စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Friday, May 25, 2012

ယနေ့မြန်မာနိုင်ငံကခေါင်းဆောင်အားလုံး အားလုံးသို့ မြန်မာပြည်သူပြည်သားအားလုံးအားလုံးရဲ့ကိုယ်စား ကျနော်နေဦး၏ အကြံပြုချက်...


ယနေ့လိုအရေးကြီးတဲ့ မြန်မာနိုင်ငံရေးအပြောင်းအလဲကာလ အချိုးအကွေ့ကာလတွေမှာ လက်ရှိမြန်မာပြည်ကို ဦးဆောင်နေတဲ့ နယ်ပယ်အခန်းကဏ္ဍအသီးသီးက ခေါင်းဆောင်တွေ ၊ တိုင်းရင်းသားခေါင်းဆောင်တွေအားလုံးဟာ..... ပြည်သူပြည်သားများနဲ့ ထိတွေ့ဆက်ဆံရေးလုပ်ငန်းတွေကို ပြုလုပ်ရာမှာ လုပ်သင့်လုပ်ထိုက်တယ်..အရေးလည်း ကြီးတယ်လို့ယူဆမိလို့ အောက်ပါအကြံပြုချက်တချို့ကို ကျနော်ဆွေးနွေးတင်ပြအကြံပြုလိုက်ပါတယ်။

ယနေ့မြန်မာနိုင်ငံရဲ့ နိုင်ငံရေး စီးပွားရေး လူမှုရေး ကျန်းမာရေး ပညာရေး အစရှိတဲ့နယ်ပယ်အသီးသီးနဲ့ အခြားနေရာတွေမှာ တာဝန်ယူထားတဲ့ခေါင်းဆောင်မည်သူမဆို သူတို့ကိုဆက်သွယ်ချင်တဲ့ မြန်မာနိုင်ငံသားမည်သူမဆို တိုက်ရိုက်ဆက်သွယ်နိုင်အောင် လမ်းကြောင်းမျိုးစုံဖွင့်ထားပေးသင့်ပါတယ်။ သို့မှသာမြန်မာနိုင်ငံသားအသီးသီးက သူတို့ တင်ပြချင်တာတွေကို ထိုခေါင်းဆောင်များကို လွတ်လွတ်လပ်လပ်ပွင့်ပွင့်လင်းလင်း တင်ပြပြောဆိုနိုင်မှာဖြစ်ပါတယ်။

ထိုခေါင်းဆောင်များက အကြောင်းကြောင်းသော အကြောင်းကြောင်းတွေကြောင့် ဖြစ်စေ အလုပ်တွေများ နေလို့ ဖြစ်စေ မြန်မာနိုင်ငံသားတွေဆက်သွယ်တင်ပြလာမှုကို တိုက်ရိုက်မပြန်ကြားနိုင်ဘူးဆိုလျှင်တောင်မှ- ဆက်သွယ်လာတဲ့ လူထုရဲ့တင်ပြချက်တွေကို တာဝန်ရှိသူများက အတိအကျရယူပြီး ထိုခေါင်းဆောင်တွေရဲ့ ကိုယ်စားဖြေကြားပေးနိုင်ရ မယ်..။ အရေးကြီးတဲ့ကိတ်စမျိုးတွေရှိလာမယ်ဆိုရင် ထိုသက်ဆိုင်ရာခေါင်းဆောင်များအသိပေးတင်ပြပေးနိုင်ရပါမယ်။

အမေရိကန်လို နိုင်ငံကြီးတွေနဲ့ အခြားဒီမိုကရေစီကျင့်သုံးတဲ့တိုင်းပြည်တွေမှာ မှာဆိုရင် ပြည်သူပြည်သားတွေက သူတို့ရဲ့ ဆီနိတ် (Senator) တာ တို့ ကွန်ဂရက်စ်မန်း( Congressman) တို့ ကို သူတို့ပြည်သူတွေက တိုက်ရိုက်စာရေးတင်ပြနိုင်တယ်.။ သူတို့အလေးထားတင်ပြမှုတွေကို လည်း သက်ဆိုင်တဲ့ခေါင်းဆောင်တွေနဲ့ ထိုခေါင်းတွေကိုကိုယ်စားပြုပြီးတာဝန်ယူထား သူတွေက အသေအချာတာဝန်ယူပြီး အလေးအနက်ပြန်ကြားပေးတယ်လို့ လေ့လာသိရှိရပါတယ်။
မြန်မာနိုင်ငံမှာကတော့ ဒီလိုမဟုတ်ဘူး။ ဒီလောက်လွယ်တဲ့ အဲဒီကိတ်စလေး ခက်အောင်လုပ်ထားသလိုဖြစ်နေတာတွေ့ရတယ်။

ပြည်သူလူထုက သူတို့ပြောချင်တာတွေကို ခေါင်းဆောင်တွေနားကိုပေါက်အောင်လုပ်ရမယ်ဆိုရင် ဟိုလူ့ကပ်ဒီလူ့ကပ် ဟိုလူ့ပြော ဒီလူ့ပြော..စတဲ့ ဝှေ့လည်ကြောင်ပတ်နည်းတွေနဲ့ သွားနေရတုန်း ဖါးနေရတုန်းရှိသေးတယ်။
အတော်များများကိတ်စတွေမှာ ပြည်သူတွေက ကိုယ်ပြောချင်တဲ့ကိတ်စတွေကို သူတို့ပြောချင်တဲ့ ခေါင်းဆောင်တွေနားထဲကိုပေါက်ဖို့ ဘယ်သူ့ကိုဆက်သွယ်လို့ ဆက်သွယ်ရမှန်း ဘယ်လိုလုပ်ရမှန်းမသိဘူးဖြစ်နေတယ်။

ထိုခေါင်းဆောင်တွေနဲ့ ဆက်စပ်နေတဲ့သူတွေကလည်း အဲဒီဆက်စပ်နိုင်မှု ကို သိပ်ကြီးကျယ်တဲ့အခွင့်အလမ်းကြီး တခု နိုင်ငံရေးအာဏာပါဝါတစ်ခုအနေနဲ့ သဘောထားပြီး ပြည်သူတွေနဲ့ ခေါင်းဆောင်တွေကြား အဆက်ဖြတ်ထားတာမျိုးတွေ လုပ်ကြတယ်.။

လွတ်လပ်ပွင့်လင်းပြီး တရားမျှတတဲ့ ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေး ခရီးစဉ်မှာ ဒါမျိုးအကျင့်စရိုက်တွေဟာ မရှိသင့်တဲ့ကိတ်စတွေ.. ရွံဘို့ကောင်းတဲ့ ကိတ်စတွေဖြစ်တယ်။

ဒါကြောင့် ခေါင်းဆောင်များအားလုံး (ကြီးကြီးငယ်ငယ်) ကိုအကြံပြုချင်တာက-

၁) လူထုနဲ့ ဆက်သွယ်နိုင်တဲ့ email အကောင့်သတ်သတ်ထားပါ။
၂) အပြုသဘောဆောင်တဲ့ တင်ပြမှုတွေကိုဖေါ်ပြပေးတဲ့ Facebook အကောင့်ထားပါ။
၃) Telephone နံပတ် Fax နံပတ်ထားပါ။
၎) စာအဆက်အသွယ်လုပ်ဘို့ စာတိုက်ဗုံးသတ်သတ်ထားကြပါလို့ အလေးအနက် အကြံပြုချင်ပါတယ်။

သို့မှသာ လူထုကိုအခြေပြုတဲ့ ... လွတ်လပ်ပွင့်လင်းတဲ့... ခေတ်မှီတဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီး ကိုတည်ထောင်နိုင်မှာဖြစ်ပါတယ်။

ဒီမိုကရေစီစနစ်ကိုသွားချင်ကြတယ်မဟုတ်လားဟေ့....!!! သွားချင်ရင်လူထုနဲ့ထိတွေ့ဆက်ဆံ ..။ လူထုကိုကြောက်မနေကြနဲ့!!!

အားလုံးကျန်းမာချမ်းသာပြီး ဘေးဘယာဝေးကွာနိုင်ကြပါစေ

မေတ္တာများစွာဖြင့်

နေဦး

0 comments: