စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Friday, May 25, 2012

မြန်မာပြည်တွင်း နိုင်ငံအနှံမှာရှိတဲ့ စီမံကိန်း သတင်းဓါတ်ပုံများ

ဒါတွေကတော့ မြန်မာပြည်တွင်း နိုင်ငံအနှံမှာရှိတဲ့ တရုတ် စီမံကိန်းတွေထဲက တစိတ်တပိုင်း တခုပါ။ တရုတ်ပြည်မှ မဟာ တံတိုင်းအလား တကောင်း ကြိုးဝိုင်း သစ်တော အတွင်းမှ ကွန်ဗေယာလိုင်း။ လုပ်ငန်းစတင်နေတာ ၁နှစ်ပြည့်ပါတော့မယ်။ စီမံကိန်း အကျိုးအမြတ်တွေကို ပြည်သူတွေ သိရှိခွင့်၊ အကျိုးခံစားခွင့် ရရှိနေပါပြီလား။

သတင်းဓါတ်ပုံ - ဒီမိုဝေယံ


ဦးကိုကိုလှိုင်က ပြည်သူတွေကို ဖယောင်းတိုင်နဲ့ နေခိုင်းပြီး သူ့ပထွေး တရုတ်စီမံကိန်းကို ထိန်လင်းနေအောင် မီးပေးထားတယ်။ တရုတ်ပြည်က မဟာတံတိုင်းကြီးလား ထင်မှတ်ရလောက်အောင် မီးတွေ ထိန်ထိန်လင်းနေတဲ့ သပိတ်ကျင်းခရိုင် တောနက်ကြီးထဲက စီမံကိန်း။

သတင်းဓါတ်ပုံ - ဒီမိုဝေယံ


သပိတ်ကျင်းခရိုင်ထဲက တောကြီးထဲမှာ မီးတွေ ထိန်ထိန်းလင်းနေတဲ့ စီမံကိန်းတခု။ တရုတ်နဲ့ ဖက်စပ်တူးဖော် ထုတ်လုပ်နေတဲ့ ဒေါ်လာ သန်း ၈၀၀တန် အရှေ့တောင်အာရှရဲ့ အကြီးမားဆုံး နီကယ် သတ္တုထုတ်လုပ်ရေး စီမံကိန်း ဓါတ်ပုံများ။

သတင်းဓါတ်ပုံ - ဒီမိုဝေယံ

၂၀၁၁ခုနှစ် မတ်လ(၂၇)ရက်နေ့က စတင်ဖွင့်လှစ်ခဲ့တဲ့ တကောင်းတောင်နီကယ် သတ္တုသိုက်မှ ဖယ်ရိုနီကယ်ထုတ်လုပ်ရေး စီမံကိန်း ဖွင့်ပွဲ အခမ်းအနား။ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ရဲအောင်နှင့် သတ္တုတွင်းဝန်ကြီးဌာန ဝန်ကြီးဦးအုန်းမြင့်တို့ ၂၀၁၁မတ်လ (၂၇)ရက်နေ့က တက်ရောက်ဖွင့်လှစ် ပေးခဲ့တယ်လို့ ဆိုပါတယ်..။

သတင်းဓါတ်ပုံ - ဒီမိုဝေယံ

0 comments: