စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Thursday, June 21, 2012

ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော အခြေအနေများနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် ဥပဒေချုပ်မှ သတင်းစာရှင်းလင်းပွဲ ပြုလုပ်





ယနေ့ (ဇွန်လ ၂၁နေ့) မွန်လွဲ ၂နာရီခွဲခန့်တွင် ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းမှ သတင်းထောက်များကို တွေ့ဆုံခဲ့ပြီး ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော အခြေအနေများနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့ပါသည်။

အဆိုပါရှင်းလင်းမှုတွင် စစ်တွေမြို့အခြေအနေနှင့် ပတ်သက်ပြီး စစ်တွေမြို့ရှိ ဒုက္ခသည် ၄၅၀၀၀ ခန့်အတွက် ၃ လစာ ရိက္ခာအလုံအလောက်ရှိကြောင်း၊ အခြေခံပညာကျောင်းများကို ပြန်လည်ဖွင့်လှစ်နိုင်ရန် အမြန်ဆုံး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ စစ်တွေမြို့မဈေးကို လာမည့်အပတ်တွင် ဖွင့်လှစ်နိုင်ရန်ဆောင်ရွက်နေကြောင်းနှင့် စစ်တွေမြို့ပေါ်ရှိ ဘင်္ဂလီဒုက္ခသည်များ၏ အိမ်ထောင်စုစာရင်ကို လူဝင်ကြီးကြပ်ရေးဦးစီဌာနမှ အတိအကျ စာရင်းကောက်ခံနေကြောင်း ၄င်းမှ ပြောကြားခဲ့ပါသည်။

ထို့အတူ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကူတောင်(အောက်)ကျေးရွာနှင့် အနောက်ပြင်ရွာတို့၏ ဖြစ်စဉ်နှင့် ပတ်သက်သည်များကိုလည်း ရှင်းလင်းခဲ့ပြီး အနောက်ပြင်ရွာမှ ၄ ပေအရှည်ရှိသော တူးမီးသေနတ် ၁ လက်နှင့် လှံတစ်ချောင်း သိမ်းဆီးရမိခဲ့ကြောင်းနှင့် အနောက်ပြင်ရွာမှ သံသရရှိသူ ၂၂ ဦးကို ဖမ်းဆီးထားကြောင်း ၄င်က ဆက်လက် ပြောကြားခဲ့ပါသည်။

ကူတောင်(အောက်)ကျေးရွာနှင့် အနောက်ပြင်ရွာတို့၏ ဖြစ်စဉ်မှာ ဇွန်လ(၁၉)ရက် နံနက် ၆နာရီ ၀န်းကျင်ခန့်တွင် ကူတောင်(အောက်) ကျေးရွာသို့ ဘင်္ဂါလီရိုဟင်ဂျာများ ၀င်ရောက်မီးရှို့ရာမှ အကြမ်းဖက်မှုတစ်ရပ် ဖြစ်ပေါ်ခဲ့ကြောင်းနှင့် လုံခြုံရေး တပ်ဖွဲ့များရုပ်သိမ်းပြီး နှစ်ရက်အကြာတွင် ယခုကဲ့သို့ အဓိကရုဏ်းဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများ၏ ဆက်သွယ် သတင်းပေးချက်အရ သိရှိရပါသည်။

Eleven Media Group

0 comments: