စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, May 30, 2012

ဆိုက်ရောက်ဗီဇာ ၂၇ နိုင်ငံကို ပေးပြီ




အမေရိကန်၊ အီတလီ၊ နယူးဇီလန်၊ နော်ဝေ၊ ဗြိတိန်၊ ဂျာမနီ၊ ဒိန်းမတ် စသည့် ဥရောပနိုင်ငံများ၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ မြောက်ကိုရီးယား စသည့်အာရှနိုင်ငံများနှင့် အာဆီယံနိုင်ငံများ စုစုပေါင်း ၂၇ နိုင်ငံကိုပေးမည့် ဆိုက်ရောက်ဗီဇာများမှာ လုပ်ငန်းဗီဇာ၊ ပြည်ဝင်ဗီဇာနှင့် ဖြတ်သန်းဗီဇာတို့ဖြစ်ကြောင်း သိရသည်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် စတင်ပေးမည်ဖြစ်ပြီး လုပ်ငန်းဗီဇာအတွက် ခွင့်ပြုကာလ ရက် ၇၀၊ ပြည်ဝင်ဗီဇာအတွက် ၂၈ ရက်နှင့် ဖြတ်သန်းဗီဇာအတွက် ၂၄ နာရီ သတ်မှတ်ထားကြောင်း သိရသည်။

 “မြန်မာနိုင်ငံမှာ အလုပ်ရုံဆွေးနွေးပွဲ လာလုပ်မယ့်သူတွေ၊ လုပ်ငန်းပိုင်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု လုပ်မယ့်သူတွေ လာရောက်ဖို့ လွယ်ကူစေရေးအတွက် စတင်ဆောင်ရွက်တာ ဖြစ်ပါတယ်” ဟု လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်းသန်းက ပြောသည်။

ဆိုက်ရောက်ဗီဇာ လျှောက်ထားသူသည် သက်ဆိုင်ရာနိုင်ငံမှ ထုတ်ပေးထားသည့် တရားဝင်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူ ဖြစ်ရမည့်အပြင် နိုင်ငံကူးလက်မှတ် သက်တမ်းမှာ ရောက်ရှိသည့်နေ့၏ နောက်ပိုင်း အနည်းဆုံး ခြောက်လသက်တမ်း ကျန်ရမည်ဖြစ်သည်။

လုပ်ငန်းဗီဇာဖြင့် ဝင်မည့်သူသည် လျှောက်လွှာနှင့်အတူ တာဝန်ခံခေါ်ဆောင်သူ၏ ဖိတ်ခေါ်စာပါရမည် ဖြစ်ပြီး၊ ပြည်ဝင်ဗီဇာဖြင့် အစည်းအဝေးများ၊ တွေ့ဆုံပွဲများ တက်မည့်သူသည် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ဖိတ်ကြားစာ ပူးတွဲတင်ပြရမည် ဖြစ်သည်။ ဖြတ်သန်းဗီဇာ လျှောက်ထားသူသည် ခရီးလမ်းဆုံး နိုင်ငံသို့ သွားရောက်မည့် လေယာဉ်လက်မှတ် ပူးတွဲတင်ပြရမည်ဖြစ်သည်။

“ဆိုက်ရောက်ဗီဇာကို သီးခြားကောင်တာ ငါးခုနဲ့ ဆောင်ရွက်ပေးမှာပါ။ သတ်မှတ်ထားတဲ့ စာရွက်စာတမ်းပါရင် အမြန်ဆုံး ဆောင်ရွက်ပေးပါမယ်” ဟု ဦးမောင်မောင်သန်းက ပြောသည်။ ဗီဇာကြေးမှာ လုပ်ငန်းဗီဇာအတွက် ကန်ဒေါ်လာ ၅၀၊ ပြည်ဝင်ဗီဇာအတွက် ကန်ဒေါ်လာ ၄၀ နှင့် ဖြတ်သန်းဗီဇာအတွက် ကန်ဒေါ်လာ ၂၀ ဖြစ်ကြောင်း သိရသည်။

ဆိုက်ရောက်ဗီဇာကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဆောင်ရွက်မှု အနေအထားပေါ် မူတည်၍ နောက်ပိုင်းတွင် မန္တလေးနှင့် နေပြည်တော်လေဆိပ်များတွင်လည်း တိုးချဲ့လုပ်ဆောင်သွားမည်ဟု ၄င်းကပြောသည်။ ဗီဇာလျှောက်လွှာပုံစံကို လေကြောင်းလိုင်းများတွင် လည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်ဖြစ်သော www.mip.gov.mm တွင်လည်းကောင်း ရယူနိုင်မည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် မေလ ၃၁ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။

0 comments: