စာဖတ်နေသူပေါင်း
We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်
Wednesday, February 6, 2013
ဇေကမ္ဘာဦးခင်ရွှေကလယ်ယာမြေပြသနာများနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ဘာလုပ်ပေးမလဲဟုမေးခွန်းထုတ်၊ ကျူးကျော်ဝင်ရောက်လာသူများကိုရိုက်တော့မည်ဖြစ်ပြီး၊ နေမျိုးဝေကိုလည်း ကြိုးချည်ဖို့ ပြင်ထားဟုဆို...
Credit to : Nay Wai 
 ဇေကမ္ဘာဦးခင်ရွှေကလယ်ယာမြေပြသနာများနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ဘာလုပ်ပေးမလဲဟုမေးခွန်းထုတ်၊ ကျူးကျော်ဝင်ရောက်လာသူများကိုရိုက်တော့မည်ဖြစ်ပြီး၊ နေမျိုးဝေကိုလည်း ကြိုးချည်ဖို့ ပြင်ထားဟုဆို
လယ်ယာမြေအငြင်းပွားမှုပြသနာနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ဘာလုပ်ပေးမလဲဟု ဇေကမ္ဘာဦးခင်ရွှေက မေးခွန်းထုတ်ခဲ့ပြီး၊ ကျူးကျော်ဝင်ရောက် လာသူများကိုလည်း ရိုက်တော့မည်ဟု လယ်ယာမြေနှင့် အခြားမြေစုံစမ်းစစ်ဆေးရေးအစည်းအဝေးတွင် ပြောကြားခဲ့သည်။
“အခု ကျွန်တော့်ဆီမှာ အနုကြမ်းစီးခံနေရတယ်၊ အဲဒီကိစ္စကို ရန်ကုန်တိုင်းဒေသကြီးအစိုးရက ဘာလုပ်ပေးမလဲ၊ မရရင်တော့ မနက်ဖြန်ကျွန်တော်ရိုက်တော့မယ်၊ ဘာဖြစ်လို့လဲဆိုရင် ကျွန်တော့်ဧရိယာမှာ ခုခံကာကွယ်ခွင့်ရှိတယ်။
 နေမျိုးဝေကိုလည်း ကျွန်တော်ဂိတ်ထဲဝင်တာနဲ့ ကြိုးချည်ဖို့ ပြင်ထားတယ်၊ ကျွန်တော့် မှာ လုံခြုံရေးဝန်ထမ်း ၂၀၀ နဲ့ အလုပ်သမား ၂ ထောင်ကျော် ၃ ထောင်ရှိတယ်” ဟု ဦးခင်ရွှေက ပြောသည်။
မင်္ဂလာဒုံမြို့နယ်အတွင်းတွင် လယ်ယာမြေအငြင်းပွားမှုများနှင့် ပတ်သက်၍ ဇေကမ္ဘာဦးခင်ရွှေနှင့် လယ်သမားများကြားအငြင်းပွားမှုမှာ ကာလရှည်ကြာဖြစ်ပေါ်နေပြီး လယ်သမားများဘက်မှ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီဥက္ကဋ္ဌ ဦးနေမျိုးဝေက လိုက်ပါကူညီဆောင်ရွက်ပေးနေခြင်းဖြစ်သည်။
အဲဒါကို ရဲတပ်ဖွဲ့က သိနေလို့ ရဲတပ်ဖွဲ့အင်အားလည်းဖြည့်တင်းထားတယ်လို့ ရဲတွေဆီကကြားရတယ် ။
မင်္ဂလာဒုံမြို့နယ်မှူးကတော့ နှစ်ဘက်ခုတ်ထစ်တဲ့သူတွေ သေရင်သေစာရင်းပို့ မိရင်ဖမ်းလို့ ညွှန်ကြားထားပါတယ် ။
 ဒီသတင်းကို - ဇေကမ္ဘာ၀န်ထမ်းတွေကလည်း အတည်ပြုပြောဆိုပါတယ် အဓိကရုန်းဖန်တီးမည့်နေရာ ရွှေနံ့သာကွင်း - ဇေကမ္ဘာ၀င်း အမှတ် ၃ လမ်းမှ မြို့နယ်အုပ်ချုပ်ရေးရုံးဘေးလမ်း terminal စက်သုံးဆီဆိုင်ညာဘက်ဘေးက လမ်းကျယ်ကြီး က၀င်ရပါမယ် ။
ဆက်သွယ်စုံစမ်းနိုင်တဲ့ဖုန်း
- ဦးနေမျိုးဝေ - 098610719 /09421148275
 အောင်မျိုးဦး - 09421056231
 နောင်တော်လေး - 09401601220
 အောင်ချစ် - 0949773248
 ဇော်ကြီး - 09420044721 အရေးပေါ်အလှူငွေ ထောက်ပံ့ရန် မေတ္တာရပ်ခံပါသည်
0 comments: