စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Saturday, May 26, 2012

 ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်တွင် လျှပ်စစ်မီးမရရှိမှုနှင့် ပတ်သက်ပြီး ဖယောင်းတိုင်များ ကိုင်ဆောင်ထွန်းညှိ၍ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်မှုပြုလုပ်ခဲ့


ဆန္ဒဖော်ထုတ်မှုမြင်ကွင်းများ

ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်တွင် ၂၄ နာရီ လျှပ်စစ်မီးမရရှိမှုနှင့် ပတ်သက်ပြီး ဖယောင်းတိုင်များ ကိုင်ဆောင်ထွန်းညှိ၍ စီတန်းလှည့်လည်ကာ ဆန္ဒဖော်ထုတ်မှုကို မေလ ၂၅ ရက်ည ၈ နာရီဝန်းကျင်ခန့်တွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါဆန္ဒဖော်ထုတ်မှုကို ည ၈ နာရီ ၁၅ မိနစ်ဝန်းကျင်ခန့်တွင် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ဘုန်းကြီးကျောင်းကွေ့ မီးပွိုင့်မှစတင်ခဲ့ခြင်းဖြစ်ပြီး ဘုန်းကြီးကျောင်းကွေ့ လှော်ကမ်းလမ်းမအတိုင်း ဒဂုံတောင်ကုန်တိုက် မြိတ်လမ်းမ၊ ထိုမှတစ်ဆင့် စည်ပင်သာယာလမ်းအတိုင်း ဂိတ်ဟောင်းမှတ်တိုင်သို့လည်းကောင်း၊ ဂိတ်ဟောင်းမှ ၈၈ ဂိတ်သို့လည်းကောင်း၊ ၈၈ ဂိတ်မှ ဘုန်းကြီးကျောင်းကွေ့သို့ ပြန်လည်ရောက်ရှိကာ ထိုမှတစ်ဆင့် ၅၆ ရပ်ကွက်သို့ ဖယောင်းတိုင်များ ထွန်းညှိကာ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ပြီး ည ၉ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ၅၆ ရပ်ကွက် ရေစက်ကွေ့တွင်စီ တန်းလှည့်လည်မှုကို ရပ်တန့်ပြီး "မြန်မာပြည်ကထွက်တဲ့ သယံဇာတတွေ မြန်မာပြည်သားများပိုင်ကြပါစေ"ဟု ကြွေးကြာ်သံများဟစ်ကြွေးပြီး ဖယောင်းတိုင်မီးမှုတ်ကာ ရပ်တန့်ခဲ့ကြောင်း သိရှိရသည်။

"ကျွန်တော်တို့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ပြီး လျှပ်စစ်မီးရရှိaရးအတွက် ဆန္ဒဖော်ထုတ်တာ ဖြစ်ပါတယ်။ ဒဂုံတောင်မှာ ၂၃ ရက် နေ့ကလည်း လျှပ်စစ်မီးနဲ့ ပတ်သက်ပြီး ဆန္ဒဖော်ထုတ်မှုမှာလည်း ပါခဲ့ပါတယ်" ဟု စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်ခဲ့သည့် ၅၆ ရပ်ကွက်နေသူတစ်ဦးက ပြောကြားခဲ့သည်။

ယင်းဆန္ဒဖော်ထုတ်ပွဲကို ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်နေ ပြည်သူ ၁၀၀ ခန့်ပါဝင်ခဲ့ပြီး ဖယောင်းတိုင်မီးများ ထွန်းညှိကိုင်ဆောင်ကာ စီတန်းလှည့်လည်ပြီး ဆန္ဒဖော်ထုတ်မှုပြုခဲ့ကြကြောင်း သိရသည်။

အဆိုပါဆန္ဒဖော်ထုတ်ပွဲတွင် "မီးမလာ ရေမရ ဒဂုံတောင်ပိုင်းမိဘပြည်သူများ"၊ "မီးကပျက် ညအမှောင် မြွေအန္တရာယ် အခက်တွေ့နေသော ဒဂုံ တောင်ပိုင်း (၅၆)ရပ်ကွက်ပြည်သူများ"၊ "မီးကပျက် စာမကျက်ရတဲ့ ဒဂုံတောင် ကျောင်းသားများ" အစရှိသည့် စာတန်းများကိုင်ဆောင်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း သိရှိရပါသည်။

Eleven Media Group

0 comments: