စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Saturday, March 17, 2012

ဒေါ်အောင်ဆန်းစုကြည် ရှမ်းပြည် (မြောက်ပိုင်း) ခရီးစဉ်

ဓာတ်ပုံ- ဂျေမောင်မောင်(အမရပူရ)
လားရှိုးလေဆိပ်မှ မြို့တွင်းသို့ ၀င်ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်အား မြို့ခံများက သောင်းသောင်းဖျဖျကြိုဆိုနေကြစဉ်။
ဒေါ်အောင်ဆန်းစုကြည်ကို လားရိုးမြို့ခံများက ရှမ်းအက များဖြင့် ကြိုဆို ဓာတ်ပုံ ဆိုင်းဆွတ်

ဝ တိုင်းရင်းသားများလည်း လာရောက်ကြိုဆိုနေကြပုံ



ယနေ့နံနက် ရန်ကုန်မြို့မှ ထွက်ခွာလာသည့် ဒေါ်အောင်ဆန်းစုကြည် စီးနင်းလာသည့် လေယာဉ် လားရှိုးမြို့ လားရှိုးလေယာဉ်ကွင်းသို့ မွန်းတည့် ၁၂နာရီခန့်က ဆိုက်ရောက်လာပါသည်။
...
မွန်းတည့် ၁၂ နာရီခွဲအချိန်တွင် လေဆိပ်ထဲမှ ထွက်လာပြီဖြစ်၍ ပုသိမ်ထီး အပြာရောင် ဆောင်းကာ အကျီင်္အပြာရောင်ဝတ်ဆင်ထားသည်ကိုတွေ့ရသည်ဟု YPI သတင်းထောက်က သတင်းပေးပို့သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သည် လားရှိုးလေဆိပ်မှ လားရှိုးတက္ကသိုလ်ရှေ့ရှိ ခေတ္တနားနေမည့် ဦးသန်းဋ္ဌေး နေအိမ်သို့ သွားရောက်ခေတ္တနားနေပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ညနေသုံးနာရီတွင် လားရှိုးမြို့၊ ရန်တိုင်းအောင်ဘုရားကြီး ကွင်းသို့ ၀င်ရောက်လာပြီး လူထုအား စတင်ဟောပြောနေပြီဖြစ်သည်။ လားရှိုးတက္ကသိုလ်ရှေ့မှ ကွင်းအထိ သူမနောက်သို့ လိုက်ပါလာကြသော လူထုမှာ သုံးသောင်းခန့်ရှိပြီး ကွင်းအတွင်းစောင့်ဆိုင်းနေကြသည့်လူထုမှာ ငါးသောင်းခန့်ရှိသည်။
““ဟောပြောပွဲတွေ သွားခဲ့တဲ့တစ်လျှောက် ဒီလောက်လှတဲ့မြင်ကွင်းမျိုးတစ်ခါမှ မကြုံဖူး သေးဘူး””ဟု ဒေါ်အောင်ဆန်းစုကြည်က လူထုကို စတင်မိတ်ဆက်လိုက်သည်။

ဓာတ်ပုံ- ဥက္ကာကိုကို

ဒေါ်အောင်ဆန်းစုကြည် က လားရိုးမဲဆန္ဒနယ်ကိုယ်စားလှယ်လောင်း ဦးစိုင်းမြင့်မောင်နှင့် ၉၀ ရွေးကောက်ပွဲ ကိုယ်စားလှယ်ဟောင်း ဦးသန်းဌေး အား လူထုနှင့် မိတ်ဆက်ပေးနေစဉ် ။ ဓာတ်ပုံ ဆိုင်းဆွတ်

ဒေါ်အောင်ဆန်းစုကြည် လူထုဟောပြောပွဲပြုလုပ်နေသည့် လားရှိုးမြို့၊ ရန်တိုင်းအောင် ဘုရားကြီးကွင်းပြင်ရှိ လူထုအား ယခုတွေ့ရစဉ်။
ဓာတ်ပုံ-ဥက္ကာကိုကို

0 comments: