စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, May 23, 2012

၆၈ မဂ္ဂါဝပ်ရှိ လျှပ်စစ်ဓာတ်အားပေးစက်(၁၂)လုံး အမြန်ဆုံးရောက်ရှိမည် ဟု အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန မှ ကြေညာ

အများပြည်သူများ လျှပ်စစ်မီးရရှိရေးအတွက် ဓာတ်အားပေးစက်များဖြင့် ဓာတ်အားဖြန့်ဖြူးပေးသွားမည် ဖြစ်ကြောင်း ကိုအမှတ်(၂) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ ကြေညာချက်ထုတ်ပြန်ခဲ့သည်။

နွေရာသီ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု လျော့နည်းနေချိန်တွင် အများပြည်သူများအတွက် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ သည့် နေရာများတွင် သောက်သုံးရေ ရရှိရေးနှင့် ညဘက်မီး ရရှိရေး တို့အတွက် လက်ရှိဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးပေး လျက် ရှိသည့် ဓာတ်အားပေးစက်များ အပြင် ဓာတ်အားပေး စက် အသစ်များ ထပ်မံဝယ်ယူ ဖြည့်တင်းပေး၍ ဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တွင် 500 KV - ၄ လုံး - 2000 KVA ၊ 350 KVA ၁ လုံး- 350KVA ၊ 340KVA ၂ လုံး 700KVA ၊ 315 KVA ၁ လုံး - 315KVA ၊250KVA ၁ လုံး -250 KVA ၊ 150 KVA ၂ လုံး 300KVA ၊ စုစုပေါင်း ၁၁ လုံး 3895 KVA ဖြစ်ပြီး မန္တလေးမြို့တွင် 500 KVA -၄လုံး -2000 KVA ၊ 315 KVA ၁ လုံး 315 KVA ၊ 300KVA ၁၀လုံး 3000 KVA ၊ 250KVA ၂ လုံး 500KVA ၊ 200KVA ၂ လုံး 400KVA ၊ 100KVA ၁လုံး 100KVA ၊ စုစုပေါင်း 206315 KVA ဖြစ်ပြီး ပြည်မြို့တွင် 500KVA ၁လုံး 500KVA ၊ 100KVA ၂လုံး - 200KVA ၊ 20KVA ၁လုံး ၊ 15KVA ၁လုံး စုစုပေါင်း ၅ လုံး 735 KVA ဖြစ်ကာ မုံရွာမြို့တွင် လည်း 100KVA ၂ လုံး - 200KVA ဖြစ်သည်။

ထို့အပြင် အမေရိကန်နိုင်ငံ Caterpillar ကုမ္ပဏီမှ ၂ မဂ္ဂါဝပ်ရှိ မီးစက် ၆ လုံးကိုလည်း လေယာဉ်ဖြင့်တင်ပို့ရန် စီစဉ်နေပြီး တစ်ပတ် အတွင်း မြန်မာပြည်ကိုရောက်ရှိမည် ဖြစ်ကြောင်း သိရသည်။ ယင်းမီးစက်များရောက်ရှိလာ ပါက လျှပ်စစ်ဓာတ်အား လိုအပ်သောနေရာများသို့ ဆက်လက်ပေးပို့၍ ဓာတ်အားဖြန့်ဖြူးပေး သွားမည်ဖြစ်သည်။ ထပ်မံ၍ လည်း ဓာတ်အားပမာဏ ၁ မဂ္ဂါဝပ်ထွက်ရှိသော ဒီဇယ်ဓာတ်အားပေးစက် ၆ လုံးကိုလည်း စင်ကာပူနိုင်ငံမှ မှာယူ၍ တစ်ပတ်အတွင်း မြန်မာပြည်သို့ရောက်ရှိ နိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ General Electric(GE) ကုမ္ပဏီမှလည်း ၂၅ မဂ္ဂါဝပ်ထုတ်လုပ်နိုင်သော ဂက်(စ်)တာဘိုင် ၂ လုံးကိုလည်း ၀ယ်ယူလျက်ရှိပြီး ၄င်းစက်၂လုံးမှာ အမြန်ရောက် ရှိလာမည်ဖြစ်သည်။

အရေးပေါ်အစီအစဉ်အရ အမြန်ဆုံးဆောင်ရွက်သည့် အနေဖြင့် စုစုပေါင်း မီးစက် (၁၂) လုံး ၊ ၆၈ မဂ္ဂါဝပ် အမြန်ဆုံးရောက်ရှိမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

Yangon Media Group

0 comments: