စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Tuesday, March 20, 2012

ဗြဟ္မစိုရ်ခြေလှမ်းများ



နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် ပထမအကြိမ်အဖြစ် မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်ရှိ (ကိုယ်ထူကိုယ်ထ)ပရဟိတအသင်းအဖွဲ့များအတွက် စွမ်းရည်မြှင့်သင်တန်းတစ်ရပ်အား ၁၂.၃.၂၀၁၂ ရက်နေ့မှ ၁၇.၃.၂၀၁၂ ရက်နေ့အထိ (၆) ရက်တိုင်တိုင် သင်ကြားပို့ချမှုများ ပြုလုပ်ခဲ့သည်။ ၁၁.၃.၂၀၁၂ ရက်နေ့တွင် ပရဟိတ-နာရေးကူညီမှုအသင်း (ရွှေတောင်)၊ ကရုဏာရှင်-နာရေး ကူညီမှုအသင်း(ရွှေတောင်)၊ ပဲခူးဆေးခန်း၊ သုခကုသိုလ်ဖြစ်ဆေးခန်း(ပြည်)၊ မြင့်မြတ်ကြယ်စင်-နာရေး ကူညီမှုအသင်း(မင်းလှ)၊ အောင်ဇေယျာဘုန်းတော်ကြီးသင်မူလတန်း (ဒီပဲယင်း)၊ သင်္ဂဟ-နာရေးကူညီမှု အသင်း(မုံရွာ)၊ ဗြဟ္မစိုရ်-နာရေးကူညီမှုအသင်း(ညောင်စာရေး)၊ ဓမ္မပါလ နာရေးကူညီမှုအသင်း (လပွတ္တ လုပ်)၊ ယသစရိယ-လူမှုကူညီရေးအသင်း(ချောင်းဦး)၊ ငြိမ်းချမ်းရေး- နာရေးကူညီမှုအသင်း(သာယာဝတီ) စသည့် နယ်အသင်းအဖွဲ့ (၁၁) ဖွဲ့တို့သည် နေ့လည် (၂း၀၀) နာရီအချိန်တွင် အသီးသီးရောက်ရှိလာခဲ့ ကြကာ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ နယ်အသင်းအဖွဲ့များအတွက် ပြင်ဆင်ထားရှိသည့် အခန်းဆောင် များ၌ အနားယူခဲ့ကြပြီး ည (၆း၃၀) နာရီတွင် သုခအာဟာရ စားသောက်ဆိုင်မှ ညစာအဖြစ် စားသောက်ခဲ့ ကြသည်။




ရန်ကုန်မြို့ရှိ အသင်းအဖွဲ့များဖြစ်သည့် သံဝေဂ-နာရေးကူညီမှုအသင်း(ဝေဘာဂီ)၊ ပုညကာရီ (အခမဲ့) နာရေးကူညီမှုအသင်း(မင်္ဂလာဒုံ)၊ နှောင်ကြိုးမဲ့-နာရေးကူညီမှုအသင်း(မှော်ဘီ)၊ H.C.H.P (အနောက်ကျီစု)၊ နာရေးကူညီမှုအသင်း(လှိုင်သာယာ)၊ We Generation Group အသင်းအဖွဲ့ (၆) ဖွဲ့ သည် ၁၂.၃.၂၀၁၂ ရက်နေ့ နံနက် (၇း၃၀) နာရီအချိန်၌ တဖွဲဖွဲရောက်ရှိလာခဲ့ကြပြီး နံနက် (၈း၃၀) နာရီ အချိန်တွင် “မြန်မာနိုင်ငံပရဟိတအသင်းအဖွဲ့များ စွမ်းရည်မြှင့်သင်တန်း” အမှတ်စဉ် ၁/၂၀၁၂ သင်တန်း ဖွင့်လှစ်ခြင်း အခမ်းအနားတွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ၊ ဒု-ဥက္ကဋ္ဌ ဒေါ်သန်းမြင့် အောင်၊ အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်တို့မှ သင်တန်းဖွင့်လှစ်ပို့ချခြင်းနှင့် ပါတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့ကြပြီးနောက် ဦးကျော်သူမှ Activities of F.F.S.S and F.F.S.S Biography၊ ဒေါ်သန်းမြင့်အောင်မှ Aims and Objectives of life၊ ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်မှ Buddhism and Humanism၊ ဒေါ်စီစီမာ မှ Financial Rules၊ ဒေါ်ဧရာမောင်မောင် မှ Production of Organic Shampoo and Liquid soap (စာတွေ့လက်တွေ့)၊ ဒေါ်သီတာ မှ Interpersonal Skills၊ ဦးနေဘုန်းလတ်(Blogger)မှ Computer basic and ICT Knowledge၊ ဦးဖူးကျော်ဇင်(Future Wave)မှ Ledership Skills၊ ဦးကျော်ဇောနိုင် မှ Legal Knowledge and Community Awareness၊ ဦးမန်းသိုက်ထွန်း မှ Human Right၊ ဦးချမ်းသာအောင် မှ Basic Comm- unation Skills၊ ဦးလွင်ကိုလတ် မှ Civil Society စသည့် ဘာသာရပ်များအား သင်တန်းကာလ (၆) ရက် အတွင်း သင်ကြားပို့ချခဲ့ပြီး ညပိုင်းအချိန်၌ Documentary ဇာတ်လမ်းများ ပြသပေးခဲ့သည်။ သင်တန်းသား စုစုပေါင်း (၃၂) ဦးအား သင်တန်းကာလ (စ/ဆုံး) နေ့လည်စာအား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဧည့်ခံကျွေးမွေးခဲ့ပြီး နယ်အသင်းအဖွဲ့ များအတွက် နေထိုင်မှု၊ စားသောက်ရေးနှင့် ကျန်းမာရေးကိစ္စရပ်ကိုလည်း စီစဉ် ဆောင်ရွက်ပေးခဲ့ပါသည်။ ၁၇.၃.၂၀၁၂ ရက်နေ့ နံနက်ပိုင်းတွင် သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပခဲ့ပြီး သင်တန်း တက်ရောက်ခဲ့ကြသော ပရဟိတအသင်းအဖွဲ့ (၁၇) ဖွဲ့မှ သင်တန်းသား/သူ (၃၂) ဦးတို့အား သင်တန်း ဆင်းလက်မှတ်များအား


နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူမှ ချီးမြှင့်ပေးအပ်ခဲ့သည်။ ယင်းနောက် ၁/၂၀၁၂ စွမ်းရည်မြှင့်သင်တန်းမှ သင်တန်းသား/သူများစုပေါင်း၍ နာရေးကူညီမှုအသင်း (ရန်ကုန်)သို့ အလှူငွေ ၁၂၄၀၀၀ိ/- (တစ်သိန်းနှစ်သောင်းလေးထောင်) ကျပ်တိတိအား လှူဒါန်းပေးအပ် ခဲ့သည်။ နေ့လည်ပိုင်းတွင် လေ့လာရေးခရီးစဉ်အဖြစ် ရေဝေးရှိ နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးခွဲနှင့် ရေဝေး သုဿန်ရှိ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ကူညီဖေးမမှု အသီးသီးတို့အား လိုက်လံပြသ ခဲ့ပြီးသည့်နောက် လူမှုရေးလုပ်ငန်းအား မျိုးစေ့ချပေးခဲ့သော ကျေးဇူးရှင် ဘဘဦးသုခ၏ အုတ်ဂူအား သွားရောက်၍ ဂါရဝပြုကြကာ မရမ်းကုန်းမြို့နယ်ရှိ သီရိမင်္ဂလာကမ္ဘာအေးစေတီတော်သို့ လိုက်လံပို့ဆောင် ပေးခဲ့သည်။ ည (၆း၀၀) နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ရာသက်ပန်အသင်းသား ဖြစ်ကြသည့် ကိုရဲလွင် (မဇ္ဈိမလှိုင်း)၊ ကိုဆောင်းဦးလှိုင်တို့နှင့်အတူ ကိုသားထွေးမှလည်း ပရဟိတလူမှုရေး စိတ်ခွန်အားများ တိုးတက်မြှင့်မားလာစေရန်ရည်ရွယ်၍ လူမှုရေးသီချင်းများအား သီဆိုဖျော်ဖြေ ဂုဏ်ပြုခဲ့ ကြပြီး သင်တန်းသား/သူများနှင့်အတူ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ Group Song ဖြစ်သည့် “ခွဲမရတဲ့ တွဲလက်များ” သီချင်းအား သံပြိုင်သီဆိုကြပြီးနောက် အမှတ်တရဓါတ်ပုံများ ရိုက်ကူးခဲ့ကြကာ ပရဟိတ အသင်းအဖွဲ့များ စွမ်းရည်မြှင့်သင်တန်း ၁/၂၀၁၂ အခမ်းအနားအား အောင်မြင်စွာပြီးဆုံးခဲ့ပါသည်။




၁၈.၃.၂၀၁၂ နံနက် (၅း၀၀) နာရီအချိန်တွင် လေးဆူဓါတ်ပုံရွှေတိဂုံစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြပြီး နံနက် (၉း၀၀) နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ မိမိတို့ နေရပ် ဋ္ဌာနအသီးသီးသို့ တက်ကြွသောခြေလှမ်း ဖေးမမည့်နှလုံးသား ပံ့ပိုးမည့်လက်အစုံတို့ဖြင့် မြန်မာပြည် အရပ် ရပ်ရှိ မိမိတို့၏ ဇာတိချက်မြုတ်ရာ
နေရာဋ္ဌာနအသီးသီးတို့ ဗြဟ္မစိုရ်ခြေလှမ်းများဖြင့် ပြန်လည်ထွက်ခွာ သွားခဲ့သည်။ ရှေ့အနာဂတ်တွင် နိုင်ငံတော်မှ တရားဝင်ချမှတ်ပေးလိုက်ပြီဖြစ်သော နာရေးကူညီမှုအသင်း (ရန်ကုန်)အနေဖြင့် ပြည်သူ/သားများအကျိုး နိုင်ငံ့အကျိုးတို့အတွက် ရဲရဲဝံ့ဝံ့လူမှုရေးလုပ်ငန်းများကို လုပ်ဆောင်ဖေးမကူညီနိုင်ပြီဖြစ်သလို မြန်မာအရပ်ရပ်ဒေသအသီးသီးမှ
လူမှုရေးအသင်းအဖွဲ့များ လူမှုရေးသမားများအား လက်တွဲခေါ်ယူပံ့ပိုးကူညီမှုများကို အင်တိုက်အားတိုက် စနစ်တကျ တိုးချဲ့လုပ်ကိုင် ပေးဆပ်သွားတော့မည်ဖြစ်သည်။

Kyaw Thu

0 comments: