စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Tuesday, May 29, 2012

ရိုဟင်ဂျာ မြန်မာတိုင်းရင်းသားမဟုတ်ဟု ပြည်ထောင်စုဝန်ကြီးဦးခင်ရီ ပြော

မေလ ၂၈ ရက်နေ့က လူဝင်မှုကြီးကြပ်ရေး ၀န်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီကို ကရင်ရိုးရာဝတ်စုံဖြင့် တွေ့ရစဉ်
မေ ၂၉၊ ၂၀၁၂ - သူရမျိုး (YPI)


ရိုဟင်ဂျာဆိုသည်မှာ မြန်မာတိုင်းရင်းသားမဟုတ်ကြောင်း လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ၊ပြည်ထောင်စုဝန်ကြီးဦးခင်ရီက နိုဝင်ဘာလ ၂၈ ရက်နေ့ က ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် ကျင်းပပြုလုပ်သော KNU ရွှေ့ပြောင်းဒုက္ခသည်များ အားမှတ်ပုံတင်ထုတ်ပေးသည့် အခမ်းအနားတွင် သတင်းထောက်တစ်ဦး၏မေးမြန်းချက်အား ပြန်လည်ဖြေကြားလိုက်သည်။

“ ကျွန်တော်တို့ဆီမှာ ရိုဟင်ဂျာဆိုတာမရှိဘူး ကျွန်တော်တို့တိုင်းရင်းသား လူမျိုးစုထဲမှာ ရိုဟင်ဂျာဆိုတာရှိလည်းမရှိဘူး ။ ကျွန်တော်တို့တိုင်းရင်းသားလည်း မဟုတ်ဘူး ” ဟု ပြည်ထောင်စုဝန်ကြီးဦးခင်ရီကပြောသည်။

ရိုဟင်ဂျာဆိုသည်မှာ အင်္ဂလိပ်မြန်မာပထမ စစ်ပွဲအပြီး မြန်မာနိုင်ငံအနောက်ခြမ်းမှ အင်္ဂလိပ်များနှင့်အတူ ၀င်ရောက်လာသော လူမျိုးများ ဖြစ်ပြီး ဂျပန်ခေတ် အင်္ဂလိပ်များ ဆုတ်ခွာသွားသည့်အခါ လက်နက်ကိုင်တော်လှန်ရေးအတွက် ထားခဲ့သူများဖြစ်ကြောင်း ထိုသူများမှ သူတို့ကိုယ်သူတို့ ရိုဟင်ဂျာဟု ကြေငြာခြင်းဖြစ်ကြောင်း ပြန်ထောင်စုဝန်ကြီးဦးခင်ရီ ကပြောကြားသည်။

ရိုဟင်ဂျာသည် မြန်မာနိုင်ငံတွင် နှစ်ပေါင်းရာနှင့်ချီနေထိုင်လာခဲ့သော မေ့လျော့ခံမြန်မာလူမျိုးစုဖြစ်ကြောင်း ဘီဘီစီသတင်းဌာနမှ သတင်းထောက် မိုက်သွန်မဆင်က ၂၀၀၆ ခုနှစ်မတ်လ က ရေးသားခဲ့သည်။

ပြီးခဲ့သည့် ဇန်န၀ါရီလဆန်းပိုင်းက ဗြိတိန်နိုင်ငံခြားရေး ၀န်ကြီးWilliam Hague မြန်မာပြည်လာရောက်စဉ်အတွင်း ဗြိတိန်သံရုံးတွင်ကျင်းပသောသတင်းစာရှင်းလင်းပွဲ၌ ရိုဟင်ဂျာများအား တိုင်းရင်းသား အနေဖြင့် အခွင့်အရေးများ ပေးရန် ထည့်သွင်းပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးဦးခင်ရီက ၁၉၈၂ လူဝင်မှုကြီးကြပ်ရေးဥပဒေ ပုဒ်မ ၃ အရ ၁၈၂၃ ရှေ့ပိုင်း မြန်မာနိုင်ငံတွင် မွေးဖွားကြီးပြင်းမှသာ မွေးရာပါနိုင်ငံသားအဖြစ်သတ်မှတ်ကြောင်းပြောသည်။

Yangon Press International


ဝန်ကြီးဦးခင်ရီက ရိုဟင်ဂျာဟာ တိုင်းရင်းသားမဟုတ်ကြောင်း ပြောကြားခဲ့တဲ့အတွက်..။ ကျေနပ်ဝမ်းသာပါတယ်..။

သို့သော် အောက်ပါမေးခွန်းများ၏ အဖြေများကြောင့် ..မလေးစားနိုင်ပါ။

ဒါပေမယ့် .. ယခင်စစ်အစိုးရက ထိပ်တန်း ရဲချုပ်ရာထူးရှိခဲ့သူတစ်ဦးဖြစ်ခဲ့သူ ဦးခင်ရီကို တစ်ခုမေးစရာရှိပါတယ်..။

ယခင်စစ်အစိုးရလက်ထက်မှာ ကော့ဘဇား၊ စစ်တကောင်းဘက်က ဘင်္ဂလီ (ရိုဟင်ဂျာ) တွေ မြန်မာပြည်တွင်းကို စိမ့်ဝင်ပျံနှံ့ပြီး မည်သူ့ထောက်ခံချက်နဲ့ နေထိုင်အခြေချပြီး ရန်ကုန်မှာ နာမည်ကြီးစီးပွားရေးလုပ်ငန်းရှင်ကြီးတွေအဖြစ် ဘယ်သူ့အကာအကွယ်နဲ့ ရပ်တည်ခဲ့ကြပါသလဲ..။

ယခင် အစိုးရလက်ထက်၊ ဦးခင်ရီ ရဲချုပ်အဆင့်ရှိချိန်မှာ ဘင်္ဂလီလူမျိုးများ ရှယ်ယာပိုင်ဆိုင်တဲ့ ကုမဏီတစ်ခုဖြစ်တဲ့ Naing Group ဆောက်လုပ်ရေးက ကုန်သည်လမ်းရှိ လမ်းမတော်ရဲစခန်းကို ဘာ့ကြောင့် ခမ်းနားစွာ တည်ဆောက်လှူဒါန်းခဲ့ပါသလဲ..။ (Naing Gruop မှ လှူဒန်းသည်ဟုသော ကဗည်း ယခင်က ရှိပါသည်။ ယခုမသိပါ။)

ပြည်တွင်းက လောက်လုပ်ရေးလုပ်ငန်း၊ ဖိနပ်လုပ်ငန်း၊ လျှပ်စစ်ပစည်းနှင့် ကွန်ပျူတာပစ္စည်းတင်သွင်းခြင်း အစရှိသော စီးပွားရေးလုပ်ငန်းများကို ၄င်းတို့မှ မည်ကဲ့သို့ နိုင်ငံသားခံယူပြီး လုပ်ကိုင်ခဲ့ပါသလဲ..။ အဘယ့်ကြောင့် လုပ်ပိုင်ခွင်များစွာ ရရှိနေပါသလဲ..။

ယခု ၀န်ကြီးဖြစ်နေစဉ်အတွင်း ရိုဟင်ဂျာ (ဘင်္ဂလိ) နှင့်ပတ်သတ်သည့် Immigration Issue ဆိုင်ရာ ပြဿနာများကို ပြည်သူနှင့် နိုင်ငံတကာသို့ သို့ မည်သည့်အချိန်တွင် ပွင့်လင်းမြင်သာစွာ ရှင်းလင်းထုတ်ပြန်ပေးမည်နည်း..။

အစရှိသော မေးခွန်းများကို မေးလိုကြောင်းပါ ခင်ဗျား..။


Yan Aung

0 comments: