အတွက် ရှေ့ဆက်မယ့် မဟာဗျူဟာတွေ၊ လုပ်ငန်းအစီအစဉ်တွေကို ဖော်ထုတ်ပေးဖို့ တိုက်တွန်းပြောကြားလိုပါတယ်။ ဒီမဟာဗျူဟာ၊ လုပ်ငန်း အစီအစဉ်တွေမှာ ကျွန်တော်တို့ အစိုးရအဖွဲ့က ဆောင်ရွက်နေတဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးလုပ်ငန်း စဉ်တွေနဲ့လည်း ဟန်ချက်ညီညီ ချိတ်ဆက် ဆောင်ရွက်နိုင်မယ့် အစီအစဉ်တွကေိုလည်း အကြံပြု ပေးကြစေလိုပါတယ်။ ကျွန်တော်တို့ ပြည်သူတွေအတွက် မဟာဗျူဟာ သဘောဆောင်ပြီး လက်တွကျေ့တဲ့ အကျိုးရလဒ်ကို ဖော်ဆောင်ပေးကြပါ လို့ တိုက်တွန်း ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

(သတင်းစဉ်)

0 comments: