စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Friday, February 8, 2013

အောက်တိုဘာလတွင် ရောင်းချတော့မည့် Ubuntu ဖုန်း OS လက်ကိုင်ဖုန်းများ



၂၀၁၂ ခုနှစ် ၊ ဧပြီလက Ubuntu မိုဘိုင်း လည်ပတ်စနစ် အတွက် စီးပွားရေး ဖွံ့ဖြိုးမှု မန်နေဂျာ (Business Development Manager) ရာထူးတစ်နေရာ
ခေါ်ယူသည့် အခါတွင် Ubuntu ဖုန်း OS ကို ပထမဦးဆုံး အကြိမ် ပြန်လည် ထုတ်ဖေါ် ပြသခဲ့သည်။

အဆိုပါ စနစ်အကြောင်း သတင်း မီဒီယာများတွင် လပေါင်းများစွာ အကြိမ်ကြိမ် ဖေါ်ပြခဲ့ကြပြီး၊ ယခုနှစ် ဇန်န၀ါရီ လကုန်ပိုင်းက အဓိက ပါဝင်မည့် Ubuntu Phone apps (၁၂) ခုကို ပြုလုပ် ဖန်တီးနိုင်မည့် Developers များကို Canonical မှ ရှာဖွေခဲ့သည်။ ထို့နောက် လာမည့် အောက်တိုဘာ လတွင် Ubuntu ဖုန်း OS လက်ကိုင်ဖုန်းများကို ပထမဦးဆုံး အနေဖြင့် ဈေးကွက်တွင် တွေ့မြင်ရတော့မည် ဖြစ်ကြောင်း Canonical ကုမ္ပဏီကို တည်ထောင်သူ Mark Shuttleworth က ပြောကြားခဲ့သည်။ ပထမဦးဆုံး ဗားရှင်းသည် Ubuntu Desktop apps များကို ဖုန်းလည်ပတ် စနစ်တွင် မောင်းနှင်နိုင်ဦးမည် မဟုတ်ကြောင်းနှင့် နောင်လာမည့် ဗားရှင်းများတွင် ထိုသို့ ဆောင်ရွက်လာနိုင်ရန် ပြုလုပ်မည်ဟု ဆိုသည်။ ၄င်းသည် window စနစ်သုံး apps များကို လည်း sever များနှင့် ချိတ်ဆက် အသုံးပြုနိုင်မည်ဟု Mark Shuttleworth က ပြောကြားခဲ့သည်။

0 comments: