စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Saturday, June 30, 2012

ဥရောပနိုင်ငံများသို့၁၇ ရက်ကြာသွားရောက်ခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ပြည်လည်ရောက်ရှိလာသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အားပြည်သူလူထုကြီးမှ တခဲနက်ကြိုဆို


နံနက် ၁၀ နာရီ ၄၅ မိနစ်မှာ ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံကို ပြန် လည်ရောက်ရှိခဲ့ပါတယ်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် မှာ ဒေါ်အောင်ဆန်းစုကြည်ကို လာရောက်ကြိုဆိုသူများကို အခုလိုတွေ့မြင် ရပါတယ်။


ဗဟိုကော်မတီဝင် ဦးဝင်းတင် လည်းလာရောက်ကြိုဆို


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လာရောက်ကြိုဆိုသည့် အနုပညာရှင်အချို့


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အသွားလမ်းတလျောက် ကြိုဆိုရန် စောင့်ဆိုင်းနေကြသူများ


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကို ယနေ့ ဇွန်လ ၃၀ ရက် နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အသွားလမ်းတလျောက် ပြည်သူအများက ကြိုဆိုရန် စောင့်ဆိုင်းနေခဲ့ကြပါတယ်။


ဒေါ်အောင်ဆန်းစုကြည်ဥရောပခရီးစဉ်မှ ရန်ကုန်မြို့ သို့ ပြန်လည်ရောက်ရှိ
လာစဉ်


ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဒေါက်တာဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုရန် စောင့်ဆိုင်းနေကြသူ
များ။

ဓာတ်ပုံ- ဥက္ကာကိုကို


ရန်ကုန်လေဆိပ်သို့ ပြန်လည်ရောက်ရှိလာသော ဒေါ်အောင်ဆန်း စုကြည် -ဓါတ်ပုံ ဂျေမောင်မောင် ( အမရပူရ )


ရန်ကုန် လေဆိပ် သို့  ဆိုက် ရောက်လာစဉ် ကြို ဆိုသူ များ နှင့် အတူ တွေ့ 
ရသည့် ဒေါ်အောင်ဆန်းစုကြည်။


ဒေါ်အောင်ဆန်းစုကြည် ၏ ဥရောပ ခရီးစဉ် ဓာတ်ပုံ များ ကို ကြို ဆို နေသူ များ က ဗီနိုင်း ၊ ပိုစတာ များ ထုတ် ပြီး ကြို ဆို ကြသည် ဟု သိရသည်။

Photo credit to : The Voice Weekly.


ရန်ကုန် နိုင်ငံ တကာ လေဆိပ် တွင် ဒေါ်အောင်ဆန်းစုကြည် ကို ကြို ဆို ရန်စောင့် ဆိုင်း နေသူ များ Photo credit to : Messenger Journal .






ဥရောပနိုင်ငံများသို့ ၁၇ ရက်ကြာသွားရောက်ခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ပြည်လည်ရောက်ရှိလာမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကို ယနေ့ ဇွန်လ ၃၀ ရက် နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ပြည်သူအများက ကြိုဆိုရန် စောင့်ဆိုင်းနေခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်စီးနင်းလိုက်ပါလာသော လေယာဉ်မှာ မြန်မာစံတော်ချိန် ကိုးနာရီခွဲခန့်တွင် ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်မှထွက်ခွာလာပြီဖြစ်ကြောင်းသိရပါတယ်။


ဓာတ်ပုံများ- The Messenger's facebook

မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၁၇ ရက်ကြာ ဥရောပ ခရီးစဉ် သွားရောက်ခဲ့ပြီး အပြန် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ နေအိမ် အထိ လမ်းတလျှောက် မြန်မာနိုင်ငံသူ နိုင်ငံ သားများ က သောင်းသောင်းဖျဖျ ကြိုဆိုရေး မြင်ကွင်း တချို့ပါ။


ဒေါ်အောင်ဆန်းစုကြည်အနေနဲ့  မြန်မာကို ကမ္ဘာက သိအောင် လုပ်ပြနိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံသားတဦး ပီပီ အထူးသဖြင့် ဗိုလ်ချုပ် အောင်ဆန်းရဲ့ သမီး တယောက်ပီပီ ကမ္ဘာမှာ ပြိုင်စံရှားလောက်အောင် နိုင်ငံရေး သဘောတရားအမြင်တွေနဲ့  အတွေးအခေါ် ဒဿနာပိုင်းဆိုင်ရာတွေကို ချပြနိုင်ခဲ့တာတွေဟာ နိုင်ငံ တကာ ခေါင်းဆောင်တွေ လက်ဖျားခါရ လောက်အောင် စံတင်နိုင်ခဲ့ပါတယ်။

ဒါကြောင့်လည်း နိုင်ငံတကာ ခေါင်းဆောင်တွေက လက်ခုပ်လက်ဝါးတီးကာ အသိအမှတ်ပြု ဂုဏ်ပြုခဲ့ကြတာပါ။

တိုင်းပြည်ရဲ့ တကယ့် သံကောင်း တမန်ကောင်း အဖြစ် ကမ္ဘာ့အလယ် တင့်တယ်စေခဲ့ပြီး မြန်မာ့ဂုဏ်ကို မြင့်မြင့် မားမား ဆောင်နိုင် ခဲ့တာကြောင့် အိမ်အပြန်လမ်း စောင့်ကြိုသူများက အနီရောင် ၀တ်စုံဝတ်သူက ၀တ်၊ အရောင် အသွေး စုံစုံလင်လင်နဲ့ NLD အလံတွေကတော့ လှုပ်ရမ်းပြီး စည်ကားနွေးထွေးစွာ ကြိုဆိုနေကြ တာပါ။

0 comments: