စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Sunday, May 27, 2012

ပုသိမ်မြို့ HIV/AIDS ဖြေဖျော်ပွဲတွင်လည်း ဖယောင်းတိုင်ထွန်းညှိဆန္ဒထုတ်ဖေါ်


မျိုးမင်းထွန်း (YPI)

ယမန်နေ့ည က ပုသိမ်မြို့ ပြည်ထောင်စုကွင်းတွင် ကျင်းပသည့် HIV/AIDS ရံပုံငွေ ဖြေဖျော်ပွဲတွင်လည်း ပရိတ်သတ်နှင့် အဆိုတော်အချို့ လျှပ်စစ်မီးမှန်ရေး ဖယောင်းတိုင်များ ထွန်းညှိကာ ဆုတောင်းခဲ့ကြသည်။ `တကယ်လို့များ´ ဟုအမည်ပေးထားသည့် R ဇာနည်၊ ဆောင်းဦလှိုင်၊ ချမ်းချမ်း ၊ စန္ဒီမြင့်လွင် အစရှိသည့် အဆိုတော်များပါဝင်သည့် ယမန်နေ့ည ဂီတဖြေဖျော်ပွဲ၌ အဆိုတော် လင်းလင်းက ၎င်း အလှည့်ရောက်သည့်အခါ ဖယောင်းတိုင်မီးထွန်းညှိပြီး ဆန္ဒထုတ်ဖေါ်သူများအား နားလည်ကြောင်း ပြသသည်မှ စတင်ပြီး ပရိတ်သတ်များပါ ဖယောင်းတိုင်ထွန်းညှိ ခဲ့ကြသည်။ ပုသိမ်မြို့သည်လည်း အခြားသော မြို့ကြီးများနည်းတူ လျှပ်စစ်မီးမှန်ရေး ဖယောင်းတိုင်ထွန်းညှိလှုပ်ရှားမှုတွင် ပါဝင်လာခဲ့သည့် ၂ ရက်မြောက်နေ့တွင် ယခုကဲ့သို့ ဂီတဖြေဖျော်ပွဲတွင်ပါ ဖယောင်းတိုင် ဖြင့်ဆန္ဒထုတ်ဖေါ်လာကြခြင်းဖြစ်သည်။ ယခုအခါ မန္တလေး၊ ရန်ကုန်၊ ပေါင်းတည်၊ ပြည်၊ သုံးခွနှင့် ပုသိမ်မြို့များတွင် ဖယောင်းတိုင်လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြပြီးဖြစ်သည်။ ။

By: Yangon Press International

0 comments: