စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Tuesday, June 26, 2012

တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ ခိုလှုံနေကြတဲ့ ကချင် တိုင်းရင်းသား စစ်ပြေးဒုက္ခသည် တသောင်းလောက်ဟာ စားနပ်ရိက္ခာနဲ့ သောက်သုံးရေ ချို့တဲ့နေတဲ့အတွက် နိုင်ငံတကာ အကူအညီ အရေးပေါ် လိုအပ်နေ





တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ ခိုလှုံနေကြတဲ့ ကချင် တိုင်းရင်းသား စစ်ပြေးဒုက္ခသည် တသောင်းလောက်ဟာ စားနပ်ရိက္ခာနဲ့ သောက်သုံးရေ ချို့တဲ့နေတဲ့အတွက် နိုင်ငံတကာ အကူအညီ အရေးပေါ် လိုအပ်နေကြောင်း အမေရိကန် နိုင်ငံ အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေး အဖွဲ့ HRW က အစီရင်ခံစာ ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

ကချင် ဒုက္ခသည်တွေကို ယာယီ ခိုလှုံခွင့် ပေးဖို့နဲ့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်း တွေရဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေကို လက်ခံပေးဖို့လည်း တရုတ် အစိုးရကို HRW အဖွဲ့က မေတ္တာ ရပ်ခံလိုက်ပါတယ်။

ယူနန်ပြည်နယ် အတွင်းမှာ ခိုလှုံနေကြတဲ့ ကချင် စစ်ပြေး ဒုက္ခသည်တွေ
ဟာ သောက်သုံးရေနဲ့ နေရာထိုင်ခင်း မလုံလောက်တာ အပြင် ဆေးဝါးနဲ့ သန့်ရှင်းမှု မရှိတာတွေကြောင့် အခက်အခဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒုက္ခသည် ကလေးငယ်တွေဟာ ယူနန်ပြည်နယ်ထဲမှာ လပေါင်းများစွာ နေထိုင်ရတာကြောင့် ကျောင်းတက်ခွင့်လည်း မရှိတော့သလို၊ လူကြီးတွေ အနေနဲ့ နေ့စား အလုပ်သမားတွေ အဖြစ် အလုပ်အကိုင် ရှာဖွေကြရာမှာလည်း ဖိနှိပ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

လက်ရှိ ဒုက္ခသည်တွေကို ယူနန်ပြည်နယ်အတွင်းမှာ ရှိတဲ့ ခရစ်ယာန် ဘာသာရေး အဖွဲ့အစည်းတွေနဲ့ တခြား လူမှုရေး အဖွဲ့တွေက ကူညီနေကြပေမယ့် အဲဒီ အဖွဲ့တွေမှာလည်း ရန်ပုံငွေ မရှိတာကြောင့် လုံလောက်အောင် ထောက်ပံ့ မပေးနိုင်ဘူးလို့ သိရပါတယ်။

ကချင်ပြည်နယ် နဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် အတွင်းမှာ ထွက်ပြေး ပုန်းရှောင်နေကြရတဲ့ ကချင်စစ်ပြေး ဒုက္ခသည် ၇ သောင်း ၅ ထောင်လောက်
ရှိမယ်လို့ HRW အဖွဲ့က ခန့်မှန်းထားပါတယ်။

RFA Burmese

0 comments: