စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Friday, February 8, 2013

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်(လေ)ကို ဆက်သွယ်ရေး သတင်းအချက်နှင့် နည်းပညာ ၀န်ကြီးခန့်အပ်ရန် အဆိုပြု

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်(လေ) အဖြစ် တာဝန်ထမ်းဆောင်နေသော ဗိုလ်ချုပ်ကြီး မြတ်ဟိန်းကို ဆက်သွယ်ရေး သတင်းအချက်နှင့် နည်းပညာဌာန ၀န်ကြီးအဖြစ် ခန့်အပ်ရန် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က အဆိုပြုခဲ့ကြောင်း သိရှိရပါသည်။

ဗိုလ်ချုပ်ကြီး မြတ်ဟိန်းအား ဆက်သွယ်ရေး သတင်းအချက်နှင့် နည်းပညာ ၀န်ကြီး ခန့်အပ်ရန်အတွက် ဖေဖော်ဝါရီ ၈ ရက်နေ့က ကျင်းပခဲ့သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို့ နိုင်ငံတော် သမ္မတက သ၀ဏ်လွှာ ပေးပို့ခဲ့ခြင်း ဖြစ်ပါသည်။ ဗိုလ်ချုပ်ကြီး အဆင့်ရှိ ကာကွယ်ရေး ဦးစီးချုပ်(လေ)ကို ပြည်ထောင်စု ၀န်ကြီးအဖြစ် ခန့်အပ်ရန် အဆိုပြုခဲ့ခြင်းမှာ အစိုးရသစ်လက်ထက် ပထမဆုံး အကြိမ်အဖြစ် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါသည်။

 ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးသိန်းထွန်းကို ဇန်န၀ါရီလ ၁၆ ရက်နေ့က ရာထူးမှ နုတ်ထွက်ခွင့်ပြုပြီးနောက် လစ်လပ်လျက် ရှိနေသော နေရာကို ဗိုလ်ချုပ်ကြီး မြတ်ဟိန်းဖြင့် အစားထိုးရန် နိုင်ငံတော် သမ္မတက အဆိုပြုခဲ့ခြင်း ဖြစ်ပါသည်။ ထို့အပြင် နယ်စပ်ရေးရာ ၀န်ကြီးအဖြစ် တာဝန် ထမ်းဆောင်နေသော ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဋ္ဌေးကို စစ်ဘက်ရာထူး ပြန်လည် ထမ်းဆောင်ရန် ဖေဖော်ဝါရီလ ၈ ရက်နေ့က ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့ခဲ့သော နိုင်ငံတော် သမ္မတ၏ သ၀ဏ်လွှာတွင် ထည့်သွင်း ဖော်ပြခဲ့ပါသည်။

ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဋ္ဌေးကို စစ်ဘက် ရာထူး ပြန်လည် ထမ်းဆောင်စေခြင်းနှင့် အတူ လစ်လပ်သွားသော နယ်စပ်ရေးရာ ပြည်ထောင်စု ၀န်ကြီး နေရာအတွက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းကို ပြည်ထောင်စု ၀န်ကြီးအဖြစ် ခန့်အပ်ရန် နိုင်ငံတော် သမ္မတက အဆိုပြုခဲ့ပါသည်။ နိုင်ငံတော် သမ္မတ အနေဖြင့် ပြည်ထောင်စု ၀န်ကြီးများ ခန့်အပ်ရာတွင် ကာကွယ်ရေး ၀န်ကြီးဌာန၊ ပြည်ထဲရေး ၀န်ကြီးဌာနနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဌာနများအတွက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံမှ သင့်လျော်သည့် တပ်မတော် သားများ၏ အမည် စာရင်းကို ရယူ ရမည် ဖြစ်ကြောင်းနှင့် ကာကွယ်ရေး ၀န်ကြီးဌာန၊ ပြည်ထဲရေး ၀န်ကြီး ဌာနနှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာနများ အပြင် အခြား ၀န်ကြီး ဌာနများတွင် တပ်မတော်သားများအား ပြည်ထောင်စု ၀န်ကြီးများအဖြစ် ခန့်အပ် တာဝန်ပေးလိုပါက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ညှိနှိုင်း ဆောင်ရွက် ရမည် ဖြစ်ကြောင်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ သိရှိရပါသည်။

 ဇန်န၀ါရီလ ၁၆ ရက်နေ့က ဦးသိန်းထွန်းကဲ့သို့ ရားထူးမှ နုတ်ထွက်ခွင့်ပြုခဲ့သည့် သာသနာရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး သူရ ဦးမြင့်မောင်၏ နေရာကို ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးဆန်းဆင့်အား တာဝန်ထမ်းဆောင်ရန် နိုင်ငံတော် သမ္မတက ဖေဖော်ဝါရီလ ၅ ရက်တွင်ခန့်အပ် တာဝန်ပေးအပ်ခဲ့ပါသည်။

 Eleven Media Group

0 comments: