စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, May 30, 2012

စက်ရုံလုံခြုံရေးနဲ့ ဆန္ဒပြသူ ရုန်းရင်းဆန်ခတ်ဖြစ်

နော်နိုရင်း၊DVB ၃၀ မေလ ၂၀၁၂

ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုံ ၁ မှာရှိတဲ့ တော်ဝင်မြန်မာ ဇာထိုးပန်ထိုး စက်ရုံမှာ ဆန္ဒပြနေတဲ့အလုပ်သမားတွေနဲ့ စက်ရုံတာဝန်ရှိသူအကြား ရုံးရင်းဆံခတ်မှုဖြစ်ပွားခဲ့ပါတယ်။

တော်ဝင်မြန်မာ ဇာထိုးပန်းထိုး စက်ရုံ ရှေ့မှာ လစာတိုးမြင့်ရေး ဆန္ဒပြနေတဲ့ အလုပ်သမား တွေထဲ က အမျိုးသမီး ၃ ယောက်ကို စက်ရုံလုံခြုံးရေးက တွန်းထိုး၊ ပါရိုက်တာ စတဲ့ ကိုယ်ထိလက်ရောက် ကျူးလွန် ခဲ့တဲ့အတွက် ရုံရင်းဆံခတ်ဖြစ်ပွားခဲ့ပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ စက်ရုံတာဝန်ရှိသူတွေကို ဆက်သွယ်လို့ မရခဲ့ပါဘူး။ တော်ဝင်မြန်မာ စက်ရုံမှာ အလုပ်သမား ၂ ထောင်လောက်ရှိပြီး တထောင်က အခြေခံ လာစာ ၃ သောင်းတိုးပေးဖို့၊ တနင်္ဂနွေမှာ အလုပ် ပိတ်ပေးဖို့ နဲ့ စနေနေ့မှာ လေးနာရီခွဲပဲ အလုပ်ဆင်းရရေး အတွက် ပြီးခဲ့တဲ့ စနေနေ့မှာ စတင်ဆန္ဒပြခဲ့တာဖြစ်ပါတယ်၊

စက်ရုံက ပစ္စည်းကို စက်ရုံလုံခြုံရေးတွေက အပြင်ကို ထုတ်ဖို့ ကြိုးစားရာကနေ အလုပ်သမားတွေနဲ့ ရုံးရင်း ဆန်ခတ် သွားခဲ့တာဖြစ်ပါတယ်။ စက်ရုံ လုံခြုံရေးတွေရဲ့ ကိုင်တွယ်ဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး လှိုင်သာယာရဲစခန်းကို သွားရောက်အမှုဖွင့်ထားပါတယ်၊

လှိုင်သာယာစက်မှုဇုံ အမှတ် ၁ မှာရှိတဲ့ Hall Mark အထည်ချုပ်စက်ရုံက အလုပ်သမား ၂၀၀ လောက် ကလည်း လစာတိုးမြှင့်ရေး ဆက်လက်ဆန္ဒပြနေကြပါတယ်။

အလားတူ လှိုင်သာယာစစ်မှုဇုန်တွေမှာရှိတဲ့ မြန်မာစန္ဒီ၊ အက်စကွဲ၊ နယူးနဲ့ တိုက်ရီဖိနပ်စက်ရုံ ကအ လုပ်သမားတွေဟာ မနေ့မေလ ၂၉ ရက်နေ့ကစပြီး အခြေခံ လစာတိုးမြင့်ရေး ဆက်လက် ဆန္ဒပြနေ ကြပါ တယ်။

အလုပ်သမား ၁၂၀၀ လောက်ရှိတဲ့ မြန်မာစန္ဒိဖိနပ်စက်ရုံက အလုပ်သမားတွေကတော့ သူတို့အနေနဲ့ အခြေခံလစာ ၁၈၀၀၀ ထောင်ကနေ ၃ သောင်းအထိ တိုးပေးဖို့ ဆန္ဒပြတာလို့ ဆန္ဒပြအလုပ်သမားတဦးက ပြောပါတယ်။



dvbradio

0 comments: