စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်
Showing posts with label Photo. Show all posts
Showing posts with label Photo. Show all posts

Thursday, December 27, 2012

NLDပညာရေး ကွန်ရက် (၂)နှစ်ပြည့် ရန်ပုံငွေပွဲတော်

ဒီဇင်ဘာ ၂၇ ရက်နေ့တွင်ကျင်းပပြုလုပ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ပညာရေးကွန်ရက် ၂နှစ်ပြည့် ရန်ပုံငွေပွဲတော် ကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက် ဖွင့်လှစ်ခဲ့ပါသည်။ (ဓာတ်ပုံ - အောင်နေမျိုး တိုက်ရိုက်ပေးပို့သည်)

Sunday, September 23, 2012

နယူးယောက်မြို့က မြန်မာမိသားစုနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံပွဲ

အမေရိကန် ပြည်ထောင်စုကို ရောက်ရှိနေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နယူးယောက်မြို့က စက်တင်ဘာလ ၂၂ ရက်နေ့က မြန်မာ မိသားစုများနဲ့ တွေ့ဆုံစဉ်က မေးမြန်း ဖြေ ကြားမှု အသံဖိုင်ဖြစ်ပါတယ်။ ပြန်လည် နားထောင်လိုသူများ အတွက် ဖော်ပြပေး လိုက်ပါတယ်။ Queens Collegeမှာ 22.9.2012ဒီကနေ့ည ပြုလုပ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၏ဟောပြောပွဲ အသံဖိုင်

Saturday, August 18, 2012

ကောင်းရောကွာ ....အဟက်အဟက်...


Barbar Lay - facebook မှ

Friday, August 3, 2012

ကနေဒါ Caribean ရိုးရားပွဲတော်


ကနေဒါနိုင်ငံ၊ တော်ရန်းတိုးမြို့တွင် ၄၅ ကြိမ်မြောက် Toronto Caribbean Carnival ရိုးရားပွဲတော်ကျင်းပနေမှုအား ယကျင်းပခဲ့သည်။

ပွဲတော်မှ King and Queen Competition ကျင်းပနေမှုဖြစ်ပြီး အနုပညာဖန်တီးမှု၊ဝတ်ဆုံများနှင့် ကပြယှဉ်ပြိုင်နေသော Performer များကို ယခုကဲ့သို့တွေ့မြင် ရသည်။
---










Ref:news.cn

Saturday, July 21, 2012

လိင်ပြောင်း အမျိုးသမီး (လေဒီဘွိုင်း) တို့ အလှမယ်ရွေးပွဲ

လိင်ပြောင်း အမျိုးသမီး (လေဒီဘွိုင်း) တို့ အလှမယ်ရွေးပွဲ


















Ref:news.cn

အိုင်တီ ဦးခင်ရွှေ


လွှတ်တော်ထဲ iPad သုံးနေသူကတော့ ဇေကမ္ဘာဦးခင်ရွှေဖြစ်ပါတယ်။

မြန်မာ့ရိုးရာ ကျောက်သင်ပုန်းနဲ့ ပုံစံတူတဲ့ ခေတ်ပေါ်အီလက်ထရွန်နစ်ပစ္စည်း iPad ဟာ အမတ်တိုင်း မကိုင်ကြပါဘူး။
တန်ဘိုးကြီးတဲ့အတွက် မ၀ယ်ကြတာ မဟုတ်ဘဲ သုံးဖို့ အခြေအနေ မပေး၊ မလိုအပ်တဲ့အတွက် ၀ယ်မကိုင်ကြတာ ဖြစ်ပါလိမ့်မယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ရိုက်ကူးထားတဲ့ ဒီဓာတ်ပုံထဲမှာ ဦးခင်ရွှေက ထိတွေ့မျက်နှာပြင် touch screen ကို ပွတ်သပ်ပြီး စာဖတ်နေလို့ တော်ပါသေးရဲ့။
ဂိမ်းဆော့နေတာ ဆိုရင်တော့ သေပြီဆရာ။
မြေယာဥပဒေဆိုင်ရာတွေ ဖတ်နေသလား၊ ဘာတွေ ဖတ်နေသလဲ ဆိုတာတော့ မသိရပါဘူး။

ဘာပဲပြောပြော အိုင်တီအမတ်တွေ လွှတ်တော်ထဲရှိနေတာ ကောင်းပါတယ်လေ။

ဧရာဝတီ

Friday, July 20, 2012

အာဇာနည်နေ့ မြင်ကွင်းများ

ယနေ့ အာဇာနည်နေ့ အခမ်းအနားသို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ.. တက်ရောက် လွမ်းသူပန်းခွေချ ခဲ့ပါတယ်..
လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုအပ်ပါသည်။။
Reuters

မကွေး တိုင်း နတ်မောက် မြို့  ရှိ ဗိုလ်ချုပ် အောင်ဆန်း မွေးဖွား ခဲ့ သည့် အိမ်
ကို ပြည်သူ များ က အာဇာနည် နေ့  တွင် လာရောက် ကြည့် ရှု ဂါရ၀ ပြု စဉ်
Photo Credit : Moe Zaw Nyo

၆၅ နှစ်မြောက် အာဇာနည်နေ့တွင် အာဇာနည်ဗိမာန်သို့ တက်ရောက် ဂါရ၀ပြု ရန် စောင့်ဆိုင်းနေကြသော လူထုကြီးကို နေ့လည် ၁၁ နာရီ ၄၅ မိနစ်တွင် တွေ့ရစဉ်။
ဓာတ်ပုံ- ဥက္ကာကိုကို


