စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, May 30, 2012

နိုင်ငံတကာခရီးသွားများ ဟိုတယ်အခန်းရရှိရန် ခက်ခဲခြင်း၊ ဈေးနှုန်းမြှင့်တင်ခြင်းကြောင့် အခက်အခဲတွေ့




မြန်မာနိုင်ငံသည် လက်ရှိတွင် နိုင်ငံတကာခရီးသွားများ ၀င်ရောက်မှု များပြားလာသည့် နိုင်ငံတစ်နိုင်ငံဖြစ်လာပြီး ဟိုတယ်အခန်းရရှိရန် ခက်ခဲမှု၊ ဟိုတယ်အခန်းငှားရမ်းခ နှုန်းထားများ မြှင့်တင်မှုတို့ ဖြစ်ပေါ်လာ၍ အခက်အခဲများ ကြုံတွေ့လာကြောင်း သတင်းရရှိသည်။

ဟိုတယ်အခန်းခ နှုန်းထားများ ပြောင်းလဲမြင့်တက်မှုကြောင့် Pack age Tour စီစဉ်သည့် ခရီးသွားကုမ္ပဏီများအနေဖြင့် ခရီးသွားဝန်ဆောင်မှုပေးရာတွင် အခက်အခဲများဖြစ်ပေါ်လာသည့်အတွက် ဟိုတယ်၊ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများအကြား ညှိနှိုင်းမှုများကို မေလအတွင်းက ပြု လုပ်ခဲ့သည်။

''ညှိနှိုင်းမှုတွေလုပ်ခဲ့ပေမယ့် ထူးမခြားနား ဖြစ်နေပါသေးတယ်''ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ဟိုတယ်အခန်းခ ဈေးနှုန်းများ မြင့်တက်လာခြင်းသည် ရန်ကုန်မြို့တွင် အဓိက ဖြစ်ပေါ်နေခြင်းဖြစ်သည်။ ရန်ကုန်မြို့သည် ခရီးသွားအများစု စတင်ရောက်ရှိ နေထိုင်ရာဖြစ်ခြင်း၊ နေပြည်တော်သို့ လာရောက်သော နိုင်ငံတကာ ခရီးသွားများကလည်း ရန်ကုန်မြို့မှတစ်ဆင့် ခရီး ဆက်လေ့ရှိကြခြင်းတို့ကြောင့် ဟိုတယ်အခန်းရရှိရန် ခက်ခဲမှုများ အခြားဒေသများထက် ဖြစ်ပေါ်နေခြင်း ဖြစ်သည်ဟု သိရှိရသည်။

''အခန်းခဈေးနှုန်းမြင့်တက်တဲ့ ပြဿနာက၊ ပြဿနာတော့ မဟုတ်ဘူးပေါ့လေ။ ဒီကိစ္စက အဓိကက အခန်းမလောက်လို့ ဖြစ်လာတာပဲ။ အခု မြန်မာနိုင်ငံက တစ်ကမ္ဘာလုံးက စိတ်ဝင်စားလာကြတယ်။ အလည်အပတ် ခရီးသွားတွေ အများကြီး ရောက်လာသလို စီးပွားရေး ခရီး သွားတွေလည်း အများကြီးပဲ လာချင်နေကြတယ်။ နေ့ချင်းညချင်း နှစ်ဆတက်လာတယ်။ ဟိုတယ်တွေက တကယ်တမ်းကျတော့ ခရီးသွား တည်းခိုမယ့် အဆင့်မီဟိုတယ်ဆိုတာကလည်း နည်းတော့ ရှိတဲ့နေရာ ပြုံတိုးကြတဲ့အခါ ဒီလိုတွေဖြစ်လာတာပါ။ booking တော့ ယူပေးပါတယ်။ ဒါပေမယ့် ကိုယ်ရှိတာက ၁၀၀၊ လာချင်တာက ၄၀၀ ဆိုရင်တော့ မယူနိုင်ဘူးပေါ့''ဟု ရန်ကုန်မြို့၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် ဖွင့်လှစ်ထားသည့် ဟိုတယ်ကြီးတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။
ဟိုတယ်အခန်းခ နှုန်းထားများ ပြောင်းလဲမြင့်တက်မှုကြောင့် Pack age Tour စီစဉ်သည့် ခရီးသွားကုမ္ပဏီများအနေဖြင့် ခရီးသွား ၀န်ဆောင်မှုပေးရာတွင် အခက်အခဲများ ဖြစ်ပေါ်လာသည့်အတွက် ဟိုတယ်၊ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများအကြား ညှိနှိုင်းမှုများကို မေလအတွင်းက ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံသို့ စီးပွားရေးအရ လာရောက်သော ခရီးသွားများ၊ အလည်အပတ် လာရောက်သော ခရီးသွားများ စသည့် ခရီးသွား အမျိုးအစားနှစ်ခုသည် ဆတူနီးပါး တိုးတက်လာခြင်း ဖြစ်သည်။

လက်ရှိတွင် ရန်ကုန်မြို့၌ ဟိုတယ်အခန်းခ နှုန်းထားများမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် ဖွင့်လှစ်ထားသော ဟိုတယ်အချို့တွင် အမေရိကန် ဒေါ်လာ ၂၅၀ မှ ၃၀၀ အကြား၊ အချို့တွင် အမေရိကန်ဒေါ်လာ ၂၀၀ အောက် ရှိနေကြောင်း သိရှိရသည်။

''တချို့ခရီးစဉ်တွေက cancel ဖြစ်လာပြီ။ စပိန်ခရီးသွားတွေဆို cancel ဖြစ်တာရှိတယ်။ အရင်အလုပ် ၁၀ ခုလောက်ရမှာ တစ်ခုပဲရတော့ မယ့် အခြေအနေဖြစ်လာပါတယ်။ နောက်ဆို ဧည့်သည်ကို ရန်ကုန်မှာ မထားဘဲ မန္တလေး၊ ပုဂံကို တိုက်ရိုက် ခေါ်သွားရမယ့်အခြေအနေမှာ ရောက် လာပါတယ်။ တကယ်တော့ ရေရှည်ကို မကြည့်ဘူးပေါ့။ ခရီးတစ်ခုက cancel ဖြစ်ရင် အကျိုးသက်ရောက်မှုက နယ်အထိ ရောက်မှာပါ။ ပြည်တွင်းဟိုတယ်တွေထက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနဲ့ဖွင့်တဲ့ ဟိုတယ်တွေမှာ ကြုံရတယ်။ တချို့ဟိုတယ်ကြီးမှာ ကျတော့ စာချုပ်ကို လေးစားတယ်။ ဈေးမပြောင်းဘူး''ဟု မြန်မာနိုင်ငံခရီး သွားလုပ်ငန်းရှင်များအသင်းမှ တာ ၀န်ရှိသူက ပြောပြသည်။

လက်ရှိတွင် မြန်မာနိုင်ငံသည် ခရီးသွားဝင်ရောက်မှု တိုးတက်မှုရှိထားသော အိမ်နီးချင်းနိုင်ငံများ၏ အာရုံစိုက်မှု၊ သတိပြုမှုကိုလည်း ရရှိနေကာ လုပ်ငန်းပိုင်းဆိုင်ရာ ယှဉ်ပြိုင်ရမှုများ လာမည့်သုံးနှစ်အတွင်း ဖြစ်ပေါ်လာနိုင်သည်ဟုလည်း ခန့်မှန်းမှုများ ရှိနေသည်။ ခရီးစဉ်စရိတ်မြင့် တက်လာခြင်းသည် ဒေသတွင်းနိုင်ငံများနှင့် ယှဉ်ပြိုင်ရန် လိုအပ်လာသော အချိန်တွင် နှောင့်နှေးမှုတစ်ရပ်ဖြစ် လာနိုင်ကြောင်းလည်း သိရသည်။

''မြန်မာနိုင်ငံက လက်ရှိမှာ ခရီးစဉ်စရိတ်တွေ ဈေးမြင့်လာတော့ သတိထားပြီး ရောင်းလာရတဲ့ အနေအထားဖြစ်လာပါတယ်''ဟု Myanmar Polestar ခရီးသွားကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးကျော်မင်းထင်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းအထိ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှ အချက်အလက်များအရ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းပေါင်း ၇၃၁ ခုရှိပြီး အခန်းအရေအတွက် ၂၅၀၀၂ ခန်း ရှိနေသည်။ ရန်ကုန်မြို့တွင် ဟိုတယ်အခန်းပေါင်း ၄၀၀၀ ၀န်းကျင်သည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် ဖွင့်လှစ်ထားသည်။

Eleven Media Group

0 comments: