စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, May 30, 2012

လမ်းမတော်မြို့နယ် (၇) လမ်း၊ တိုက် အမှတ် (၇၆ A)၊ ၃ လွှာတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွား

ယနေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်တွင် လမ်းမတော်မြိုနယ်၌ မီးလောင်မှုဖြစ်ပွား၍ သေဆုံးခဲ့သည့် မိန်းကလေး၏ ရုပ်အလောင်း






၂၀၁၂ ခုနှစ် မေလ ၃၀ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ် (၇) လမ်း၊ တိုက် အမှတ် (၇၆ A)၊ ၃ လွှာတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ အဆိုပါမီးလောင်မှုဖြစ်စဉ်ကို မီးသတ်တပ်ဖွဲ့ဝင်များမှ ၀င်ရောက်ငြှိမ်းသက်ရာတွင် အခန်းအတွင်းမှ ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရှိရသည်။ မီးလောင်ကျွမ်းမှုမှာ မီးငြိမ်းသွားပြီး သေဆုံးသူနှင့်ပတ်သက်၍ စစ်ဆေးစုံစမ်းလျက်ရှိကြောင်း သိရှိရသည်။

ကြာမြှင့်ချိန် ၁၅ မိနစ်ခန့်သာ ရှိခဲ့သော်လည်း အသက် ၁၅ နှစ်ခန့် အရွယ် ၁၀ တန်း စာမေးပွဲဖြေဆိုထား သူမစုစန္ဒီကျော် သေဆုံးခဲ့မှုအား CID မှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားသော အိမ်ရှင်သည် တိုက်ခန်း ၃-လွှာ(A) (B) နှစ်ခန်းတွဲ ပိုင်ဆိုင်သူဖြစ်ပြီး သေဆုံးသူ ၁၀ တန်း စာမေးပွဲဖြေဆိုထား သူ မစုစန္ဒီကျော် သည် နာမည် ကျော် တိုင်းရင်းဆေးဖြန့်ချိရေး လုပ်ငန်းရှင် ကိုဝင်းမြင့်+မဘေဘီ တို့၏ တူမဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ယင်းမီးလောင်မှုကို မီးသတ်ယာဉ် ၁၀ စီးခန့် လာရောက်ငြိမ်းသတ်ခဲ့သည်။ မီးလောင်မှုဖြစ်ပွားချိန်တွင် အဆိုပါနေအိမ်၌ သေဆုံးသူမှ အပ အခြားမည်သူမျှ မရှိကြောင်း စုံစမ်းသိရှိရသည်။

0 comments: