စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Saturday, March 31, 2012

နေပြည်တော်ကောင်စီနယ်မြေ ဇဗ္မူသီရိမြို့နယ်ရှိ စည်ပင်ဧည့်ရိပ်သာမှ နိုင်ငံရေးသမားများ တည်းခိုခွင့် မပြုနိုင်ကြောင်းပြောဆို


နေပြည်တော်ကောင်စီနယ်မြေ ဇဗ္မူသီရိမြို့နယ်ရှိ စည်ပင်ဧည့်ရိပ်သာတွင်တည်းခိုလျှက်ရှိသော မိုးကုပ်မြို့မှ NLD ထောက်ခံသူ ၁၈ဦးအား ဧည့်ရိပ်သာတာဝန်ရှိသူက နိုင်ငံရေးသမားများ တည်းခိုခွင့် မပြုနိုင်ကြောင်းပြောဆိုကာ ည၁၀နာရီခွဲအချိန်၌ အခြားတည်းခိုခန်းသို့ပြောင်းရွှေ့စေခဲ့သည်ဟု သိရသည်။

အထက်ပါ NLD ထောက်ခံသူ ၁၈ ဦးသည် စည်ပင်ဧည့်ရိပ်သာသို့ မတ်လ ၂၇ ရက်နေ့ညနေတွင်ရောက်ရှခဲ့ပြီး တစ်ညတည်းခိုကာ ၂၈ ရက်နေ့ည ၁၀နာရီခွဲအချိန်တ...ွင် ပြောင်းရွှေ့ စေခြင်းခံခဲ့ရခြင်းဖြစ်သည်။

၎င်း ၁၈ဦးသည် နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ်တွင်ယှဉ်ပြိုင်မည့် NLD ကိုယ်စားလှယ်လောင်း ဦးမင်းသူ၏ မိတ်ဆွေများဖြစ်သကဲ့သို့ ဦးမင်းသူ၏ မဲဆွယ်စည်းရုံးပွဲများတွင် အင်အားဖြည့်ကူညီရန် ရောက်ရှိလာခြင်းဖြစ်သည်ဟုသိရှိရသည်။
" ကိုယ့်အနေနဲ့ ဧည့်ရိပ်သာကတာဝန်ရှိသူကို ဖုန်းဆက်ပြောတယ်။ အချိန်ကလဲည ၁၀ နာရီခွဲဖြစ်နေတော့ လူမှုရေး ရှု့ထောင်ကကြည့်ပြီး တစ်ညတော့ တည်းခိုခွင့်ပေးပါလို့ တောင်းဆိုလိုက်တယ်။ အဲ့ဒီ တာဝန်ရှိသူက အထက်က ညွှန်ကြားထားလို့ မထားရဲဘူးလို့ပြန်ဖြေတယ်။ အစ်ကိုက အထက်ကဘာညွှန်ကြားထားလဲလို့မေးတော့ နိုင်ငံရေးသမားတွေ တည်းခွင့်မပြုဘူးလို့ပြန်ဖြေခဲ့တယ်။ အဲ့ဒီ ဧည့်ရိပ်သာထဲမှာ တည်းခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေးပါတီလှုပ်ရှားသူတွေက ရာနိုင်ငံရေးသမားတွေမဟုတ်ဘူးလားလို့ မေးကြည့်တယ်။ တစ်ညတော့ တည်းခိုခွင့်ပြုပါလို့ ထပ်ပြီးတောင်းဆိုခဲ့တယ်။ သူက နိုင်ငံရေးသမားတွေတည်းမယ်ဆိုရင် ကြိုပြီးခွင်ပြုချက်ယူရတယ် ဒါကြောင့်ခုချက်ခြင်း ခွင့်ပြုလို့ မရပါဘူးလို့ပြန်ပြောခဲ့တယ်။" ဟု ဇဗ္မူသီရိမြို့နယ် NLD ရွေးကောက်ပွဲအောင်နိုင်ရေးတာဝန်ခံ ဦးစိုင်းဝင်းနိုင်ဦး
ကဆိုသည်။

၎င်း ၁၈ဦး သည် ၂၈ ရက်နေ့ည ၁၀ နာရီခွဲအချိန် စည်ပင် ဧည့်ရိပ်သာမှ ပြောင်းရွှေ့ခဲ့ရပြီး အထက်ပါ ဦးစိုင်းဝင်းနိုင်ဦး နေအိမ် ၌တည်းခိုလျှက်ရှိကြောင်း၊ ၄င်းတို့သည် ဧပြီလ ၂ရက်နေ့ထိ တည်းခိုမည်ဖြစ်ကြောင်း သိရသည်။

၎င်းကိစ္စနှင့်ဆက်လျှင်း၍ popular News Journal ကစည်ပင်ရိပ်သာသို့ဆက်သွယ်မေးမြန်းရာ " တည်းခိုခွင့်မပြုလိုက်တာမှန်ပါတယ်။ သူတို့တည်းတုန်းကတော့
သာမန်ခရီးသွားတွေလို့ထင်မိပါတယ်။ ၂၈ ရက်နေ့ရောက်တော့မှ NLD ကလူတွေဖြစ်နေတယ်။ NLD ကလူတွေဖြစ်တာလည်းပြဿနာမရှိပါဘူး။
ဒါပေမယ့် တရားဝင်အသိပေးပြီးတည်းဖို့တော့လိုပါတယ်။ အခုဖြစ်သွားတာက ၂၈ရက်နေ့မှာ NLD စည်းရုံးရေးကားတွေနဲ့ ဧည့်ရိပ်သာအတွင်းဝင်လာပြီး ရပ်သာဝင်းပတ်လမ်းတွေထဲ ကားပါတ်မောင်ကြတယ်။ ဒါမျိုးလုပ်တာကိုတော့ ဘယ်ပါတီကိုမှ ခွင့်ပြုလို့မရပါဘူး။ ဒါကြောင့်နောက်နေ့တွေမှာ အဲ့ဒီလိုလုပ်နေမယ်ဆိုရင်ဆက်တည်းဖို့အတွက် ကျွန်တော်တို့ဘက်က ခွင့်ပြုလို့မရဘူးဆိုတာ ပြောလိုက်တယ်။ စည်ပင်ဧည့်ရိပ်သာမှာ နိုင်ငံရေးသမားတွေ တည်းမယ်ဆိုရင် ကျွန်တော်တို့က
ခွင့်ပြုချက်တောင်းပြီးမှ လက်ခံလို့ရတဲ့စည်းမျဉ်းတွေရှိနေပါတယ်။ ဒီစည်းမျဉ်းတွေဟာလဲ ခုမှ ရုတ်တရက်ပေါ်လာတာတော့မဟုတ်ပါဘူး။
ကျွန်တော်တို့တာဝန်မထမ်းဆောင်ခင်ကတည်းက ရှိနေတဲ့စည်းမျဉ်း စည်းကမ်းတွေပါ။
အခုကျွန်တော်ဒီမှာ တာဝန်ထမ်းဆောင်နေတာ ခုနှစ်လရှိနေပြီဆိုတော့ ဒီစည်းကမ်းထုတ်ထား ခုနှစ်လရဲ့အထက်မှာပဲရှိနေပါတယ်။ ခုလိုတည်းခိုခွင့်မပြုလိုက်တာက အဲ့ဒီစည်းမျဉ်းစည်းကမ်းနဲ့ ငြိစွန်းနေတာရယ်။ ဧည့်ရိပ်သာအတွင်း ပတ်လမ်းထဲမှာ နိုင်ငံရေးပါတီ အလံတင်ကားတွေ လှည့်လည်လို့ဖြစ်ပါတယ် " ဟု ၄င်းဧည့်ရိပ်သာ၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

စွမ်းရဲထွတ် + စံကျော်(Popular Myanmar News Journal)

0 comments: