စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Thursday, May 24, 2012

“ လူပေါင်းသိန်းနှင့်ချီတဲ့ မြစ်ဝကျွန်းပေါ်မှာရှိတဲ့ နားဂစ်လေဘေး ဒုက္ခသည်တွေဟာ " နိုင်ငံတကာ အကူအညီ မလိုဘူး၊ ဖားရိုက် စားပြီးနေလို့ရတယ်"

“ လူပေါင်းသိန်းနှင့်ချီတဲ့ မြစ်ဝကျွန်းပေါ်မှာရှိတဲ့ နားဂစ်လေဘေး ဒုက္ခသည်တွေဟာ "
နိုင်ငံတကာ အကူအညီ မလိုဘူး၊ ဖားရိုက် စားပြီးနေလို့ရတယ်" ဒါ့ အပြင်
" နာဂစ်ကြောင့် သစ်ပင်တွေလဲကုန်လို့ မြင်ကွင်းရှင်းသွားတဲ့အတွက် ရွှေတိဂုံဘုရား စိန်ဖူးတော်ကို မြင်ရလို့၊
လူ ၁သိန်း ခွဲကျော်သေဆုံး၊ (၂.၅) သန်းအိုးမဲ့အိမ်မဲ့ ဖြစ်စေခဲ့တဲ့ လူသတ်နားဂစ် မုန်တိုင်းကို ကျေးဇူးတင်ပါတယ်။
(သမ္မတအကြံပေး ဦးကိုကိုလှိုင်)


နာဂစ်တုန်းက လူပေါင်းများစွာ သေကြေပျက်စီးပြီး ကယ်မယ့်သူဝေးနေချိန်၊ နိုင်ငံတကာက ကယ်ဆယ်ရေးတပ်များ၊ ရဟတ်ယာဉ်များနဲ့ မြစ်ဝကျွန်းပေါ်ကို ၀င်မယ်လုပ်တော့... လုံခြုံရေးနဲ့ မဟာဗျူဟာအရ အနောက်ကလွှမ်းမိုးမှာကို သေမလောက်ကြောက်တဲ့ တရုတ်ကြီးနဲ့ တလေသံအတိုင်းဖြစ်နေတဲ့ ဦးသန်းရွှေအစိုးရအကြိုက်
၂၀၀၈ ခုနှစ်၊ မေလ (၂၉) ရက်နေ့ထုတ် နအဖရဲ့ ကြေးမုံသတင်းစာ စာမျက်နှာ (၈) မှာ “နှစ်အကူးမှာတော့ ပုရစ်ဖူးတို့ ဝေကြပေလိမ့်မည်” ဆိုပြီး ဆောင်းပါးရှင် လှိုင်အောင် က

“ လူပေါင်းသိန်းနှင့်ချီတဲ့ မြစ်ဝကျွန်းပေါ်မှာရှိတဲ့ နားဂစ်လေဘေး ဒုက္ခသည်တွေဟာ "

မြစ်ဝကျွန်းပေါ်သားတွေဟာ ...နိုင်ငံတကာ အကူအညီ မလိုဘူး၊ ဖားရိုက် စားပြီးနေလို့ရတယ်" ဒါ့ အပြင်

" နာဂစ်ကြောင့် သစ်ပင်တွေလဲကုန်လို့ မြင်ကွင်းရှင်းသွားတဲ့အတွက် ရွှေတိဂုံဘုရား စိန်ဖူးတော်ကို မြင်ရလို့၊

လူ ၁သိန်း ခွဲကျော်သေဆုံး၊ (၂.၅) သန်းအိုးမဲ့အိမ်မဲ့ ဖြစ်စေခဲ့တဲ့ လူသတ်နားဂစ် မုန်တိုင်းကို ကျေးဇူးတင်ပါတယ်ဆိုတဲ့အကြောင်း"

စသည်ဖြင့် ရေးသားခဲ့ပါတယ်..။ အဲဒီဆောင်းပါးရှင်ကို ပြည်တွင်းပြည်ပ လူငယ်များစုနဲ့ နာဂစ်ကို ကိုယ်တွေ့ကြုံ လှူဒါန်းခဲ့ရသူများက အကြီးအကျယ်ဒေါသထွက် ရှုတ်ချခဲ့ကြပါတယ်..။

အဲဒီတုန်းက သတင်းစာဆောင်းပါးရေးသားသူ လှိုင်အောင် ဟု ယခု သမ္မတအကြံပေး ဦးကိုကိုလှိုင်ဖြစ်ကြောင်းသိရပြီး ယခု လျှပ်စစ်မီးပြတ်တောက်မှုကို ပြည်သူတွေခံစား ဒုက္ခရောက်နေရချိန်မှာ ဘာမှမဆိုင်တဲ့ ဂျပန်ကို ဥပမာပေးပြီး ..

“ကျွန်တော်တို့ကလည်း ဖယောင်းတိုင်တွေကို ကိုယ့်အိမ်မှာကိုယ်ထွန်းပြီး မီးလေးပိတ်ထားလိုက်ကြပါ။ အားလုံးအဆင်ပြေသွားပါလိမ့်မယ်။" ဆိုတဲ့ ကိုယ်ချင်းမစာ စော်ကားသော စကားကို ပြောခဲ့သဖြင့် ထပ်မံပြီး ပြင်းထန်စွာ ရှုတ်ချပါကြောင်း...။

By: Yan Aung

0 comments: