စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, March 14, 2012

ကြံဖွတ်အောင်နိုင်ရေးလက်ပ်တော့နဲ့ မဲဆွယ်


အငြိမ့်လေးတစ်ခု ကြည့်ဖူးပါတယ် ။ တော်တော်များများလည်း ကြည့်ဖူးကြမှာပါ ။ လူရွှင်တော် တစ်ယောက်မေးထားတာက "မြန်မာနိုင်ငံမှာ မုသာဝါဒ ဖရုသ၀ါစ ညစ်ညမ်း ရုပ်ရင်းကြမ်းတမ်း မဟုတ်မမှန်သော စကားများကို အပြောအများဆုံးနေရာ" ဟာ ဘယ်နေရာလဲတဲ့ ။ အဖြေမှန်ရင် ဆုချမယ်ပေါ့ ။ ၁- ငါးစိမ်းတန်း ၂-ဖဲဝိုင်း ၃-ဘီယာဆိုင် စသဖြင့်ပေါ့ ။ တစ်ယောက်မှမမှန်ပါဘူး ။ အဖြေမှန်က " မြန်မာနိုင်ငံမှာ မုသာဝါဒ ဖရုသ၀ါစ ညစ်ညမ်း ရုပ်ရင်းကြမ်းတမ်း မဟုတ်မမှန်သော စကားများကို အပြောအများဆုံးနေရာ" ဟာ မြန်မာသတင်းစာများ ဖြစ်ပါတယ် ခင်ဗျားတဲ့ ။ အဲ့ဒီ့ ပြက်လုံး ထုတ်ခဲ့တဲ့သူသာ ဒီသတင်းလေးကိုများမြင်ရင် ရယ်စရာလည်း ရေးတတ်ရ်ျ ဘာမှမသိနားမလည်ပဲ မြှောက်ပင့်ပြောဆိုဖို့ တစ်ခုတည်းသာ နားလည်သော စတဲ့ စကားလုံးတွေများ ထပ်တိုးလေဦးမလားလို့ တွေးမိပါတယ် ။


0 comments: