အမျိုသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ရှေ့တွင် ယနေ့ နံနက် ၁၁နာရီ ကျော်ခန့်ကမအူပင်မြို့ခံလူငယ်၄၀နီးပါးက မေတ္တာရပ်ခံသဘောထားဖော်ထုတ် တောင်းဆိုမှု တစ်ခုပြုလုပ်ခဲ့ ကြ ကြောင်းသိရသည်။
မအူပင်မြို့ခံပြည်သူအများ၏ ဆန္ဒသဘောထားအား ကိုယ်စားပြု၍ ယင်းလူငယ် ၄၀ ခန့်သည် မအူပင် မြို့မှရန်ကုန်မြို့တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ရှေ့သို့ ကားသုံးစီးဖြင့် လာရောက် ခဲ့ခြင်းဖြစ်ပြီးမိမိတို့မေတ္တာရပ်ခံလိုသည့်ကိစ္စရပ်ကိုပြောကြားခဲ့ခြင်း
ဖြစ်ကြောင်းသိရသည်။မေတ္တာရပ်ခံတောင်းဆိုသည့်အဓိကအကြောင်းရင်းမှာဒေါ်အောင်ဆန်းစုကြည်အား မအူပင်မြို့သို့ လာရောက်စေလိုခြင်းကိစ္စ ရပ် ဖြစ် ကြောင်းသိရသည်။
“အမေ့အနေနဲ့အခုအချိန်မှာခရီးတွေထွက်ရလို့ပင်ပန်းနေတယ်ဆိုတာသိပါတယ်သို့ပင်သို့ငြားသော်လည်း ကျွန်တော်တို့မအူပင်မြို့သူမြို့သားတွေက အမေ့ကိုခဏလောက်ဖြစ်ဖြစ်လာစေချင်တယ်။ ကျွန် တော်တို့လူငယ်တွေကလည်းအမေ့ကိုကြိုချင်ကြတယ်။ဒါကြောင့်ကျွန်တော်တို့အမေ့ကိုလာပြီး မေတ္တာ
ရပ်ခံ တာပါ”ဟုဒေါ်အောင်ဆန်းစုကြည်နေအိမ်ခြံရှေ့လာရောက်ခဲ့သည့်မအူပင်မြို့ခံလူငယ်တစ်ဦးဖြစ်သည့် ကို စည်သူ ကပြောသည်။
ဒေသတွင်း အခြေအနေများကြောင့် ဒေါ်အောင်ဆန်းစုကြည်အားမအူပင်မြို့သို့အောင်နိုင်ရေး
ခရီးစဉ်လာရောက်စေလိုခြင်းဖြစ်ကြောင်းသိရသည်ယင်းကိစ္စရပ်နှင့်ပတ်သက်၍ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအနီးကပ်တာဝန်ယူထားသည့်ကိုကျော်ဆန်းအား ပေါ်ပြူလာနယူးစ်ဂျာနယ်မှ မေးမြန်းကြည့်ရာ
လောလောဆယ်တွင် ဒေါ်အောင်ဆန်းစုကြည်မှာ ခရီးစဉ်ပြည့်နေသောကြောင့်မအူပင်သို့သွားရောက်ရန်မှာမဖြစ်နိုင်သေးကြောင်းပြောကြားခဲ့သည်။
ယင်းကိစ္စရပ်အားပြေလည်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင်ဖြေရှင်းလျှက်ရှိကြောင်းသိရသည်။
0 comments:
Post a Comment