စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, March 14, 2012

Voice ကို တရားစွဲမယ် တဲ့


(မုံရွာကြေးနီစီမံကိန်းပြ မြေပုံ။ ဒီစီမံကိန်းမှာ ပတ်သက်တဲ့ နိုင်ငံခြားကုမ္ပဏီက အိုင်ဗင်ဟိုး ဖြစ်ပါတယ်)

သတ္တုတွင်းဝန်ကြီးဌာနက The Voice Weekly ဂျာနယ်ကို တရားစွဲမယ် တဲ့။ ဒီနေ့ မြန်မာ့အလင်းကြေးမုံ သတင်းစာများမှာ ရေးထားပါတယ်။

မတ်လ ၁၂ ရက်နေ့ထုတ် The Voice Weekly မှာ သူတို့ဌာနအကြောင်း မမှန်မကန် ရေးသားဖော်ပြခဲ့လို့ ဂျာနယ် ထုတ်သူ၊ သတင်းရေးသူတို့ကို ကွိုင်ရှာမယ်လို့ ဆိုတယ်။ သူတို့ဌာန ဂုဏ်သိက္ခာကို ထိခိုက်စေတယ် တဲ့။ ဂျာနယ်မှာတော့ သတင်းရေးသူအမည် ဖော်ပြမထားပါ။ ဂျာနယ်ထုတ်ဝေသူ အမည်မှာတော့ "Publisher - Daw Khin Kywe Oo (4099)" လို့ ဖော်ပြထားပါတယ်။

The Voice Weekly ဂျာနယ်က ဘာများ ရေးထားလို့လဲ။

ပြည်ထောင်စုစာရင်းစစ်ချုပ်က ပြည်သူ့လွှတ်တော် ငွေစာရင်းကော်မတီကို ပို့တဲ့ အစီရင်ခံစာမှာ ဝန်ကြီးဌာန ၅ ခုရဲ့ ငွေကြေး အရှုပ်တော်ပုံအကြောင်း ပါဝင်တယ် တဲ့။

ပြန်ကြားရေးဝန်ကြီးဌာန၊
သတ္တုတွင်းဝန်ကြီးဌာန၊
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊
အမှတ် (၁) စက်မှု ဝန်ကြီးဌာန၊
အမှတ် (၂) စက်မှု ဝန်ကြီးဌာန တွေ ဖြစ်တယ်လို့ "ရန်ကုန်တိုင်း ဒေသကြီးမှ ရွေးချယ်တင်မြှောက်ခံရသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦး" ကို ကိုးကားပြီး ရေးထားပါတယ်။

သတ္တုတွင်းဝန်ကြီးဌာနရဲ့ ငွေအရှုပ်အရှင်းကိစ္စကတော့ မုံရွာကြေးနီစီမံကိန်းနဲ့ သက်ဆိုင်ပါတယ် တဲ့။
မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်ကို စီမံကိန်းရဲ့ ရှယ်ယာ ၅ဝ % ရောင်းတယ်။ ဒါပေမယ့် "ဦးပိုင်လီမိတက်ကပေးချေရမည့်အစား နိုင်ငံခြားကုမ္ပဏီတစ်ခုကပေးချေခဲ့" တယ် ဆိုပြီး "ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦး" က ရှင်းပြတယ် တဲ့။

မတ်လ ၁၂ ရက်နေ့ထုတ် The Voice Weekly မှာ ဖော်ပြခဲ့တဲ့ သတင်းအပြည့်အစုံ လင့် - https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilr8KjH2GOaHHqqPFPEdTshN4eyYH1cujWGeNK_uB-qr0ym0sx_CrLfvjC6UyVQ411e2UzVwWeZ8uFXtC8vjFPPY704prhyHykH5nxxCFRJP1RVAGGlS_MkptIjbcIhyphenhyphensf7-LX0R1ZwQ71/s1600/0voice.jpg

0 comments: