စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Thursday, May 24, 2012

အမှတ်(၂) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ ကြေညာချက်ထုတ်ပြန်




အများပြည်သူ လျှပ်စစ်မီးရရှိရေး ဓာတ်အားပေးစက်များဖြင့် ဓာတ်အားဖြန့်ဖြူး
ပေးသွားမည် ဖြစ်ကြောင်း အမှတ်(၂) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ ကြေညာ
ချက်ထုတ်ပြန်ခဲ့သည်။
နွေရာသီ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု လျော့နည်းနေချိန်တွင် အများပြည်သူ
များ အတွက် ဓာတ်အားပြတ်တောက်မှုများသည့် နေရာများတွင် သောက်သုံးရေ
ရရှိရေးနှင့် ညဘက် မီးရရှိရေးတို့အတွက် လက်ရှိ ဓာတ်အားထုတ်လုပ်ဖြန့်ဖြူး
ပေးလျှက်ရှိသည့် ဓာတ်အားပေးစက်များ အပြင် အောက်ပါဓာတ်အားပေးစက်များ
ထပ်မံဝယ်ယူဖြည့်တင်း၍ တိုးမြှင့်ဖြန့်ဖြူးပေးလျှက် ရှိပါသည်-
(က) ရန်ကုန်မြို့
(၁) ၅၀၀ ကေဗွီအေ - (၄)လုံး ၂၀၀၀ ကေဗွီအေ
(၂) ၃၅၀ ကေဗွီအေ - (၁)လုံး ၃၅၀ ကေဗွီအေ
(၃) ၃၄၀ ကေဗွီအေ - (၂)လုံး ၆၈၀ ကေဗွီအေ
(၄) ၃၁၅ ကေဗွီအေ - (၁)လုံး ၃၁၅ ကေဗွီအေ
(၅) ၂၅၀ ကေဗွီအေ - (၁)လုံး ၂၅၀ ကေဗွီအေ
(၆) ၁၅၀ ကေဗွီအေ - (၂)လုံး ၃၀၀ ကေဗွီအေ
စုစုပေါင်း (၁၁)လုံး ၃၈၉၅ ကေဗွီအေ
( ခ ) မန္တလေးမြို့
(၁) ၅၀၀ကေဗွီအေ - (၄)လုံး ၂၀၀၀ ကေဗွီအေ
(၂) ၃၁၅ကေဗွီအေ - (၁)လုံး ၃၁၅ ကေဗွီအေ
(၃) ၃၀၀ကေဗွီအေ - (၁၀)လုံး ၃၀၀၀ ကေဗွီအေ
(၄) ၂၅၀ကေဗွီအေ - (၂)လုံး ၅၀၀ ကေဗွီအေ
(၅) ၂၀၀ကေဗွီအေ - (၂)လုံး ၄၀၀ ကေဗွီအေ
(၆) ၁၀၀ကေဗွီအေ - (၁)လုံး ၁၀၀ ကေဗွီအေ
စုစုပေါင်း (၂၀)လုံး ၆၃၁၅ ကေဗွီအေ
( ဂ ) ပြည်မြို့
(၁) ၅၀၀ကေဗွီအေ - (၁)လုံး ၅၀၀ ကေဗွီအေ
(၂) ၁၀၀ကေဗွီအေ - (၂)လုံး ၂၀၀ ကေဗွီအေ
(၃) ၂၀ကေဗွီအေ - (၁)လုံး ၂၀ ကေဗွီအေ
(၄) ၁၅ကေဗွီအေ - (၁)လုံး ၁၅ ကေဗွီအေ
စုစုပေါင်း (၅)လုံး ၇၃၅ ကေဗွီအေ
(ဃ) မုံရွာမြို့
၁၀၀ကေဗွီအေ - (၂)လုံး ၂၀၀ ကေဗွီအေ
ထို့အပြင် အမေရိကန်နိုင်ငံ Caterpillar Co,.ltd မှ 2 mw မီးစက် (၁၀)လုံး
ကိုလည်း လေယာဉ်ဖြင့် တင်ပို့ရန် စီစဉ်နေပြီး တစ်ပတ်အတွင်း မြန်မာပြည်ကို
ရောက်ရှိမည် ဖြစ်ပါသည်။

ရောက်ရှိပါကလျှပ်စစ်ဓာတ်အားလိုအပ်သောနေရာများသို့ ဆက်လက်ပေးပို့၍
ဓာတ်အား ဖြန့်ဖြူးပေးပို့သွားမည်ဖြစ်ပါသည်။

ထပ်မံ၍လည်း ဓာတ်အားပမာဏ 1 MW ထွက်ရှိသော ဒီဇယ်ဓာတ်အားပေး
စက်(၆)လုံးကိုလည်း စင်္ကာပူနိုင်ငံမှ မှာယူ၍ တစ်ပတ်အတွင်း
မြန်မာပြည်အရောက် ပို့ပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျှက်ရှိပါကြောင်းနှင့်
General Electric Co,.ltd မှလည်း ၂၅ မဂ္ဂဝပ် ထုတ်လုပ်နိုင်သော Gas
Turbine (၂)လုံးကို ဝယ်ယူရေးဆောင်ရွက်လျှက်ရှိပြီး ၄င်းစက်(၂)လုံးမှာ
မြန်မာပြည်သို့ အမြန်ဆုံးရောက်ရှိရေး ဆောင်ရွက်လျှက်ရှိပါကြောင်း
သတင်းရရှိပါသည်။

MYNAMAR NEWS NOW

0 comments: