စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Thursday, May 24, 2012

ပုသိမ်မြို့ လူနေအိမ်ထူထပ်သည့် လယ်တီရပ်ကွက်တွင်မီးလောင်




ပုသိမ် ၊ မေလ ၂၃၊ ၂၀၁၂ ခုနှစ်၊ မျိုးမင်းထွန်း (YPI)

ယနေ့ညနေ ၃နာရီ ၂၅ မိနစ်က ပုသိမ်မြို့ အမှတ်၂ရပ်ကွက်ရှိ လယ်တီ (၃) လမ်းတွင် ၀ါယာရှော့မှ တစ်ဆင့် မီးလောင်မှု ဖြစ်ပွားကာ အိမ်လေးလုံး မီးလောင်ကျွမ်းဆုံးရှုံး ပြီး ညနေ ၄ နာရီခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့
သည်။

‘အိမ်နံပတ်၃ကစလောင်တာ၊ ၀န်ထမ်းတွေ အိမ်ဆိုတော့ မနက်က မီးပျက်တော့ မီးအားမြှင့်စက်ပိတ်ဖို့ မေ့သွားပြီး ရုတ်တရက် မီးပြန်လာတော့ ထလောင်တာ’ ဟု မီးစတင်လောင်သည့် အရှေ့အိမ်တွင် နေထိုင်သူ
ကပြောပြသည်။

မီးလောင်မှု့ဖြစ်ပွားချိန်တွင် အဆိုပါ အိမ်၌ အဘွားအို ၁ ဦးနှင့် ၈တန်းအရွယ်ကျောင်းသား ၁ ဦးရှိနေပြီး အဘွားအိုအား အသက်လု ကယ်တင်ခဲ့ရကြောင်း နှင့် မီးပွားများမှာ နေရာအနှံ့
ကျခဲ့သော်လည်း ကံအားလျှော်စွာ လယ်ကွင်းများပေါ်သို့ သာ ကျခဲ့သဖြင့် သက်သာရာရခဲ့သည်ဟုံ၎င်းကဆက်လက်ပြော ပြသည်။

မီးစတင်လောင်သော အိမ်တွင်ရှိနေသော ၈တန်းကျောင်းသား မောင်ဘိုဘိုထိုက်က ‘အဲ့ဒီအချိန်မှာ ကျွန်တော်က ရေချိုးခန်းထဲမှာရှိနေတာ၊ ရုတ်တရက် ဖောက်ခနဲဆို ထဖြစ်ပြီး နောက်ဖေးမှာ မီးက စလောင်နေတော့ ကျွန်တော်လည်း အဘွားကိုချီပြီး မနည်းထွက်ပြေးခဲ့ရတာ၊ ပစ္စည်းတွေဘာတစ်ခုမှ သယ်လို့မရခဲ့ဘူး’ ဟု သူ့အတွေ့အကြုံကိုပြောပြသည်။

လယ်တီရပ်ကွက်နေထိုင်သူတဦးက ‘မီးစလောင်လောင်ခြင်း တခြားတစ်အိမ်တွေကို ကူးတော့တာ၊ မီးသတ်
ကား ၁စီး အမြန်ရောက်လာတာရယ်၊ ရပ်ကွက်နေသူတွေ အကုန်ဝိုင်းငြိမ်းတာကြောင့် တရပ်ကွက်လုံးမကုန်တာ’
ဟု လည်းပြောသည်။

မီးလောင်ရာသို့ တိုင်းမီးသတ်တပ်ဖွဲ့မှ မီးသတ်ကား (၇) စီး အုပ်ချုပ်မှု့ယာဉ် (၁) စီးနှင့် ငြိမ်းသတ်ခဲ့ပြီး ရပ်ကွက်နေပြည်သူများကလည်း ၀ိုင်းဝန်း ငြိမ်းသတ်ခဲ့ကြကြောင်း မျက်မြင်တွေ့ရှိခဲ့သူတဦးကဆိုသည်။

မီးသတ်တပ်ဖွဲ့ဝင်တဦးက ‘မိုးရွာပြီးကာစမှာ လောင်လို့ ဒီလောက်ပဲရှိတာ၊ နို့မို့ဆိုရင် ကျွန်တော်တို့လည်း နိုင်မှာမဟုတ်ဘူး’ ဟုဆိုသည်။

ယခုမီးလောင်မှုကို အသည်ကြီး ရဲစခန်းမှ ပ နံပါတ် ၁၁၈/ ၂၀၁၂ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

၁၉၉၁ ခုနှစ်က လယ်တီရပ်ကွက် အနီးရှိ င၀န်ကျွန်းသာ ရပ်ကွက်တွင် မီးလောင်မှု့ကြောင့် တရပ်ကွက်လုံး
မီးလောင် ပျက်ဆီးဆုံးရှုံးခဲ့ရပြီး မြို့တွင်း၌လည်း မီးပွားများကြောင့် ၁၀နေရာ ထက်မနည်း ကူးစက် လောင်ကျွမ်းကာ အိမ် ထောင်စု ၃၀၀၀ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။

ယင်းမီးလောင်မှုသည် ပုသိမ်မြို့ မီးလောင်မှုများတွင် ဆုံးရှုံးမှု အများဆုံး မီးလောင်မှုဖြစ်ကြောင်း မီးသတ်ဦးစီးဌာန မှတ်တမ်းများအရ သိရှိရသည်။ ။

 Yangon Press International

0 comments: