စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, May 30, 2012

ကိုယ်စားလှယ်ရုံးဖွင့်လှစ်ထားပြီးသော နိုင်ငံခြားဘဏ်များ မြန်မာဘဏ်များနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ခွင့် ရရှိမည်ဖြစ်သောကြောင့် ညှိနှိုင်းမှုများ စတင်ပြုလုပ်နေ

ကမ္ဘောဇဘဏ်နှင့် ချိတ်ဆက်လုပ်ဆောင်နေသည့် ဂျပန်နိုင်ငံရှိ Sumitomo Mitsui Bank ရုံးချုပ်ကို တွေ့ရစဉ်

မြန်မာနိုင်ငံတွင် ကိုယ်စားလှယ် ရုံးဖွင့်လှစ်ထားပြီးသော နိုင်ငံခြားဘဏ်များသည် မြန်မာဘဏ်များနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ခွင့် ရရှိမည်ဖြစ်သောကြောင့် နှစ်ဖက်ဘဏ်များအနေဖြင့် ညှိနှိုင်းဆွေးနွေးမှုများ စတင်ပြုလုပ်နေပြီဖြစ်ကြောင်း ပုဂ္ဂ လိက ဘဏ်အသိုင်းအ၀ိုင်းထံမှ သတင်းရရှိပါသည်။

နိုင်ငံခြားဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်ရရှိထားသော ပုဂ္ဂလိကဘဏ် ၁၁ဘဏ်နှင့် ကိုယ်စားလှယ်ရုံးခွဲ ဖွင့်လှစ်ထားသော မြန်မာဘဏ်များသည် Joint Venture အဖြစ် အကျိုးတူပူးပေါင်းဆောင် ရွက်ခွင့်ပြုမည်ဟု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မေလ ၂၇ ရက်နေ့က ထုတ်ပြန်ပြောကြားခဲ့ပါသည်။

''မြန်မာဘဏ်တွေရဲ့အနေအထားအရ နိုင်ငံခြားဘဏ်တွေနဲ့ ဖက်စပ်လုပ်ခွင့်ပေးတာ ကောင်းပါတယ်။ အရင်းအနှီးနဲ့ နည်းပညာရော HR ပိုင်းပါ ကွာဟချက် အရမ်းများနေတယ်။ ပြင်ပနိုင်ငံကဘဏ်တွေနဲ့ယှဉ်ဖို့ တော်တော်ကြိုးစား ရဦးမယ်။ အနှစ်နှစ်အလလ နောက်ကျခဲ့တာကိုး။ ပုဂ္ဂလိကဘဏ်တွေအနေနဲ့ နိုင်ငံတကာစံနှုန်းလုပ်နိုင်အောင် ကြိုးစားသင့်သလို မူဝါဒချမှတ်သူကလည်း ဘဏ်လုပ်ငန်းခြေလှမ်းတွေ တုံ့နှေးအောင် မလုပ်မိဖို့ လိုပါတယ်''ဟု ကမ္ဘောဇဘဏ်လီမိတက် ဒုဥက္ကဋ္ဌ ဦးသန်းလွင်က ပြောကြားပါသည်။

အဆိုပါ ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ထားပြီးသော နိုင်ငံခြားဘဏ်များနှင့် မြန်မာဘဏ်များ အကျိုးတူ ဖက်စပ်ပြုလုပ်နိုင်မည့် လုပ်ထုံးလုပ်နည်းနှင့် စည်းမျဉ်းစည်းကမ်းများကို သက်ဆိုင်ရာမှ မကြာမီ ထုတ်ပြန်ပေး မည်ဖြစ်ကြောင်း၊ လုပ်ငန်းဆောင်ရွက်ခွင့်ရသည့် ဘဏ်များ၊ အစုရှယ်ယာ ခွဲဝေမှုပမာဏနှင့် ဘဏ်လုပ်ငန်းအမျိုးအစားများ စသည်တို့ကို မကြာမီ ထုတ်ပြန်ကြေညာပေးမည်ဖြစ်ကြောင်း ဗဟိုဘဏ်နှင့်နီးစပ်သည့် အသိုင်းအ၀ိုင်းထံမှ သတင်းရရှိပါသည်။

မြန်မာနိုင်ငံတွင် ပုဂ္ဂလိကဘဏ် ၁၉ဘဏ်ရှိပြီး အဆိုပါဘဏ်များထဲ မှ ၁၁ ဘဏ်မှာ နိုင်ငံခြားဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် ရရှိပြီးဖြစ်ကာ ထို ၁၁ ဘဏ်အနက်မှ လေးဘဏ်မှာ နိုင်ငံခြားငွေလွှဲ အ၀င်လက်ခံခြင်း လုပ်ငန်းကိုပါ လုပ်ကိုင်လျက်ရှိ ကြောင်း၊ လက်ရှိ မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံးခွဲ ဖွင့်လှစ်ပြီးသော နိုင်ငံခြားဘဏ်အရေအတွက်မှာ ဗဟိုဘဏ်မှ တရားဝင် ထုတ်ပြန်ထားချက်များအရ ၁၇ ဘဏ်ရှိပြီး လာရောက်လျှောက်ထားလျက်ရှိသော နိုင်ငံခြားဘဏ်အရေအတွက် ၂၀ ၀န်းကျင်ရှိကြောင်း ဘဏ်လုပ်ငန်း အသိုင်းအ၀ိုင်းထံမှ သိရပါသည်။ ထို့ပြင် နိုင်ငံခြားဘဏ်လုပ်ငန်း လုပ်ကိုင်လိုသောကြောင့် ယခင်က လိုင်စင်မလျှောက်ထားခဲ့သော ပုဂ္ဂလိကဘဏ်အချို့လည်းလုပ်ကိုင် ခွင့်လျှောက်ထားမှုများ ပြုလုပ်နေပြီး သတ်မှတ်ချက်များ ကိုက်ညီပါက ဗဟိုဘဏ်က ခွင့်ပြုသွားမည်ဟု အကြောင်းပြန်ကြားသည်ဟု သတင်းရရှိပါသည်။

မြန်မာအစိုးရအဖွဲ့၏ မူဝါဒအရ မြန်မာဘဏ်များ၏ နိုင်ငံခြား ဘဏ်လုပ်ငန်းများ နိုင်ငံတကာ အဆင့်မီမှသာ နိုင်ငံခြားဘဏ်များ မြန်မာနိုင်ငံအတွင်း ဘဏ်ခွဲဖွင့်လှစ်ခွင့် ရမည်ဖြစ်ကြောင်း သိရသည်။

ဗဟိုဘဏ်မှတရားဝင်ထုတ်ပြန်ထားသော ကိုယ်စားလှယ်ရုံးဖွင့်လှစ်ထားသည့် နိုင်ငံခြားဘဏ်များစာရင်း



1.United Overseas Bank Ltd.

2. Oversea-Chinese Banking Corporation Ltd.

3. Malayan Banking Berhad (MAYBANK), Malaysia

4. Bangkok Bank Public Company Ltd.

5. National Bank Ltd.

6. Brunei Investment Bank (BIB)

7. First Overseas Bank Ltd.

8. First Commercial Bank, Singapore Branch

9. CIMB Bank Berhad

10. Sumitomo Mitsui Banking Corporation

11. DBS Bank Ltd.

12. The Bank of Tokyo-Mitsubishi UFJ,Ltd

13. Bank for Investment and Development of Vietnam

14. AB Bank limited

15. Industrial and Commercial Bank of China Ltd

16. Mizuho Corporate Bank Ltd

17. Siam Commercial Bank Public Company Ltd

Eleven Media Group

0 comments: