စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, February 6, 2013

 ပြည်တွင်းမီဒီယာများ၏ ၀က်ဘ်ဆိုက်၊ Facebook စာမျက်နှာများကို နည်းပညာသုံးတိုက်ခိုက်ခြင်းများ (hack) ဆက်တိုက်ပြုလုပ်လာ နည်းပညာသုံး တိုက်ခိုက်ခံရခဲ့မှုများကို ဖော်ထုတ်ရန်အစိုးရတွင် တာဝန်ရှိနေပြီး အစိုးရပိုင်းမှ ကိုင်တွယ်မှု အားနည်းနေကြောင်း သိရ

The Voice Facebook စာမျက်နှာ ထိန်းချုပ်ခံရပြီးနောက် Cover Photo ပြောင်းလဲခံထားရသည်ကို တွေ့ရစဉ် ပြည်တွင်းမီဒီယာများ၏ Website၊ Facebook စာမျက်နှာများကို နည်းပညာသုံး တိုက်ခိုက်ခြင်းများ(hack) ကို အစိုးရနှင့် နီးစပ်မှုရှိသူများဟု သတင်းထွက်ပေါ်ခဲ့သည့် hacker များမှ ဆက်တိုက်နီးပါးတိုက်ခိုက်မှု ပြုလုပ်လာကြောင်း သိရသည်။ ထိုကဲ့သို့ နည်းပညာသုံး တိုက်ခိုက်ခံခဲ့ရမှုများကို ဖော်ထုတ်ရန် အစိုးရတွင် တာဝန်ရှိနေသော်လည်း ထိုကိစ္စရပ်များအပေါ် အစိုးရပိုင်းမှ ကိုင်တွယ်မှု အားနည်းနေကြောင်း သုံးသပ်သူများက ပြောဆိုခဲ့ကြပါသည်။

 ဖေဖော်ဝါရီလ ၄ ရက်နေ့က The Voice Weekly ဂျာနယ်၏ Facebook စာမျက်နှာ တိုက်ခိုက်ခံခဲ့ရပြီး MMCF နှင့် Anonymous Myanmar ဟု အမည်ပေးထားသော အဖွဲ့တို့မှ ဖေဖော်ဝါရီလ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီ မိနစ် ၂၀ အချိန်က တိုက်ခိုက် (hack) ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ တိုက်ခိုက်ခဲ့ရာတွင် တိုက်ခိုက်ခဲ့သူများမှ The Voice Weekly Facebook စာမျက်နှာမှ Admin account အားလုံးကို ဖြုတ်ချလိုက်ပြီး ထိုစာမျက်နှာကို ထိန်းချုပ်မှုများ ပြုလုပ်ခဲ့ပါသည်။ ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက်ပိုင်းတွင် တိုက်ခိုက်ခံခဲ့ရသော The Voice Weekly ဂျာနယ် Facebook စာမျက်နှာ၌ Myanmar Express ၀က်ဘ်စာမျက်နှာတွင် ဖော်ပြခဲ့သော အကြောင်းအရာများကို ၎င်းတို့စိတ်ကြိုက် ပြန်လည်ဖော်ပြရေးသားခြင်းများ ဆက်တိုက်ပြုလုပ်ခဲ့ပါသည်။

