စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, May 30, 2012

Demonstration to Revolution


မြန်မာနိုင်ငံမှာ ဒီမိုကရေစီရဲ့ အ၇ိပ်ကို စတင်မြင်ခါစ (မရောက်သေးပါ) ဆန္ဒပြပွဲ တွေ ဆက်တိုက်ဖြစ်ပေါ်နေတာမယ် အလုပ်သမားတွေတွက် တော်တော်လေး အထိနာနေပါတယ်။
တခြားတိုင်းပြည်တွေက အလုပ်သမားတွေမှာလဲ မြန်မာနိုင်ငံသားတွေလို အလုပ်တစ်ရက်ပျက်ရင် တစ်ရက်ပိုက်ဆံမရလို့ နစ်နာတာ ရှိပါတယ်။

အဲတော့ ဒီမိုကရေစီအမြစ်တွယ်နေတဲ့ တိုင်းပြည်မှာ လုပ်ကြတာကတော့ မိမိအလုပ်သမားတွေ အနေနဲ့ ကိုယ့် နေထိုင်မှုနေ့ စဉ်ဘ၀ မပျက်ပဲ ကိုယ်လိုတာရအောင် တောင်းဆိုကြလေ့ ရှိပါတယ်။ ဥပမာ။ နေထိုင်စားသောက်စားရိတ် ကာမိရုံ အလုပ်ကို တစ်ရက် ဆင်း တစ်၇က် ဆန္ဒပြ တဲ နည်း ဒါမှမဟုတ် နေ့ တစ်ဝက်ဆင်း နေ့ တစ်ဝက်ဖျက် ဆန္ဒပြနည်းတွေ နဲ့ သုံးပါတယ် အဲတော့ အလုပ်ဆင်းတဲ့ နေ့ တစ်ဝက် ဒါမှ မဟုတ် တစ်နေ့ တွက် ပိုက်ဆံမရပေမဲ့ နေထိုင်စားသောက်ဖို့ ကာမိရုံလေးတော့ အလုပ်ဆင်းရက်။ အချိန်တွက် အလုပ်ရှင်က ပေးရပါတယ်။ ဘာလို့ လဲ ဆိုတတော့ ဥပဒေအရကို က ခွင့်ပြုထားလို့ ပဲ ဖြစ်ပါတယ်။ အလုပ်ရှင်ကလဲ အများသဘောတူ သမ္မဂမှ မဲခွဲ ဆုံးဖြတ်ပြီး ဆန္ဒပြ တဲ့ ဆန္ဒပြပွဲ ကို ပါဝင်သူတွေကို အလုပ်ထုတ်ပိုင်ခွင့် မရှိပါဖူး။ အလုပ်ထုတ်ခဲ့ ရင် အလုပ်ရှင်မှ ထောင်ဒါဏ် ငွေဒါဏ်များပါဥ ပဒေအရ ခံရမှာဖြစ်လို့ပါပဲ။ အဲလို တာရှည် လုပ်လိုက် မလုပ်လိုက် ဆန္ဒပြပွဲတွေမှာ အလုပ်ရှင်တွက် က ကုန်ထုတ်လုပ်မှု အရမ်းကို နစ်နာပြီး အလုပ်ရှင်တွက် သူ ရဲ့ အကျိုးစီးပွါးရေရှည်မှာထိခိုက်မှုရှိပါတယ်။ အလုပ်သမားတွေဖက်ကလဲ ၀င်ငွေနစ်နာပေမဲ့  စားသောက်စားရိတ် ၀င်ငွေရှိနေလို့ သိပ်ပြီး မိသားစု ဘ၀ပျက်သည်ထိ မထိခိုက်ပါ။ ဒါကြောင့် ရေရှည်တိုက်ပွဲ မှာ အလုပ်ရှင်က လျော့ ပေးရတာများပါတယ်။

ဒါပေမဲ့  မြန်မာနိုင်ငံမှာက အလုပ်သမားဥပဒေ ဘာမှ မယ်မယ်ရရ မရှိဖြစ်နေတော့ကာ အလုပ်သမားတွက် ကာကွယ်ပေးမဲ့ သူမရှိ နဲ့ အလုပ်သမားတွေမှာ ခိုကိုးရာမဲ့ ဒုက္ခရောက်ရပါတယ်။ အလုပ်သမားဝန်ကြီးဆိုတာလဲ လစာသာယူပြီး ပိုက်ဆံထိုင်ဖြုန်းဖို့ လောက်ပဲ လုပ်နေပြီး ဘာမှ မယ်မယ်ရရ အလုပ်မလုပ်တဲ့ နိုင်ငံပြည်သူ ငွေကြေး ထိုင်ဖြုန်းနေတဲ့ အဖွဲ့ အဆင့်လောက် ပဲဖြစ်နေပါတယ်။ လွှတ်တော်သာ ရှိပြီး ဥပဒေပြုမှုရေးရာမှာ ဘာမှ မယ်မယ်ရရ အလုပ်မလုပ်ကြတဲ့ လွှတ်တော် ဖြစ်နေပါသေးတယ်။

အမှန်တကယ်ပြုပြင်ပြောင်းလဲမှု လိုလားရင် အချိန်တိုင်း မှာ ပြောင်းလဲမှုတွက် လွှတ်တော်မှ အလုပ်လုပ်ရမှာပါ။ ဆန္ဒပြခွင့် ဥပဒေကျပြီး ၆လကျော်တိုင် တရားဝင် လုပ်နည်း လုပ်ဟန် ဘာမှ ထပ်ပြီး မထွက်အောင် ပိတ်ဆို့ ထားတာလဲ ဒီလွှတ်တော် ဒီအစိုးရကို ဘယ်လိုလူထု က ဘယ်လို ယုံကြည်ရမှာလဲ ဘယ်လို အားကိုးရမှာလဲ။

ဆန္ဒပြသူတွေအနေနဲ့ မိမိကိုယ်တိုင်ရဲ့ အခွင့်ရေးကို မနစ်နာပဲ ဆန္ဒပြ (Demonstration) အဆင့်နဲ့ လုပ်ကိုင်မရပဲ အပြောင်းလဲတခုပေါ်ပေါက်သည့် တိုင် တော်လှန်ရေး (Revolution) အဖြစ်ဘ၀ပျက်သည်ထိ အကောင်ထည်ဖေါ်နေကြရခြင်းပါ။ ဒါကို အစိုးရလုပ်သူက နလပိန်းတုံးလို မသိချင်ယောင်ဆောင်နေရင်တော့ တိုင်းပြည်ဆက်ပျက်နေမှာပါပဲ။ ဆန္ဒပြပွဲကို ဆက်လက်ထိန်းချု့ပ်မယ်ဆိုရင် အဲဒီနိုင်ငံမှာ ဆန္ဒပြပွဲထက် တဆင့်မြှင့်တဲ့ တော်လှန်ေ၇း တွေ ဆက်တိုက်ပေါ်လာမှာပဲ။ တော်လှန်ရေးဆိုတာဖြစ်လာရင် တိုင်းပြည်မတည်ငြိမ်ဖြစ်လာမှာပဲ။ ဒါကြေင့် ဒီမိုကရေစီအစိုးရဟာ ဆန္ဒပြပွဲတွေကို တည်ငြိမ်မှုတွက် ခွင့်ပြုထားခြင်းပဲဖြစ်တယ်။ ဒါကို ဘယ်အစိုးရတက်တက်နားလည်သင့်တယ်။

By: ရည်ရွယ်ချက် ဘားမား

0 comments: