(ဓာတ်ပုံ-AFP/ ဒေါ်အောင်ဆန်းစုကြည်၏ အင်တာနက် ဗီဒီယိုမှ ပြောဆိုချက်ကို နားထောင်နေကြသော သမ္မတဟောင်း George Bush (၀ဲမှ ဒုတိယ) နှင့် သမ္မတ ကတော် Laura Bush (ယာ အစွန်) တို့ကို တွေ့ရစဉ်)
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်
အစိုးရအနေနဲ့ မြန်မာအစိုးရအပေါ် ပိတ်ဆို့မှုတွေ ဆိုင်းငံ့ရပ်တန့်
ထားမှာကို သူ ကန့်ကွက်မှာမဟုတ်ကြောင်း ဒါပေမယ့် ပိတ်ဆို့
အရေးယူမှုတွေဟာ မြန်မာအစိုးရကို ပြုပြင်ပြောင်းလဲမှုတွေ
လုပ်ဆောင်ဖို့ အတွက်စည်းရုံးပြောဆိုရမှာ အရေးပါထိရောက်ကြောင်း
ပြောဆိုလိုက်ပါတယ်။
ဝါရှင်တန်မြို့တော်မှာ အမေရိကန်သမ္မတဟောင်း George W. Bush ဦးဆောင်ပြီး မနေ့က ကျင်းပတဲ့ "လူသားတွေရဲ့ လွတ်လပ်ခြင်း" အမည်ရှိ ညီလာခံကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD အဖွဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အင်တာနက် ဗီဒီယိုကနေ တဆင့် မြန်မာ့နိုင်ငံရေး အခြေအနေတွေ ပြောကြားခဲ့ပါတယ်။
သမ္မတဟောင်း George W. Bush ဟာ Bush Institute အမည်နဲ့ ကမ္ဘာအနှံ့အပြားက လွတ်လပ်မှု အတွက် တိုက်ပွဲဝင်နေသူတွေကို အကူအညီပေးနေသူ ဖြစ်ပါတယ်။ မနေ့က ကျင်းပတဲ့ ညီလာခံမှာ သမ္မတကတော် Laura Bush က ဒေါ်အောင်ဆန်းစုကြည် ကို ပရိသတ်နဲ့ စတင်မိတ်ဆက်ပေးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က မေးခွန်းတွေကို ဖြေကြားခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့
ပြုပြင်ပြောင်းလဲမှုတွေနဲ့ ပတ်သက်တဲ့ မေးခွန်းတခုကို ---
"မြန်မာနိုင်ငံက အပြောင်းအလဲတွေအပေါ် လေ့လာသူတွေက အကောင်းမြင်တာ များလွန်းပါတယ်။ လက်ရှိ အပြောင်းအလဲတွေဟာ အချိန်မရွေး နောက်ကြောင်း ပြန်လှည့်သွားနိုင်ပါတယ်။ စစ်တပ်က ဒီမိုကရေစီ အရေး နဲ့ ပြောင်းလဲမှုတွေကို ထောက်ခံမှသာ အဆင်ချောမွေ့နိုင်မှာပါလို့"
ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့ပါတယ်။ ဒါ့အပြင် မြန်မာပြည် ဒီမိုကရေစီပြောင်းလဲမှုတွေကို မိမိတို့တိုင်းပြည်အနေနဲ့ တကယ်လိုလားတယ်ဆိုရင် နိုင်ငံရေးအကျဉ်းသား တဦးမျှ မရှိသင့်ပါဖူးလို့လည်းသူကပြောဆိုခဲ့ပါတယ်။
အဲဒီ ညီလာခံကို အမေရိကန် သမ္မတ ဟောင်း George W. Bush ၊ သမ္မတကတော် Laura Bush တို့အပြင် သမ္မတဘုရှ် လက်ထက်က အစိုးရအဖွဲ့ဝင် ၀န်ကြီးဟောင်းတွေ နဲ့ လက်ရှိ အမေရိကန် နိုင်ငံရေးသမား အတော်များများ တက်ရောက်ခဲ့ပါတယ်။
RFA Burmese
0 comments:
Post a Comment