 ဖေ ဖော်ဝါရီလ ၅ ရက်နေ့ မွန်းလွဲပိုင်းအချိန်တွင် ပရိသတ်တစ်သိန်းကျော် ရရှိထားသည့် The Voice Weekly ၏ Facebook Page စာမျက်နှာမှာ Facebook လူမှုကွန်ရက်၌ ပျက်စီးသွားခဲ့ပါသည်။ သူတို့ဟာ Freedom of Expression ဆိုတဲ့ ဒီမိုကရေစီရဲ့ အနှစ်သာရကို လက်မခံနိုင်တဲ့သူတွေ ဖြစ်တယ်ဆိုတာ ပြနေတာပဲ။ အခုလိုမျိုး တိုက်ခိုက်မှုတွေ မခံရဖို့အတွက် ကျွန်တော်တို့ စာနယ်ဇင်းမီဒီယာတွေ ဆွေးနွေးပြီး လုံခြုံရေး တိုးမြှင့်ဖို့ လိုပါမယ်။ ဒီလို တိုက်ခိုက်မှုတွေကြောင့် မီဒီယာတွေ ပိုမိုညီညွတ်သွားစေသလို ဘယ်သူ၊ဘယ်ဝါ လုပ်နေတယ်ဆိုတာ.... The Voice Weekly ဂျာနယ်၏ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက ''ကျွန်တော်တို့ ဖေ့စ်ဘွတ်စာမျက်နှာမှာ Myanmar Express ကဟာတွေ လာ Share ထားတာနဲ့ ပတ်သက်ပြီး နှစ်မျိုးဖြစ်နိုင်တယ်။ သူတို့နဲ့ ပတ်သက်တာလည်း ဖြစ်ရင်ဖြစ်မယ်။ သူတို့နဲ့ Voice ကြားမှာ ရန်တိုက်တာလည်း ဖြစ်နိုင်တာပေါ့။ တစ်ခုရှိတာကတော့ Myanmar Express ထဲမှာ Voice တိုက်ခိုက်ခံရတာကို ၀မ်းသာဆိုတဲ့ဟာမျိုး တင်ထားတော့ ဒါကိုကြည့်ရင် အဓိပ္ပာယ်တစ်မျိုး သက်ရောက်နေတာပေါ့။

ဝမ်းသာတယ်လို့ ပြောတဲ့သူကိုလည်း identify မလုပ်နိုင်ဘဲနဲ့ ဘယ် သူ၊ ဘယ်ဝါက ၀မ်းသာတယ်လည်း မပြောနိုင်ဘဲနဲ့ တင်ထားတာက သံသယဖြစ်ဖွယ် ကောင်းနေပါတယ်။ အခုကျွန်တော်တို့ Facebook စာမျက်နှာ ပြင်ဆင်မှုအပိုင်းကို အမေရိကမှာရှိတဲ့ မိတ်ဆွေတွေကို လှမ်းပြီး အကူ အညီ တောင်းထားပါတယ်''ဟု ပြောသည်။ တိုက်ခိုက်ခံခဲ့ရသော The Voice Weekly ဂျာနယ်၏ Facebook စာမျက်နှာတွင် တိုက်ခိုက်ခဲ့သူများမှ Myanmar Express ၀က်ဘ်စာမျက်နှာတွင် ဖော်ပြခဲ့သော အကြောင်းအရာများကို ၎င်းတို့ စိတ်ကြိုက် ပြန်လည်ဖော်ပြနေချိန်တွင် နိုင်ငံတော်သမ္မတရုံး ၀က်ဘ်ဆိုက် DDoS ဖြင့် တိုက်ခိုက်ခံနေရကြောင်း နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဋ္ဌေးက ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားခဲ့ပါသည်။ ''၀က်ဘ်ဆိုက်ကို လေးအောင် DDoS Request တွေပို့ပြီး တိုက်ခိုက်ခဲ့တာပါ။ ပြည်တွင်းကတော့ မဟုတ်ပါဘူး။ ပြည်ပကအိုင်ပီတွေနဲ့ တိုက်ခိုက်ခဲ့တာပါ''ဟု နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဋ္ဌေးက Eleven Media Group သို့ ပြောပါသည်။

 နိုင်ငံတော်သမ္မတရုံး ၀က်ဘ်ဆိုက်ကို အမေရိကန်၊ မလေးရှားနှင့် ရုရှားနိုင်ငံများမှ IP များဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကနဦးသတင်းများတွင် ဖော်ပြခဲ့သော်လည်း နောက်ဆုံး စိစစ်ချက်များအရ အင်ဒိုနီးရှားနိုင်ငံ ဘက်မှဟု လတ်တလောယူဆရသည့် အဖွဲ့များမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဦးဇော်ဋ္ဌေးက သတင်းထုတ်ပြန်ခဲ့သည်။ ဇန်န၀ါရီလ ၁၅ ရက်နေ့နှင့် ၁၆ ရက်နေ့များကလည်း Eleven Media Group ၏ ၀က်ဘ်ဆိုက်ကို Red-Army Team ဟု အမည်ပေးထားသောအဖွဲ့မှ တိုက်ခိုက် (hack) မှုများ ပြုလုပ်ခဲ့ဖြင့် Eleven Media Group ၀က်ဘ်ဆိုက်ကို စာဖတ်ပရိသတ်များ အချိန်လေးနာရီခန့် ၀င်ရောက်ကြည့်ရှုနိုင်ခြင်း မရှိခဲ့ဘဲ ပြန်လည်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ရပါသည်။ ထိုသို့ မတိုက် ခိုက်မီအချိန်က Eleven Media Group ကို DDoS ဖြင့် တိုက်ခိုက်မည်ဟု Myanmar Express ၀က်ဘ်ဆိုက်တွင် သတင်းဖော်ပြခဲ့ပါသည်။

ယင်းဝက်ဘ်ဆိုက်သည် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရ အတိုက်အခံ နိုင်ငံရေးသမားများ၊ မီဒီယာများ(အထူးသဖြင့် Eleven Media Group နှင့် The Voice Weekly) ကို ပုဂ္ဂိုလ်ရေး အပုပ်ချတိုက်ခိုက်နေသည့် ၀က်ဘ်ဆိုက်တစ်ခု ဖြစ်ပါသည်။ လက်ရှိအချိန်တွင် Myanmar Express ၀က်ဘ်ဆိုက်အား ဖော်ထုတ်အရေးယူ ဖော်ထုတ်နိုင်ရန်အတွက် Eleven Media Group မှ ဇန်န၀ါရီ လ ၂၈ ရက်နေ့က တာမွေမြို့နယ် ရဲစခန်း၌ (ပ) ၅၈/၂၀၁၃ ဖြင့် အမှုဖွင့်ထားချိန်တွင် The Voice Weekly ဂျာနယ်၏ Facebook စာမျက်နှာ တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်ပါသည်။ ''အဲဒီလို တိုက်ခိုက်ခံရမှုတွေဟာ Myanmar Express သတင်းWebsite နဲ့ ဆက်နွှယ်နေတယ်လို့လည်း သိရပါတယ်။ အခုနောက်ဆုံး မြန်မာနိုင်ငံရဲ့ စောင်ရေအများဆုံး သတင်းဌာနနှစ်ခုဖြစ်တဲ့ Eleven နဲ့ The Voice ကို တိုက်ခိုက်မှုကို ကြည့်ရင် သူတို့ဟာ Freedom of Expression ဆိုတဲ့ ဒီမိုကရေစီရဲ့ အနှစ်သာရကို လက်မခံနိုင်တဲ့သူတွေ ဖြစ်တယ်ဆိုတာ ပြနေတာပဲ။

အခုလိုမျိုး တိုက်ခိုက်မှုတွေ မခံရဖို့အတွက် ကျွန်တော်တို့ စာနယ်ဇင်းမီဒီယာတွေ ဆွေးနွေးပြီး လုံခြုံရေး တိုးမြှင့်ဖို့ လိုပါမယ်။ ဒီလို တိုက်ခိုက်မှုတွေကြောင့် မီဒီယာတွေ ပိုမိုညီညွတ်သွားစေသလို ဘယ်သူ၊ဘယ်ဝါ လုပ်နေတယ်ဆိုတာ ပိုမို ပေါ်လွင်သွားစေပါတယ်။ ဒါတွေက တစ်နေ့ကျရင် ဘယ်သူ၊ဘယ်ဝါဆိုတာ အဖြေပေါ်လာပါလိမ့်မယ်''ဟု မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ (ယာယီ)အဖွဲ့ဝင် ဦးဇော်သက်ထွေးက ပြောပါသည်။ Eleven Media Group ၀က်ဘ်ဆိုက်နှင့် The Voice Weekly Facebook စာမျက်နှာကို နည်းပညာသုံး တိုက်ခိုက်ခဲ့ခြင်းကို လက်ခံနိုင်ဖွယ်မရှိကြောင်း မီဒီယာနယ်ပယ်မှ သတင်းသမားများက ပြောဆိုခဲ့ကြပါသည်။ ''ဘယ်လိုပဲ တိုက်ခိုက်၊တိုက်ခိုက် လွတ်လပ်တဲ့ သတင်းမီဒီယာကို တိုက်ခိုက်တယ်ဆိုတာက မီဒီယာကို တိုက်ခိုက်ရုံတင်မဟုတ်ဘူး။သတင်းမီဒီယာတွေရဲ့ ဖော်ပြမှုကို သိခွင့်ရှိတယ်ဆိုတဲ့ လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ကို မသမာတဲ့နည်းနဲ့ တိုက်ခိုက်တယ်လို့ မြင်ပါတယ်''ဟု နိုင်ငံပိုင် သတင်းစာများ အုပ်ချုပ်ရေးအဖွဲ့၊အဖွဲ့ဝင် သတင်းစာဆရာ ဦးရဲနိုင်မိုးက ပြောသည်။

 ''အဓိက,က အခုလို ပြည်သူတွေအတွက် public service ပေးနေတာကို ဘာရည်ရွယ်ချက်နဲ့ အခုလိုလုပ်တာလည်းဆိုတာ သိဖို့လိုပါတယ်။ သူတို့နောက်ကွယ်က ရည်ရွယ်ချက်က ဘာလဲ။ လူမျိုးရေး ပဋိပက္ခတွေ ဖန်တီးဖို့လား။ နိုင်ငံရေး ပဋိပက္ခတွေ ဖန်တီးဖို့လား။ ဘယ်လိုကြောင့်ပဲဖြစ်ဖြစ် ဒီလိုတိုက်ခိုက်သူတွေရဲ့ ရည်ရွယ်ချက်က နိုင်ငံသူ နိုင်ငံသားတွေကို ထိခိုက်နစ်နာစေတာတော့ အမှန်ပဲ။ Eleven၊ The Voice လို မီဒီယာတွေ နောက်ပိုင်းမှာ နိုင်ငံတော်သမ္မတရုံး ၀က်ဘ်ဆိုက်ကိုပါ တိုက်ခိုက်လာတယ်။ ဒီအခြေအနေအထိ ဖြစ်လာတဲ့အချိန်မှာ သက်ဆိုင်ရာအနေနဲ့ ဒီဖြစ်စဉ်တွေကို စနစ်တကျစုံစမ်း ဖော်ထုတ်သင့်တယ်လို့ မြင်ပါတယ်''ဟု Messenger သတင်းဂျာနယ်မှ တာဝန်ခံအယ်ဒီတာ ဦးသူရအောင်က ပြောပါသည်။ နည်းပညာသုံး တိုက်ခိုက်ခြင်းဖြင့် စာဖတ်ပရိသတ်ကို နှောင့်ယှက်ခြင်း၊ စာဖတ်ပရိသတ်နှင့် မီဒီယာအကြား ဆက်သွယ်မှုကို ဖြတ်တောက်ခြင်းသည် ဆိုးဝါးမှုတစ်ခုဖြစ်ကြောင်း ဧရာဝတီသတင်းဌာန၏ မြန်မာပိုင်းတာဝန်ခံ ကိုရဲနည်က ပြောသည်။

 ''သတင်းပိုင်းကို အချိန်မီ တင်ပြနိုင်ဖို့၊ ပိုကျယ်ပြန့်ဖို့ Facebook လို လူမှုကွန်ရက်မှာ ဖြန့်တယ်။အခုနောက်ဆုံး အဟက်ခံရတာဆို Voice ပေါ့။ ဒါမျိုးဟက်တာက အကြီးအကျယ် အနှောင့်အယှက်ဖြစ်ပါတယ်။ သူတို့ ရဲ့ စာဖတ်ပရိသတ်ကို နှောက်ယှက်တာ၊ စာဖတ်ပရိသတ်နဲ့ မီဒီယာအကြားက Communication ကို ဖြတ်တောက်ပစ်တာ အရမ်းထိခိုက်ပါတယ်။ နေ့စဉ် လုပ်နေတဲ့ အွန်လိုင်းမီဒီယာအားလုံး ပြဿနာဖြစ်တယ်။ အဟက်ခံထိပြီး အွန်လိုင်းမှာ မဟုတ်တဲ့ သတင်းတုတွေ တင်တော့ အတွေ့အကြုံနည်းတဲ့ Online User တွေက ဒီဂျာနယ် မဟုတ်တာလုပ်တယ်ဆိုပြီး အထင်သေးသွားပြီး တိုက်ရဲ့ဂုဏ်သိက္ခာ၊ တည်ဆောက်ထားရတဲ့ စာဖတ်ပရိသတ်ယုံကြည်မှု ကျဆင်းစေတယ်။ ဒါမျိုးဖြစ်လာတာက ပထမဆုံး ပွင့်လင်းလာတဲ့ မီဒီယာကို အနှောက်အယှက် ဖြစ်စေတယ်။ နောင် အတိုက်ခိုက်မခံရအောင် ဥပဒေအရပဲဖြစ်ဖြစ်၊ သတင်းမီဒီယာကောင်စီ ကနေပဲဖြစ်ဖြစ်၊ မီဒီယာလောကတစ်ခုလုံး စုပြီးကာကွယ်နိုင်ဖို့အတွက် ညီညီ ညွတ်ညွတ် လုပ်သင့်ပါတယ်။

ကျွန်တော်တို့ ၀က်ဘ်ဆိုက်ဆိုရင်လည်း ၂၀၀၇ ခုနှစ်လောက်က စပြီး တိုက်ခိုက်ခံရတယ်။ကျွန်တော်တို့အနေနဲ့ အတွေ့အကြုံတွေ ဖလှယ်ဖို့ရှိသလို ကျွန်တော်တို့ဆီမှာ ရှိနေတဲ့ Web Master တွေကလည်း ကူညီပေးဖို့ ရှိပါတယ်''ဟု ဧရာဝတီသတင်းဌာနမှ မြန်မာပိုင်းတာဝန်ခံ ကိုရဲနည်က ပြောပါသည်။ ယခုကဲ့သို့ တိုက်ခိုက်ခဲ့ခြင်းသည် စာဖတ်ပရိသတ်များနှင့် မီဒီယာကို အားကိုးသူများအတွက် ကြီးမားသည့် ခြိမ်းခြောက်မှု ဖြစ်စေခဲ့ကြောင်း NHK သတင်းဌာန၏ မြန်မာနိုင်ငံအခြေစိုက် သတင်းထောက် ကိုသီဟက ပြောပါသည်။ ''ဒီလို တိုက်ခိုက်မှုတွေက စာဖတ်ပရိသတ်တွေ၊ မီဒီယာကို အားကိုးတဲ့သူတွေအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုပဲ။ သတိပေးချက်ပဲ။ ဒီလိုအလုပ်ခံ ရရင် ကျွန်တော်တို့ သတင်းရင်းမြစ်တွေက ရပ်သွားတတ်တယ်။ ကမ္ဘာကြီးနဲ့ အလှမ်းဝေးသွားမယ်။ အမှောင်ကျသွားမယ်။ ဒီတော့ ဒီကိစ္စကကျွန်တော်တို့အတွက် အရမ်းအရေးကြီးတယ်။ ဒါဟာ message တစ်ခုပဲ။ အနာဂတ်အတွက် ဘယ်လို ကြိုတင်ပြင်ဆင်မလဲ ဆိုတာအတွက် message တစ်ခုပါ''ဟု ကိုသီဟက ပြောသည်။ ပြည်တွင်း မီဒီယာများကို နည်းပညာသုံး တိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်လာချိန်တွင် နည်းပညာသုံး တိုက်ခိုက်မှုများနှင့် ပတ်သက်၍ အစိုးရ တွင် တာဝန်ရှိနေပြီး ထိုကိစ္စရပ်များ အပေါ် အစိုးရအနေဖြင့် ကိုင်တွယ်မှု အားနည်းနေကြောင်း ဝေဖန်မှုများ ရှိနေပါသည်။ ''အစိုးရပိုင်းက ဒီလိုကိစ္စရပ်တွေကို ကိုင်တွယ်ဖို့ အားနည်းနေတယ်။ လမ်းကြောင်းတစ်ခု မပေါ်သေးဘူး။ အဖွဲ့အစည်း အချင်းချင်း ချိတ်ဆက်ဆောင်ရွက်မှု အားနည်းနေတယ်လို့ ယူဆပါတယ်''ဟု Myanmar's Net ၏ မန်နေးဂျင်းဒါရိုက်တာ ဦးဇော်ထွဋ်က ပြောသည်။ ''အခု နောက်ပိုင်းမှာ Electronic ကို သုံးပြီး ပုဂ္ဂိုလ်ရေး စော်ကားတာ၊ Personality ကို တိုက်ခိုက်တဲ့သူတွေ တော်တော် များလာပါတယ်။ ဒါတွေက International Direct Dialing ကို အသုံးများလာတာနဲ့အမျှ ဖြစ်လာနေဦးမယ်။ ဒါတွေကို ကာကွယ်နိုင်အောင် ဥပဒေကောင်းတွေ လိုတယ်။ စနစ်တကျ စုံစမ်းနိုင်တဲ့ Cyber Police တွေ လိုမယ်။ Cyber Crime တွေ ကို နှံ့နှံ့စပ်စပ်နားလည်တဲ့ တရားရေးဌာနတွေ Cyber Police တွေလိုမယ်။ အခု Voice အဟက်ခံရတယ်။ ဘယ်တိုင်ရမယ်မသိဘူး။ ရဲဌာနကလည်း ဒါတွေကို နားမလည်ဘူး။ စုံစမ်းနိုင်တဲ့ နည်းပညာကလည်း မရှိဘူး။ ဒါမျိုး ပြစ်မှုတွေကို နားလည်တဲ့ တရားရေးဌာနတွေ၊ Cyber Police တွေ၊ ဥပဒေတွေ ခိုင်ခိုင်မာမာ ရှိဖို့လိုတယ်''ဟု MIDO အဖွဲ့၏ အမှုဆောင် ဒါရိုက်တာဖြစ်သူ ဘလော်ဂါ နေဘုန်းလတ်က ပြောပါသည်။ နည်းပညာသုံး တိုက်ခိုက်မှု၊ ကွန် ရက်ဆိုင်ရာ အရေးပေါ်အခြေအနေများကို ဖြေရှင်းနိုင်ရန်အတွက် mmCERT (Myanmar Computer Emergency Response Team) အဖွဲ့ကို ၂၀၀၄ ခု နှစ်အတွင်းက ဖွဲ့စည်းထားသော်လည်း အဆိုပါအဖွဲ့၏ လှုပ်ရှားဆောင်ရွက်မှု များမှာ သိသာထင်ရှားမှု မရှိသေးကြောင်း သိရသည်။ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနမှ အင်ဂျင်နီယာများ၊ သိပံ္ပနှင့်နည်းပညာဝန်ကြီးဌာနမှ ပညာရှင်များအပြင် အခြားသော ကွန်ပျူတာပညာရှင်များ ဖြင့် ဖွဲ့စည်းထားသော mmCERT အနေဖြင့် နည်းပညာသုံး တိုက်ခိုက်မှုများ၊ကွန်ရက်ဆိုင်ရာ အရေးပေါ်အခြေအနေများ အပါအ၀င် ပြည်တွင်း မီဒီယာ ၀က်ဘ်ဆိုက်များ၊ Facebook များ တိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး analysis ပြုလုပ်၍ သက်ဆိုက်ရာ အဖွဲ့အစည်းများထံသို့ Report ပေးလေ့ရှိသော်လည်း ထို Report ၏ နောက်ဆက်တွဲ အရေးယူမှုဆိုင်ရာ ကိစ္စရပ်များကို သက်ဆိုင်ရာ အဖွဲ့အစည်းများက ဆက်လက်ဆောင်ရွက်ရန် တာဝန်ရှိကြောင်း သိရပါသည်။ mmCERT ၏ လုပ်ဆောင်မှုများ နှင့် ပတ်သက်၍ သိရှိနိုင်ရန်အတွက် mmCERT ၏ ဦးဆောင်သူတစ်ဦးဖြစ်သည့် ဒေါ်ခင်ဆွေဋ္ဌေး(ဒုတိယအင်ဂျင်နီယာချုပ်၊ဆက်သွယ်ရေး၊သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန) ကို ဆက်သွယ် မေးမြန်းခဲ့သော်လည်း နေပြည်တော်သို့ အလုပ်ကိစ္စဖြင့် ရောက်ရှိနေသောကြောင့် လတ်တလောအနေဖြင့် ဖြေကြားနိုင်ခြင်း မရှိသေးကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။ ''ကျွန်တော်တို့လည်း အလုပ်ကို မြန်မြန်လုပ်ချင်တယ်။ ဒါပေမယ့် နှေးနေတယ်။ အခု Cyber Crime ကို ကျူးလွန်နေတဲ့လူတွေက ကျွန်တော်တို့ ခြေလှမ်းတွေ ဦးနေတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော်တို့ ကိုယ်တိုင်တောင် အမြုတေဖွဲ့နိုင်အောင် ကြိုးစားနေရဆဲ ကာလပဲရှိသေးတယ်။ hacked လုပ်ခံရတာတွေ၊ ဒေတာတွေ ခိုးယူခံရတာတွေ၊ ဒေတာတွေ ပွားပစ်တာတွေကို cover လုပ်နိုင်တဲ့ ဥပဒေတွေကလည်း မရှိသေးဘူး။ တည်ဆဲဥပဒေတွေနဲ့ပဲ လုပ်နေရတော့ အားနည်းချက်တွေ ရှိနေတယ်။ ကျူးလွန်သူတွေကို စုံစမ်းဖော်ထုတ်နိုင်ဖို့ အကူကိရိယာတွေကလည်း ကျွန်တော်တို့ဆီမှာ မရှိသေးဘူး။ နိုင်ငံတကာကနေ လေ့လာနေရဆဲပဲ ဖြစ်နေတယ်။ ကျွန်တော်တို့ ကိုယ်တိုင် ပြစ်မှုကျူးလွန်နေတဲ့ လူတွေကို ပြန်တုံ့ပြန်ခွင့် နှေးနေတာကို အားမရဘူးဖြစ်နေတယ်''ဟု နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာနမှ အမည်မဖော်လိုသူ အဆင့်မြင့်အရာရှိတစ်ဦးက Eleven Media Group သို့ ပြောပါသည်။ ''ဒါတွေက အွန်လိုင်းပြစ်မှုကျူးလွန်တဲ့ ကိစ္စတွေ၊ ချိုးဖောက်တာတွေ ဖြစ်တယ်။ လူတစ်ဦးရဲ့ ကိုယ်ကျင့်တရား သိက္ခာကို တမင်ကျဆင်းအောင်ရယ်၊ တခြားသူတွေကို အနှောင့်အယှက်ပေးတဲ့ ပုံစံမျိုးနဲ့ လုပ်နေတာ ဖြစ်တယ်။ ဒီလိုမျိုးကို အကြိမ်ကြိမ် လုပ်လာတာကို ဒေါက်တာဆိတ်ဖွားဆိုတဲ့သူလည်း လုပ်ခဲ့တာတွေ့တယ်။ ဒါက ဘာပဲပြောပြော ဂုဏ်သိက္ခာမဲ့တဲ့ လုပ်ရပ်ကို လုပ်တာတော့ ကန့်လည်း ကန့်ကွက်တယ်။ ဆန့်လည်းဆန့်ကျင်တယ်။ ဒီဟာနဲ့ ပတ်သက်ပြီးလည်း လွှတ်တော်မှာ ပြောခဲ့တာတွေ ရှိတယ်။ ဒီလိုမျိုး မကောင်းတာလုပ်တဲ့သူတွေကို မွေးထားတာ တိုင်းပြည်အတွက် အန္တရာယ်ပဲ။ သတ္တိရှိရင် ကိုယ်ဘယ်သူ ဘယ်ဝါဆိုတာ ဖော်ပြပြီး ပွင့်လင်းတဲ့မီဒီယာမှာ ကြိုက်တာပြောလို့ရတယ်။ မီဒီယာလွတ်လပ်ခွင့်ကို ကောင်းမွန်တဲ့ အသုံးချမှုနဲ့ အသုံးချပြီး လုပ်ကိုင်ဆောင်ရွက်တာကတော့ သိက္ခာရှိတဲ့ လုပ်ရပ်ဖြစ်တယ်။ ဒီလို သိက္ခာမဲ့တဲ့ လုပ်ရပ်ကိုတော့ ဘယ်နည်းနဲ့မဆို ဆန့်ကျင်တယ်။ ရှုတ်ချတယ်''ဟု ဦးခိုင်မောင်ရည်က ပြောပါသည်။ ''ကျွန်တော်ဒီမနက် အင်တာနက် ကြည့်ဖြစ်တော့ The Voice Facebook hacked ခံရတယ်ဆိုတာ တွေ့ရတယ်။ ဒီလို တိုက်ခိုက်ခံရတာ တွေ့တဲ့အခါ တော်တော်လေး စိတ်မကောင်းဖြစ်ရပါတယ်။ အထူးသဖြင့်တော့ Myanmar Express လိုပေါ့။ ဒီအဖွဲ့တွေက လုပ်နေတာလည်းကြာပြီ။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း တိုက်ခိုက်နေတယ်။ ဒါက ထောက်လှမ်းရေးတွေလား၊ ရဲတွေလား၊ အစိုးရကနေ လွှတ်ထားတဲ့ အထူးသတင်းအဖွဲ့တွေလား၊ ဒီအဖွဲ့အစည်းတွေကို တိုက်ခိုက်ဖို့အတွက် လွှတ်ထားတဲ့ အဖွဲ့တွေလား။ စဉ်းစားစရာ ဖြစ်လာပါတယ်။ အခုချိန်မှာက သတင်းမီဒီယာတွေ လွတ်လပ်လာတဲ့ အချိန်ဖြစ်နေတယ်။ ကျွန်တော့်အနေနဲ့ကတော့ အခုလို သတင်းမီဒီယာကြီး နှစ်ခုကို ၀င်ရောက် တိုက်ခိုက်တာကို လုံးဝမကြိုက်ပါဘူး။တိုင်းပြည်အတွက် အလုပ်လုပ်နေတဲ့ သတင်းအချက်အလက် ပေးနေတဲ့ မီဒီယာကြီးတွေကို လိုက်နှောင့်ယှက်နေတဲ့ သဘောမျိုးဖြစ်နေတာပေါ့လေ။ အမှန်တရားကို ဖော်ထုတ်နေတဲ့၊ ပြည်သူလူထု သိသင့်တဲ့အချက်အလက်တွေကို တင်ပြနေတဲ့ မီဒီယာကြီးတွေကို လုပ်တယ်ဆိုတာက လုံးဝမဖြစ်သင့်ဘူး'' ဟု သတင်းမီဒီယာကောင်စီ (ယာယီ) အဖွဲ့ဝင် ဦးချစ်ဝင်းမောင်က ပြောပါသည်။ တရားဝင် ရပ်တည်နေသော မီဒီယာများကို နည်းပညာသုံး တိုက်ခိုက်နေမှုများအား ဖြေရှင်းပေးရန် မေတ္တာရပ်ခံ တိုင်ကြားစာကို သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဦးခင်မောင်အေးမှတစ်ဆင့် အစိုးရ တာဝန်ရှိသူများထံသို့ ဖေဖော်ဝါရီလ ၅ ရက်နေ့ ရက်စွဲဖြင့် Eleven Media Group မှ ပေးပို့ခဲ့သည်။

Eleven Media မှ သတင်းမီဒီယာ ကောင်စီဥက္ကဋ္ဌထံ ပေးပို့ခဲ့သည့်စာ 

Eleven Media Group

0 comments: