စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Saturday, February 9, 2013

နှင်းဆီခရီးသည်မော်ဒန်အငြိမ့် ပထမည ပရိသတ် သုံးထောင်ဝန်းကျင် လာရောက်ကြည့်ရှု

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ) 

 နှင်းဆီခရီးသည်မော်ဒန်အငြိမ့်ကို ပြည်သူ့ရင်ပြင်၌ ဖေဖော်ဝါရီ ၈ ရက် ည ၈ နာရီခွဲ အချိန်ခန့်တွင် စတင်ဖျော်ဖြေခဲ့ပြီး ပရိသတ်သုံးထောင်ခန့် လာရောက်အားပေးကြောင်း သတင်းရရှိသည်။ သက်တမ်းခုနစ်နှစ် ရှိပြီဖြစ်သော နှင်းဆီအဖွဲ့သားများ၏ ဖျော်ဖြေပွဲတွင် ယင်းအဖွဲ့၏ ပုံစံအတိုင်း နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲရေးဆိုင်ရာကိစ္စများ၊ ခရီးသွားလုပ်ငန်းနှင့်ဆိုင်သည့်ကိစ္စများ၊ ရန်ကုန်မြို့တွင် လက်ရှိ ကြုံတွေ့နေရသည့် အခက်အခဲများ စသည်တို့ကို ပရိသတ်များ ကြိုက်နှစ်သက်သည့် ပျက်လုံးများဖြင့် ည ၁၂ နာရီခန့်အထိ ဖျော်ဖြေခဲ့သည်။

အငြိမ့်ပွဲပထမရက်တွင် သရုပ်ဆောင်မေကဗျာ မပါဝင်ခဲ့သည့်အပေါ် လာရောက်ကြည့်ရှုသူများကြား ပြောဆိုမှုများ ရှိနေပြီး အခြားဖျော်ဖြေမှုများ၌ ကျေနပ်မှုရှိကြောင်း ပရိသတ်များကပြောသည်။ ဖျော်ဖြေပွဲလက်မှတ် ဈေးနှုန်းများမှာ ကျပ်သုံးသောင်း၊ နှစ်သောင်း၊ တစ်သောင်းနှင့် ခုနစ်ထောင်တို့ဖြစ်ပြီး မည်သည့်ရုပ်သံလိုင်းတွင်မှ ထုတ်လွှင့်ပြသမည်မဟုတ်ဘဲ ဒုတိယညကို ဖေဖော်ဝါရီ ၉ ရက် ညတွင် ဆက်လက်ဖျော်ဖြေမည်ဖြစ်သည်။

 7Day News Journal 

0 comments: