စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Friday, May 25, 2012

ငြိမ်းချမ်းရေးအတွက် လက်မှတ်ရေးထိုးလှုပ်ရှားမှုစတင်




နော်နိုရင်း၊ DVB ၂၅ မေလ ၂၀၁၂

လူငယ်တွေနဲ့ ဖွဲ့ စည်းထားတဲ့ (GW)ခေါ် မျိုးဆက်သစ်လူငယ်အဖွဲ့ က တိုင်းရင်သားတွေ အချင်းချင်းကြားဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဌိပက္ခရပ်ဆိုင်းပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေးရရှိဖို့ ‘ထာဝရ ငြိမ်းချမ်းရေး ၆၇ ’ ဆိုတဲ့ လှုပ်ရှားမှုကို ဒီကနေ့ စတင်လိုက်တာပါ။

ဒီလှုပ်ရှားမှုကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီစားသောက်ဆိုင်ရဲ့ သိရိခန်းမမှာ ဒီကနေ့ ဖွင့်ပွဲ အခန်းအနားပြုလုပ်ပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ လက်မှတ်ထိုးလှုပ်ရှားမှုတွေ ပြုလုပ်သွား မှာဖြစ်တယ်လို့ မျိုးဆက်သစ်လူငယ်များအဖွဲ့ရဲ့ ဥက္ကဌ ကိုမင်းရန်နိုင်က ပြောပါတယ်။

ငြိမ်းချမ်းရေး နိုဘယ် ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၇ နှစ်ပြည်မွေးနေ့ကို၇ည်ညွန်းပြီး လက်မှတ် ပေါင်း 676767 ခြောက်သိန်းခုသောင်းခြောက်ထောင်ခုနှစ်ရာခြောက်ဆယ်ခုနှစ်အထိ ရရှိအောင်စုဆောင်းမှာဖြစ်ပြီး ရရှိလာတဲ့ လက်မှတ်တွေကို ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် ဒ်ါအောင်ဆန်းစုကြည်ရဲ့ ၆၇ နှစ်ပြည်မွေးနေ့မှာ ပေးအပ်မှာဖြစ်သလို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ တိုင်းရင်း သားခေါင်းဆောင်တွေဆီကို ပေးပို့သွားတယ်လို့ GW အဖွဲ့ က ပြောပါတယ်။










မနေ့ က မနက်ပိုင်းတွင် မျိုးဆက်သစ်လူငယ်များအစည်းအရုံး (Generation Wave) မှ ဦးစီးပြုလုပ်သော “ထာဝရငြိမ်းချမ်းရေး 67” လက်မှတ်ရေးထိုးတောင်းဆိုလှုပ်ရှားမှုသို့  ၈၈ မျိုးဆက်သစ်အဖွဲ့ ခေါင်းဆောင်များ ဖြစ်ကြတဲ့ ကိုမင်းကိုနိုင်၊ ကိုဌေးကြွယ်၊ ကိုလှမျိုးနောင်၊ မမီးမီးတို့နှင့်တစ်ကွ ဧည့်ပရိသတ်စ စုစုပေါင်း ၂၀၀ ကျော်ခန့်  တက်ရောက်ခဲ့ကြပါတယ်။ ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီ၊ သီရိခန်းမ၌ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ “ထာဝရငြိမ်းချမ်းရေး 67” လက်မှတ်ရေးထိုးတောင်းဆိုလှုပ်ရှားမှုပွဲသို့  အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ကိုဖြိုးဇေယျာသော်၊ ဒေါ်သန်းမြင့်အောင်၊ ကိုဆောင်ဦးလှိုင်တို့လည်း တတ်ရောက်ခဲ့ကြပါတယ်။

“ထာဝရငြိမ်းချမ်းရေး 67” လက်မှတ်ရေးထိုးတောင်းဆိုလှုပ်ရှားမှုပွဲတွင် ကိုရဲလွင်ဦးစီးသော အနုပညာရှင်များမှ ငြိမ်းချမ်းရေးတေးသီချင်းများနှင့် ဧည့်ခံဖြော်ဖြေခဲ့ကြောင်း သိရှိရပါတယ်။

“ထာဝရငြိမ်းချမ်းရေး 67” လက်မှတ်ရေးထိုးတောင်းဆိုလှုပ်ရှားမှုပွဲအား ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့  (၆၇) နှစ်မြောက်အား ဂုဏ်ပြုရည်ရွယ်ပြီးပြုလုပ်ကာ၊ မြန်မာပြည်တွင် လတ်တလောဖြစ်ပွားနေသော ကချင်ပြည်နယ်ဒေသတွင် ထိုးစစ်ဆင်တိုက်ခိုက်နေမှုများ ရပ်တန့် ပေးရန်လည်း လက်မှတ်ထိုး တောင်းဆိုခဲ့ကြကြောင်း သိရှိရပါတယ်။

နှစ်ပေါင်း (၆၀) ကျော်တိုင်အောင် ဆက်လက်ဖြစ်ပွားနေသော ပြည်တွင်းစစ်များ အမြန်ဆုံး ရပ်တန့် ပြီး မြန်မာပြည် ထာဝရ ငြိမ်းချမ်းရရှိစေရန် ဆောင်ရွက်သော “ထာဝရငြိမ်းချမ်းရေး 67” လက်မှတ်ရေးထိုးတောင်းဆိုလှုပ်ရှားမှု ဖြစ်ပါတယ်။

နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ (၆၇) နှစ်မြောက် မွေးနေ့ ဖြစ်သည့် ဇွန်လ (၁၉) ရက်နေ့တွင် ထာဝရ ငြိမ်းချမ်းရေး လိုလားသူ ပြည်သူများရဲ့  လက်မှတ်များကို ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ထံ ပေးအပ်သွားမည်ဟု သိရှိရပါတယ်။

(သတင်းပေးပို့ လာသော လင်းဆက်အား ကျေးဇူးတင်ရှိပါသည်)။

0 comments: