ယနေ့ ကျင်းပမည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး သတ္တမနေ့ (၈-၂-၂၀၁၃၊ သောကြာနေ့ အစီအစဉ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
၅။ ပြည်ထောင်စုလွှတ်တော် နာယက က နိုင်ငံတော် သမ္မတထံမှ ပေးပို့သော ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးလိုခြင်းနှင့် စပ်လျဉ်းသည့် သ၀ဏ်လွှာကို လွှတ်တော်သို့ တင်ပြခြင်း။
၆။ ပြည်ထောင်စုလွှတ်တော် နာယက က နိုင်ငံတော် သမ္မတထံမှ ပေးပို့သော ဒုတိယ၀န်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးခြင်းနှင့် စပ်လျဉ်းသည့် သ၀ဏ်လွှာကို လွှတ်တော်သို့ တင်ပြခြင်းနှင့် မှတ်တမ်းတင်ခြင်း။
၇။ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်း နှင့် စပ်လျဉ်းသည့် ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ရှင်းလင်းတင်ပြခြင်း။
၈။ ပြည်ထောင်စု လွှတ်တော် နယက က ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်းတင်သွင်းနိုင်ကြောင်း လွှတ်တော်သို့ ကြေညာခြင်း။
၉။ ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)မှ တရားဝင် ဖွံ့ဖြိုးမှုအကူအညီ ချေးငွေ (ODA Loan) ရယူရေးကိစ္စ နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ပြည်ထောင်စု အဆင့်အဖွဲ့အစည်းဝင်က ဖတ်ကြားရှင်းလင်းတင်ပြခြင်း။
၁၀။ အဆိုပါ တရားဝင် ဖွံ့ဖြိုးမှုအကူအညီ ချေးငွေ (ODA Loan) ရယူရေးကိစ္စနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ပူးပေါင်းကော်မတီ ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ရှင်းလင်းတင်ပြခြင်း။
၁၁။ အဆိုပါတရားဝင်ဖွံ့ဖြိုးမှုအကူအညီချေးငွေ (ODA Loan) ရယူရေးကိစ္စနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုချက်ရယူခြင်း။
၁၂။ သီလဝါအထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ဆောင် ရွက်နေမှုနှင့် စပ်လျဉ်း၍အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံဖြိုးတိုးတက်မှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ လွှတ်တော်သို့ အသိပေးတင်ပြခြင်း။
၁၃။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေကြမ်းအပေါ် ဥပဒေကြမ်းပူးပေါင်းကော်မတီနှင့်ဦးသောင်းဟန်၊ ယင်းမာပင် မဲဆန္ဒနယ်တို့၏ ထပ်မံပြင်ဆင်ဖြည့်စွက်ရန် အချက်များနှင့်စပ်လျဉ်၍ အပိုဒ်၊ အပိုဒ်ခွဲအလိုက် အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း။
၁၄။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေကြမ်း တစ်ရပ်လုံးကို ထပ်မံပြင်ဆင်ထားသည့် အတိုင်းအတည်ပြုရန် လွတ်တော်၏ အဆုံးအဖြတ်ရယူခြင်း။
၁၅။ လာဘ်ပေးလာဘ်ယူမှုပပျောက်ရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်နှစ်ရပ်သဘောကွဲလွဲသည့်အချက်များနှင့်တိုင်ရိုက် သက်ဆိုင်သော ပြင်ဆင်ဖြည့်စွက်လိုသည့် အချက်များအား အောက်ပါ လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးခြင်း- (က) ဒေါ်ခင်စန်းလိုင်း၊ ပုလဲ မဲဆန္ဒနယ်၊ (ခ) ဦးစိုင်းသန်းနိုင်၊ ဖာပွန်မဲဆန္ဒနယ်၊ (ဂ) ဒေါက်တာမြတ်ဥာဏစိုး၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)။
၁၆။ လာတ်ပေးလာတ်ယူမှု ပပျောက်ရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော် နှစ်ရပ် သဘောကွဲလွဲသည့် အချက်များကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း။
၁၇။ ပြည်ထောင်စုလွှတ်တော် နာယက အင်တာနက်တွင် ဖော်ပြ ပါရှိသော ဒေါက်တာဆိတ်ဖွား၏ Above the Law ခေါင်းစဉ်ပါ ဝေဖန် ချက်နှင့် စပ်လျဉ်းသည့် စုံစမ်းရေးကော်မရှင် ဖွဲ့စည်းခြင်း နှင့် စပ်လျဉ်း၍ လွှတ်တော်သို့ အသိပေးတင်ပြခြင်း။











0 comments:
Post a Comment