စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Thursday, May 24, 2012

ပြည်မြို့မှာ ဆန္ဒပြသူများ အဖမ်းအဆီးခံရ


(ဓာတ်ပုံ- zambu tun)

ပဲခူးတိုင်း အနောက်ခြမ်း ပြည်မြို့မှာ ဒီကနေ့မနက်ပိုင်းက လျှပ်စစ်မီးရရှိရေး ဆန္ဒပြတဲ့ သူတွေ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လမ်းကြောင်းတွေပိတ် လူစုခွဲခိုင်းတဲ့ အတွက် ဆန္ဒပြသူတွေနဲ့ အချေအတင်စကားများပြီး ဆန္ဒပြ ဦးဆောင်သူ (၆) ဦးကို ဖမ်းဆီးခေါ် ဆောင်သွားတယ်လို့ စုံစမ်းသိရှိရပါတယ်။
ဒီကနေ့ မနက် (၉) နာရီလောက်စတင်ပြီး ပြည်မြို့နယ် လျှပ်စစ်ရုံးရှေ့ကနေ မြို့တွင်းပိုင်းကို လှည့်လည်ဆန္ဒ ဖော်ထုတ်နေစဉ် လမ်းမတော်လမ်းထောင့် အရောက်မှာ လုံခြုံရေးတပ်ဖွဲ့ဝင် အင်အား (၁၀၀)နီးပါးလောက်က ပိတ်ဆို့တားမြစ်တဲ့အတွက် ဆန္ဒပြတဲ့သူတွေနဲ့ အချေအတင်စကား များရာက လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကွန်ယက် အဖွဲ့က ကိုဇော်ထွန်း အပါအ၀င် ကိုကျော်ဆွေနဲ့ အခြားအမည်မသိ လူငယ်တဦး စုစုပေါင်း သုံးဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆန္ဒပြရာမှာပါဝင်တဲ့ လူငယ်တဦးက ပြောပါတယ်။

"လမ်းမတော်လမ်းကို အထွက် အဲဒီ ထိပ်မှာ မီးသတ်သံလမ်းကနေ တခါပိတ်တယ်။ ဒီဘက် တလမ်းမောင်း မြို့ထဲကို ပြန်ဝင်မယ့်
အဲဒီဖက်ထိပ်ကနေ တခါပိတ်တယ်ဗျ။ သူတို့ပိတ်ထားတာနဲ့အတူ အချုပ်ကားကလည်း အဆင်သင့်ပဲဗျ။ အဲဒီမှာ သူတို့ သေချာ ဒိုင်းတွေရော ဒုတ်တွေရော ပါတယ်ဗျ။ ရဲအင်အားကလည်း တော်တော်များပါတယ်ခင်ဗျ။
ရာဂဏန်းရှိမယ်။ ကိုကျော်ဆွေရယ် HRDPက ကိုဇော်ထွန်း ရယ် အဲဒီ့ ညီကလေးတယောက်ရယ် သူတို့ဖမ်းသွားတယ်ဗျ။ နှစ်ဆယ်လောက်ပဲ ရှိအုံးမယ် တော်တော် ငယ်သေးတယ်။ ကျနော်တို့က
ဥပဒေမဲ့လုပ်တာမဟုတ်ဘူး။ ဒါကို ခင်ဗျားတို့ အနေနဲ့ လူ့အခွင့်အရေးအရ
ခွင့်ပြုသင့်တယ်ဘာရယ် ၀င်ပြောတယ်ဗျ။ ၀င်ပြောတော့ ရဲတွေက ဒေါသ
တကြီးပေါ့ဗျာ။ အဲဒီကလေးကို ရုန်ရင်းဆန်ခတ်နဲ့ အတင်းဆွဲ တာဗျ။ အဲဒီကလေး စဖမ်းတာ။ အချုပ်ကားပေါ် သူတို့ (၃) ယောက်ကို တင်လိုက်တာ ကျနော် မြင်လိုက်တယ်ဗျ။"

အဲဒီလို လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ဆန္ဒပြတဲ့သူတွေအကြား မနက် ပိုင်း
(၁၀)နာရီကျော် လောက်မှာ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီးနောက် ဆန္ဒပြတဲ့သူတွေ လူစုကွဲသွားကြတယ်လို့ သိရပါတယ်။

အဖမ်းခံရသူတွေဟာ ကိုကျော်ဆွေ၊ ကိုဇော်ထွန်း၊ ကိုဝင်းလှိုင်၊ ဖိုးဖြူ၊
ဂျူးဂျူး နဲ့ အမည်မသိတယောက်အပါအ၀င် စုစုပေါင်း (၆)ဦးဖြစ်တယ်လို့ သိရပါတယ်။

သူတို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးပြီးပြည်ထောင်ကြီးဆီကို
ခေါ်သွားခဲ့ကြောင်း တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းရာမှာ
ဖမ်းဆီးခံရတဲ့ (၆)ဦးကို ပြန်လွှတ်ပေးမယ်လို့ ကတိပေးခဲ့ကြောင်းနဲ့
လျှပ်စစ်မီးရရှိရေးကိုတော့ ဒေသ တာဝန်ရှိသူတွေအနေနဲ့ အာမ မခံနိုင်ဘူးလို့
ပြောဆိုခဲ့ကြောင်း လူအခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ယက်အဖွဲ့ဝင်
ကိုမင်းမင်း က ပြောပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးခြင်းခံခဲ့ရပြီး ပြန်လည်လွှတ်မြောက်လာတဲ့
ကိုဇော်ထွန်းကတော့ မနက်ပိုင်းအဖမ်းခံရစဉ်က သူ့သူငယ်ချင်းဖိုးဖြူ
ရိုက်နှက်ခံခဲ့ရကြောင်း နဲ့ ဒေသခံပြည်သူတွေနဲ့ တာဝန်ရှိသူတွေ ညှိပြီး အခုလို ပြန်လွှတ်ပေးတာ လို့ ပြောပါတယ်။

"နှစ်နာရီကျော်လောက်မှ လွတ်တာ။ လွတ်အောင်လုပ်ပေးတဲ့သူလား သူတို့တွေက ဘာမှ အဲလောက်ထိတော့မလုပ်ဘူးလေ။ ခံဝန်လက်မှတ်တော့ မထိုးဘူး။ ကျနော့်သူငယ်ချင်းက သူကအရိုက်ခံလိုက်ရတယ် ဖိုးဖြူခင်ဗျ။"

ဖမ်းဆီးခံရတဲ့သူတွေပြန်လွတ်ပေးတဲ့အထိ ဒေသခံပြည်သူ ၄၀၀၀ ကျော်လောက် က ပြည်ထောင်ရှေ့က စောင့်ကြည့်ခဲ့ပြီး နေ့လယ် ၃ နာရီလောက်မှာ အဖမ်းဆီးခံ (၆)ဦးစလုံးပြန်လည်လွတ်မြောက်လာတယ်လို့ မျက်မြင် ဒေသခံပြည်သူတွေက ပြောဆိုပါတယ်။

RFA Burmese

0 comments: