ဒီနေ့(ဇွန်လ ၂၆ ရက်)၊နံနက် ၁၀ နာရီက ရန်ကုန်မြို့၊ရွှေဂုံတိုင်လမ်းမှာရှိတဲ့ တော်ဝင်နှင်းဆီ မှာ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကျဆုံးတဲ့ ၃၆ နှစ်မြောက် နေ့အခမ်းအနား ပြုလုပ်ခဲ့ပါတယ်။ NLD မှ ဦးဝင်းတင်၊ကျောင်းသားခေါင်းဆောင်ဟောင်း ဦးလှရွှေ၊ ၈၈ မှ ကိုမင်းကိုနိုင်၊ ဗကသ မှ ကျော်ကိုကို၊ စသဖြင့် နိုင်ငံရေးအကျဉ်းသားဟောင်းတွေစုံလင်စွာ တက်ရောက် ကြပါတယ်။ (Photos: DVB)
မြန်မာနိုင်ငံ ကျောင်းသားလှုပ်ရှားမှု သမိုင်းမှာ ထင်ရှားတဲ့
ကျောင်းသားခေါင်းဆောင် ဆလိုင်း တင်မောင်ဦး ကျဆုံးတဲ့နေ့ကို “မြန်မာနိုင်ငံ နိုင်ငံရေး အကျဉ်းသားများနေ့” အဖြစ် သတ်မှတ်ဖို့ ၁၉၇၄- ၇၅- ၇၆ နိုင်ငံရေး မျိုးဆက်တွေက ဒီကနေ့ အဆိုပြု လိုက်ကြပါတယ်။
ကိုတင်မောင်ဦး ကျဆုံးတဲ့ ၃၆ နှစ်မြောက် အောက်မေ့ဘွယ် အခမ်းအနားကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီ သီရိခန်းမမှာ ဒီနေ့ မနက်က ကျင်းပခဲ့ရာမှာ ၇၄- ၇၅ - ၇၆ နိုင်ငံရေး မျိုးဆက်တွေက ဒီအဆိုကို တင်သွင်းခဲ့ကြသလို၊ အခမ်းအနား တက်ရောက်သူတွေကလည်း ထောက်ခံခဲ့ကြပါတယ်။
ကိုတင်မောင်ဦးဟာ မဆလ-တပါတီ အာဏာရှင် အစိုးရကို တော်လှန်ဖို့ ကြိုးစားခဲ့တဲ့အတွက် လက်ဝဲ-လက်ယာ အဖျက်သမားအဖြစ် မဆလ အစိုးရက စွပ်စွဲပြီး သူ့ကို ၁၉၇၆ ခုနှစ်က အင်းစိန် အကျဉ်းထောင်မှာ ကြိုးပေး ကွက်မျက်ခဲ့ပါတယ်။
ဒီနေ့ အခမ်းအနားမှာ သတင်းစာ ဆရာကြီး ဦးဝင်းတင်၊ ၁၉၆၂ ခုနှစ် တကသ အမှုဆောင်ဟောင်း ဦးလှရွှေ၊ ၁၉၈၈ ခုနှစ် ဗကသများ အဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုမင်းကိုနိုင်၊ လက်ရှိ ဗကသများ အဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်ကိုကိုနဲ့ ကျဆုံးသူ ကိုတင်မောင်ဦးရဲ့ ညီ အပါအဝင် ခရစ်ယာန် ဆရာတော်တပါးက ကိုတင်မောင်ဦး အမှတ်တရ စကားတွေ အသီးသီး ပြောခဲ့ကြပါတယ်။









ဆလိုင်းတင်မောင်ဦး အမှတ်တရ ရုပ်သံမှတ်တမ်း။ (မောင်တူး)
DVB
0 comments:
Post a Comment