အာဇာနည်ကြီး ဦးရာဇာတ် နှင့် ရဲ ဘော်ကိုထွေးတို့ အား မိသားစုဝင်များ ဂါရ၀ပြု
-----------------------------
ဆရာကြီးဦးရာဇတ် နှင့် ရဲဘော် ကိုထွေး တို့အား မြှုပ်နှံထားရာ တာမွေဥယျာဉ်ရှိ အုတ်ဂူသစ် ရှေ့တွင် ရဲဘော် ကိုထွေး ၏ မိသားစုဝင်များလာရောက် ဆု တောင်းစဉ် (ဓာတ်ပုံကို ရဲဘော် ကိုထွေး၏ မြေးတော်စပ်သူ မမော်မော်မှကျေးဇူးပြုပါသည်)

We Fight We Win က အာဇာနည် ဆရာကြီး ဦးရာဇတ်နှင့် ရဲဘော်ထွေးအား ဦးညွတ်အလေးပြုလိုက်ပါသည်။



မြိတ်မြို့နယ် NLD မှအာဇာနည်နေ့ ချီတက်အလေးပြုခြင်းနှင့်စာတမ်း ကဗျာရွတ်ဆိုပွဲ
---------------------------------------------
မြိတ်မြို့နယ် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်မှ ၆၅နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားအား
ချီတက် အလေးပြုခြင်းကို 19.7.2012 ရက်နေ့ နံနက်၉နာရီမှ စတင်ပြီးရုံးခန်းမှ ထွက်ခွါကာ
ကား၂၄စီးဆိုင်ကယ်၅၀စီးကျော်ခန့်ဖြင့် စနစ်တကျ ချီတက်ခဲ့ကြပါသည်။

အဖွဲ့ချုပ် ရပ်/ကျေးရုံးများက လည်းလွမ်းသူပန်းခွေ များကိုင်ဆောင် ကာမြိတ်မြို့၊ အာဇာနည်
ကျောက်တိုင်သို့ ချီတက်အလေးပြု ခဲ့ကြပါသည်။ ၈၈မျိုးဆက်ကျောင်း သားများ၅၀ဦးခန့်
တက်ရောက် လာခဲ့ကြပါသည်။ အလေးပြုခြင်း အခမ်းအနားမ စတင်မှီမိုးဆက် တိုက်ရွာသွန်း
နေသည့်ကြားကပင် မြိတ်အဖွဲ့ချုပ်အဖွဲ့ဝင်များကအလေးပြုခြင်းအခမ်းအနားကို10:37မိနစ်
တွင်စတင်ခဲ့ပါသည်။အစီအစဉ်အရမြန်မာနိုင်ငံတော်အလံအားအလေးပြုခြင်း၊အဖွဲ့ချုပ်အလံ
တော်အားအလေးပြုခြင်း၊ကျဆုံးလေပြီးသောအာဇာနည်ခေါင်းဆောင်များအား
အလေးပြုခြင်း၊ဒီမိုကရေစီအရေးတော်ပုံအဆင့်ဆင့်တွင်ကျဆုံးလေပြီးသော
ရဟန်းရှင်၊လူ၊ကျောင်းသားပြည်သူများအားအောက်မေ့သောအားဖြင့်တစ်မိနစ်
ခန့်ငြိမ်သက်ခြင်း၊များပြုလုပ်ပြီးနောက်နေ့လည်11နာရီဝန်းကျင်ခန့်တွင်ရုတ်သိမ်းခဲ့ပါသည်။

အလေးပြုခြင်းအခမ်းအနားသို့တနသာင်္ရီတိုင်းဒေသကြီးညီလာခံကျင်းပရေး
ကော်မတီမှဦးသန်းထွန်းဦးဆောင်ကာတက်ရောက်လာသောပါတီဝင်စုစုပေါင်း၁၀၀၀ဦးနီပါး
လောက်ရှိကြောင်းသိရှိရပါသည်ဆက်လက်ပြီးနောက်မြိတ်မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး
သို့ပြန်လည်ရောက်ရှိလာပြီးနောက်ကျဆုံးလေပြီးသောဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ
အာဇာနည်များအားရည်စူးပြီးသံဃာတော်၅ပါးအားနေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပါသည်။

နေ့လည်၁နာရီအချိန်တွင်အာဇာနည်နေ့အထိမ်းအမှတ်စာပေဟောပြောပွဲများ
ကိုပြုလုပ်ကျင်းပကာမွန်းလွဲ၃နာရီခွဲခန့်တွင်အခမ်းအနားကိုအောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။

ကိုဥက္ကာ(သတင်းနှင့်ပြန်ကြားရေး)

ဖခင် ဖြစ်သူ ဗိုလ်ချုပ် အောင်ဆန်း နှင့် အာဇာနည် ခေါင်းဆောင် ကြီးများ
ကို ဂါရ၀ ပြု နေသည့် ဒေါ်အောင်ဆန်းစုကြည်။

၆၅ နှစ်မြောက်အာဇာနည်နေ့အခန်းအနားတွင်အာဇာနည်ခေါင်းဆောင်ကြီးများအား စစ်သည်တော်များကစစ်ရေးပြအလေးပြုနေပုံ..

အာဇာနည်ခေါင်းဆောင်များကို ဂါရဝပြုရန် လာရောက်စောင့်ဆိုင်းနေသူများအား ရွှေဂုံတိုင်လမ်းမကြီးတွင် တွေ့ရစဉ်






ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် (အမျိုးသား ဒီမိုကရေစီ ပါတီသစ်၊ ဥက္ကဌ)မှ အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် ဗိုလ်ချုပ်အောင်ဆန်း၏ ဘ၀ရုပ်ပုံလွှာများအား ဟောပြောနေစဉ်


ဆရာ ဟိန်းလတ်မှ အာဇာနည်နေ့အကြောင်း ဟောပြောနေစဉ်